အန်နင်မြို့ လုပြောင်လမ်း အဋ္ဌမအကြိမ်မြောက် စပျစ်သီး ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲကို စတင်ကျင်းပခဲ့

2023-07-24 16:55|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်စပျစ်သီး ရင့်မှည့်သည့် ရာသီချိန် ပြန်ရောက်လာပြီ။ ဇူလိုင်လ ၂၂ ရက်နေ့မှ ၃၀ ရက်နေ့အထိ၊ အန်နင်မြို့ လုပြောင်လမ်း အဋ္ဌမအကြိမ်မြောက် စပျစ်သီး ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲကို လုပြောင်လမ်း အိုက်ကျားယင် ကျေးရွာကော်မတီ၌ ကျင်းပမည်။ ဤအချိန်ကာလတွင် လတ်ဆတ်သော ဒေသခံ စပျစ်သီး အမျိုး ၂၀ ကျော်ကို မြည်းကြည့်နိုင်ပြီး ကျေးလက်တောရွာရှိ ရှုခင်းများကို လည်ပတ်ကြည့်ရှုနိုင် သည့်အပြင် "အကြီးဆုံးသော စပျစ်သီး အကဲဖြတ်ရွေးချယ်ခြင်း"၊ "နောက်ကျိသောရေထဲတွင် ငါးဖမ်းခြင်း၊ လက်ဖြင့် ဘဲကောင်ဖမ်းခြင်း" စသည့် အပြန်အလှန်ဖလှယ်ရေး လှုပ်ရှားမှုများကိုလည်း ပါဝင်နိုင်ကာ မြည်းကြည့်နိုင်သော၊ လည်ပတ်ကြည့်ရှုနိုင်သော၊ ကစားနိုင်သော ပျော်ပွဲရွှင်ပွဲတစ်ကြိမ်သည် ကျရောက်လာတော့မည်။

1462172_2048x2048

အိုက်ကျားယင်ကျေးရွာ၌ စိုက်ပျိုးထားသည့် စပျစ်သီးသည် အမှည့်စောခြင်း၊ အမှည့်မစောမနှောင်း အမှည့်နှောင်းခြင်း စီးရီး ၃ ခုရှိပြီး အမျိုးပေါင်း ၂၀ ကျော်ရှိ၍ စိုက်ပျိုးရေး အကျယ်အဝန်း အမို ၂ ထောင်ရှိကာ ၄င်းသည် ကူမင်းမြို့၏ "စပျစ်သီး၏ ဇာတိ"အဖြစ် ချီးကျူးခံလျက်ရှိသည်။ အနှစ် ၂၀ အတွင်း အိုက်ကျားယင်ကျေးရွာ၏ တစ်ဦးချင်း ဝင်ငွေသည် ၂၀၀၀ ပြည့်နှစ်တွင် အယွမ် ၂၃၆၀မှ ၂၀၂၁ ခုနှစ်တွင် အယွမ် ၁၉၈၆၀ အထိ တိုးလာခဲ့၍ စပျစ်သီးကလေးသည် ရွာသူရွာသားများကို ချမ်းသာကြွယ်ဝစေသည့် "စပျစ်သီးရွှေ" ဖြစ်လာခဲ့သည်။

1462173_2048x2048

စပျစ်သီးပွဲအတွင်း ခရီးသည်များသည် သတ်မှတ်ထားသည့် စပျစ်ခြံများထဲသို့ ဆွတ်ခူးသည့် ပျော်ရွှင်မှုများကို ခံစားသွား နိုင်ကြသည်။ ထို့ပြင်၊ ကစားလာသည့် ခရီးသည်များသည်လည်း "အကြီးဆုံးသော စပျစ်သီး အကဲဖြတ်ရွေးချယ်ခြင်း" ဟူသော အသီးထွက်များရာသီ လှုပ်ရှားမှုထဲတွင် ဤနှစ် အိုက်ကျားယင်ကျေးရွာရှိ "အကြီးဆုံးသော စပျစ်သီး"၏ ထွက်ပေါ်လာခြင်းကို ကြည့်နိုင်သည်။ အကြံကုန် ဉာဏ်ကုန် တည်ဆောက်ထားသည့် ရှုခင်းသာရပ်ကွက် အများအပြားလည်း ခရီးသည်များကို ဓာတ်ပုံရိုက်စေပြီး လည်ပတ်ကြည့်ရှုနိုင်ကြသည်။

