ကူမင်းမြို့ရှိ တောရိုင်းမှိုဝယ်ယူရေး လမ်းညွှန်များကို ထုတ်ပြန်ပြီး အောက်ပါဖော်ပြတဲ့ နေရာတွေသွားပါ
2023-07-19 09:48|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) တစ်နေ့မှာ တောရိုင်းမှို အဆုပ် ၃၀၀ စားနိုင်ရင် ယူနန်လူမျိုး အမြဲတမ်းဖြစ်ချင်ပါတယ်။ မိုးကြီးတွေနဲ့အတူ ယူနန်ပြည်နယ်ရဲ့ မြေကြီးပေါ်ရှိ တောရိုင်းမှိုတွေက မြေအောက်ကနေ တိတ်တိတ်ဆိတ်ဆိတ် ထွက်လာပြီဖြစ်ပြီး ၄င်းတို့ရဲ့ "အရသာရှိ" ခရီးစဉ်ကို စတင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။
တောင်တက်ပြီး မှိုကောက်ခြင်း၊ စျေးသွားပြီး မှိုဝယ်ခြင်းနဲ့ စားသောက်ဆိုင်မှာ မှိုစားခြင်းတွေက ယူနန်ပြည်နယ်မှာ နွေရာသီထဲက လုပ်စရာ သုံးခုဖြစ်ပြီး အနည်းဆုံး တစ်ခုလုပ်ရင် ဒီနှစ်က အလကားမဟုတ်ဘူး။ ဘယ်ဈေးကွက်မှာ ပိုကောင်းတဲ့၊ ပိုများတဲ့ တောရိုင်းမှိုတွေရှိသလဲ ဆိုရင်၊ တောရိုင်းမှိုဝယ်ဖို့ "အားမာန်ပြည့်ဝခြင်း" လိုသေးလား ဆိုရင်၊ အယ်ဒီတာကို လိုက်ကြည့်ရအောင်။
တောရိုင်းမှိုဝယ်ဈေးတွေ
မူဆွေဟွာတောရိုင်းမှိုစျေး
အများအစားများ၊ အရည်အသွေးကောင်း၊ သွားလာရေးအဆင်ပြေ၊ တောရိုင်းမှိုဝယ်ဖို့ ပထမဆုံးရွေးချယ်မှု ဖြစ်ပါတယ်။
လိပ်စာ- အမှတ် ၈၊ ဖူဖာလမ်း၊ ဖူတယ်ရွာ
အဲဒါဟာ ယူနန်မှာ အကြီးဆုံး တောရိုင်းမှိုရောင်းဝယ်ရေး စျေးကွက်ဖြစ်ပြီး ဒီနေရာမှာ စျေးသည် များများရှိပြီး အမျိုးအစား စုံလင်စွာရှိလို့ မှိုဝယ်ဖို့ အကောင်းဆုံးရွေးချယ်မှု ဖြစ်ပါတယ်။ အခြေခံအားဖြင့်၊ ကူမင်းလူတွေက စားတတ်တဲ့မှိုတွေကို ဒီနေရာမှာ တွေ့နိုင်ပါတယ်။
ကျွမ့်ရှင်းလယ်ယာထွက်ကုန်ဈေး
အမျိုးအစားစုံလင်ခြင်း၊ တစ်နေရာတည်းမှာ ပစ္စည်းစလုံး ဝယ်နိုင်ခြင်း၊ သွားလာရေးအဆင်ပြေခြင်း၊ ဒါပေမဲ့ စျေးနှုန်းက နည်းနည်းကြီးပါတယ်
လိပ်စာ- ရှင်းဝေလမ်း အမှတ်၂၇၀ အနီး
