နေ့တိုင်း တန်ချိန် ၃၀၀ သည် စျေးဝင်၍ မူဆွေဟွာ တောမှိုရောင်းဝယ်ရေးစင်တာသည် တောမှိုရောင်းချရေး အများဆုံးချိန်ကို ကြိုဆိုလာ
2023-07-25 17:54|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယူနန် မူဆွေဟွာ တောမှိုရောင်းဝယ်ရေးစင်တာသည် တောမှိုရောင်းချရေး အများဆုံးချိန်ကို ကြိုဆိုလာပြီဖြစ်၍ နေ့တိုင်း တောမှို တန်ချိန် ၃၀၀ ခန့်သည် စျေးကို ဝင်ရောက်ခဲ့သည် ဟု ဇူလိုင်လ ၂၀ ရက်နေ့တွင် ယူနန် မူဆွေဟွာ တောမှိုရောင်းဝယ်ရေးစင်တာမှ သိရှိရခဲ့သည်။
နှစ်တိုင်း တရုတ်ပြက္ခဒိန် ၆ လပိုင်းနှင့် ၇ လပိုင်းတို့တွင် မိုးရာသီ ရောက်လာသည် နှင့်အမျှ လေသည် စိုစွတ်လာခြင်းနှင့် အပူချိန်သည် မြင့်တက်လာခြင်း စသည့် သဘာဝအကြောင်းရင်းများကြောင့် တောမှိုများသည် လျင်မြန်စွာ ကြီးထွားလာသည့် အချိန်ကာလသို့ စတင်ဝင်ရောက် လျက်ရှိကြသည်။ တရုတ်ပြည်တွင်း အကြီးဆုံးသော တောမှိုရောင်းဝယ်ရေးစျေး ဖြစ်သည့် ယူနန် မူဆွေဟွာ တောမှိုရောင်းဝယ်ရေးစင်တာ၌ ရောင်းဝယ်ရေး အကောင်းဆုံးသော အချိန်ကာလဖြစ်နေ၍ နေ့တိုင်း တစ်နိုင်ငံလုံး နေရာအသီးသီး မှလာသည့် ကုန်ကူသမားများသည် ဤနေရာ၌ ရောင်းဝယ်ရေး ပြုလုပ် လျက်ရှိကြသည်။
လက်ရှိတွင် ယူနန် မူဆွေဟွာ တောမှိုရောင်းဝယ်ရေးစင်တာ၌ Russula virescens ၏ ရောင်းစျေးသည် တစ်ကီလိုဂရမ် အယွမ် ၈၀ မှ အယွမ် ၂၆၀ အထိ၊ Boletus luridus ၏ ရောင်းစျေးသည် တစ်ကီလိုဂရမ် အယွမ် ၁၆၀ မှ အယွမ် ၄၀၀ အထိ၊ Termitornyces albuminosus(Berk)Heim ၏ ရောင်းစျေးသည် တစ်ကီလိုဂရမ် အယွမ် ၁၂၀ မှ အယွမ် ၅၀၀ အထိ၊ Thelephora ganbajun Zang ၏ ရောင်းစျေးသည် တစ်ကီလိုဂရမ် အယွမ် ၂၀၀ မှ အယွမ် ၁၈၀၀ အထိ၊ Tricholoma matsutake (lto et lmai) Singer ၏ ရောင်းစျေးသည် တစ်ကီလိုဂရမ် အယွမ် ၄၀၀ မှ အယွမ် ၁၈၀၀ အထိ ဖြစ်သည်။ ဇွန်လနှင့်နှိုင်းယှဉ်လျှင် တောမှိုများ၏ စျေးနှိုန်းသည် ကျဆင်းလာခဲ့သည် ဖြစ်သည်။
တောမှိုများကို ဝယ်ယူသည့် စားသုံးသူ ပိုများလာသည် နှင့်အမျှ ယူနန် မူဆွေဟွာ တောမှိုရောင်းဝယ်ရေးစင်တာသည် EMS၊ S.F. Express စသည့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေး ကုမ္ပဏီများကို အခြေချရန် ဆွဲဆောင်လာခဲ့သည်။ ယူနန် မူဆွေဟွာ တောမှိုရောင်းဝယ်ရေးစင်တာ၏ ထင်ရှားကျော်ကြားမှုကို အားကျမိပြီး လာရောက်သည့် တောမှိုနှစ်သက်သူလည်း အများအပြားရှိကြ၍ အချို့သည် Douyin နှင့် Kuaishou စသည့် ဗီဒီယိုတို ပလက်ဖောင်းများဖြင့် ယူနန့်တောမှိုများကို အကြံပြုပေးကြသည်လည်း ရှိကြသည်။
ထို့ပြင်၊ Truffle များကို စျေးတွင် စတင်ရောင်းချချိန် မရောက်သေးသောကြောင့် Truffle များကို နှစ်သက်သည့် စားသုံးသူများသည် ခဏစောင့်ရန် လိုသေးသည်ဖြစ်သည်။
昆明信息港讯(昆明日报 全媒体记者杨官荣)7月20日,来自云南木水花野生菌交易中心的信息显示,云南木水花野生菌市场已迎来野生菌上市旺季,每天上市量约300吨。
每年农历六月份和七月份,伴随着雨季来临,空气潮湿以及气温升高等自然因素,野生菌开始进入生长旺季。在国内最大的野生菌交易市场—云南木水花野生菌市场,正值“黄金时段”,每天有来自全国各地的客商在这里进行交易。
目前,云南木水花野生菌市场青头菌售价为80元/千克至260元/千克,见手青售价160元/千克至400元/千克,鸡枞菌售价120元/千克至500元/千克,干巴菌售价200元/千克至1800元/千克,松茸售价400元/千克至1800元/千克。与上月相比,野生菌价格已有所下调。
随着购买野生菌的消费者越来越多,云南木水花野生菌市场引来了邮政、顺丰等快递企业入驻。也有不少野生菌爱好者慕名到云南木水花野生菌市场打卡,有的还通过抖音、快手等短视频平台推荐云南野生菌。
此外,还不到松露上市的季节,喜欢松露的消费者,还需要再等一段时间。
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