1462174_2048x2048

ဇူလိုင်လ ၂၂ ရက်နေ့နှင့် ၂၃ ရက်နေ့တို့သည် ဤအကြိမ် စပျစ်သီး ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးပွဲ၏ အဓိက လှုပ်ရှားမှု ကျင်းပရက် ဖြစ်၍ နေ့တိုင်း မနက်ပိုင်းနှင့် ညနေပိုင်းတို့တွင် အနှစ်သာရနှင့် ပြည့်စုံသော ယဉ်ကျေးမှုအနုပညာ တင်ဆက်ပြသပွဲကို ကျင်းပမည်။ ဤအချိန်ကာလအတွင်း ဖွဲ့စည်းရေးကော်မတီသည် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု အဖော်ဖြစ်သည့် "ZTO EXPRESS"၊ "YTO.Express" တို့နှင့် ခရီးသည်များ ဝယ်ယူသည့် စပျစ်သီးများဆိုင်ရာ အခမဲ့ အအေးခန်းပို့ဆောင်ရေးကို ပြုလုပ်မည်ဖြစ်၍ ထိုအခါရောက်လျှင် ချောင်ကျဝေးလံသော ဒေသများ မှလွဲ၍ ခရီးသည်များအတွက် စပျစ်သီးများကို အခမဲ့ အအေးခန်းပို့ဆောင်မည် ဖြစ်သည်။ ပွဲတစ်ခုလုံးအတွင်း လုပြောင်လမ်းရှိ ကျေးလက်စားသောက်ဆိုင် အများအပြားသည် ခရီးသည်များ မြည့်ကြည့်နိုင်ရန် တောမှိုအစားအစာ အမျိုးမျိုး၊ ဆိတ်သားစွပ်ပြုတ်ဟင်းချိုနှင့် လက်လုပ်စပျစ်အရက် စသည့် ဒေသခံ ထူးခြားချက်ရှိသော အစားအစာများနှင့် ဟင်းလျာများကို တင်ပြရောင်းချမည်။

1462175_2048x2048

昆明信息港讯 记者杨雁 又到了葡萄飘香的时节。7月22日至7月30日,安宁市禄脿街道第八届葡萄文化旅游节在禄脿街道艾家营村委会举办。届时,除能够品尝当地20余个品种的鲜食葡萄,游览田园风光外,还有“葡萄大王评比”“浑水摸鱼、徒手抓活鸭”等互动活动,一场能品、能游、能玩的狂欢即将来袭。

1462172_2048x2048

艾家营村种植的葡萄有早、中、晚熟三个品系,共计20余个品种,种植面积达2000亩,被誉为昆明的“葡萄之乡”。20年间,艾家营村人均收入从2000年的2360元提升到2021年的19860元,小葡萄成为带动村民致富的“金葡萄”。

1462173_2048x2048

葡萄节期间,游客可以到指定的葡萄园中享受采摘的乐趣。同时,前来玩耍的游客还可在丰收季“葡萄大王评比”活动中,见证本年度艾家营村“葡萄大王”的诞生……还有许多精心设置的景点可供游客拍照打卡。

1462174_2048x2048

7月22日、23日为本届葡萄文化旅游节的主活动日,每天上午和下午将举行精彩纷呈的文艺展演活动。期间,组委会将与战略合作伙伴“中通快递”“圆通快递”联合开展游客所购葡萄快递冷链免费寄送活动,届时除了偏远地区之外,将为广大游客免快递费冷链寄送葡萄。整个节日期间,禄脿街道多家“农家乐”将推出黄焖野生菌、野生菌全席、正宗羊汤锅、纯手工自酿葡萄酒等地方特色美食和土著菜系供游客品尝。(供图:天天)

1462175_2048x2048


အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်