ကျွမ့်ရှင်းလယ်ယာထွက်ကုန်ဈေးဟာ ကူမင်းမှာ အကြီးဆုံးနဲ့ အပြည့်စုံဆုံး လယ်ယာထွက်ကုန်ဈေးဖြစ်တယ်။ တောရိုင်းမှိုစားရာသီ ရောက်လာခြင်း နဲ့အတူ ကျွမ့်ရှင်းလယ်ယာထွက်ကုန်ဈေးဟာ တောရိုင်းမှိုရောင်းဖို့ လန်းဆန်းသန့်ရှင်းတဲ့ အထူးဧရိယာတစ်ခုကို တည်ထောင်ပြီး မှိုရဲ့ ရနံ့တွေ လွင့်ပျံနေပါတယ်။ ဒါပေမဲ့ ကျွမ့်ရှင်းလယ်ယာထွက်ကုန်ဈေးက တောရိုင်းမှိုတွေရဲ့ စျေးနှုန်းဟာ အခြားဈေးကွက်တွေထက် အနည်းငယ်ပိုကြီးပေမဲ့ ၄င်းရဲ့ အားသာချက်ဟာ စျေးထဲက ပစ္စည်းတွေက အရမ်းစုံလင်ခြင်း ဖြစ်ပါတယ်။
ပေယွမ့်တောရိုင်းမှိုဈေး
အမျိုးအစားများ၊ စျေးသက်သာခြင်း၊ ဒါပေမဲ့ အများသူငှာသွားလာရေး အဆင်မပြေပါဘူး
လိပ်စာ- အရှေ့တတိယမြို့ပတ်လမ်း ပေယွမ့်
မြေအောက်ရထားတွေနဲ့ ဘတ်စ်ကားတွေနဲ့ သွားနိုင်တဲ့ မူဆွေဟွာတောမှိုစျေးနဲ့ နှိုင်းယှဉ်ရင် ဒီစျေးဟာ မြို့တွင်းရပ်ကွက်နဲ့ ပိုဝေးပါတယ်။ သောကြာနေ့ဟာ စျေးသွားနေ့ဖြစ်ပြီး ကျန်တဲ့အချိန်မှာ ဒီကြီးမားတဲ့ စျေးကတော့ ဆိတ်ဆိတ်ငြိမ်ငြိမ်ရှိ ပါတယ်။ သောကြာနေ့တိုင်း စျေးသွားတဲ့အခါမှာ ဒီဈေးကွက်ထဲမှာ အရမ်းစည်ကားပြီး လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်နဲ့ တောရိုင်းမှို အမျိုးမျိုးကို ဝယ်ယူနိုင်ပါတယ်။
တောမှိုဝယ်နည်းတွေ
နည်းလမ်း ၁ - တောရိုင်းမှိုတွေဟာ မာကျောရမယ်
တောရိုင်းမှိုဟာ မာကျောလတ်ဆတ်ပြီး မိုးရေထဲမှာ မစိမ်ထားရဘူး၊ ဒီလိုမှို ကြော်တဲ့အခါ မွှေးပါတယ်။
နည်းလမ်း ၂ - တောရိုင်းမှို သေးငယ်ရမယ်
မှိုပိုကြီးလေ ရေပိုများလေဖြစ်ပြီး ကြော်ပြီးတော့ မှိုကလေးလောက် မမွှေးပါဘူး၊ ကြီးမားတဲ့ တောမှိုတွေကို ထိန်းသိမ်းရာလဲ မလွယ်ဘူး၊ ဒါကြောင့် ဈေးကွက်မှာ သေးငယ်တဲ့ မှိုတွေရဲ့ စျေးနှုန်းဟာ ပိုကြီးပါတယ်။
နည်းလမ်း ၃ - ရောနှောတဲ့ တောရိုင်းမှိုတွေ မဝယ်ပါနဲ့
လယ်သမားအချို့ဟာ ကိုယ့်ဟာကိုယ် တောင်ကနေ မှိုတေွ ကောက်ယူလာပြီးတော့ မှိုအမျိုးမျိုးကို ရောနှောပြီး တင်းတောင်းထဲ ထည့်ပြီးတော့ တစ်ခုလုံး ရောင်းချလေ့ရှိတယ်၊ မှိုအမျိုးအစားကို ရှင်းရှင်းလင်းလင်း မသိနိုင်ရင် အဆိပ်ရှိတဲ့ တောမှိုတွေကို မတော်တဆ စားဖို့ အရမ်းလွယ်ကူပါတယ်။
နောက်ဆုံးမှာ အရသာရှိတဲ့ တောရိုင်းမှိုတွေရဲ့ ဆွဲဆောင်မှုတွေကို မခုခံနိုင်ဘူးဆိုရင် အောက်ပါ အကြံပြုချက် သုံးချက်ကို လက်ခံပါ။ ဆရာဝန်ဟာ မှိုအမျိုးအစားကို သိရှိနိုင်စေဖို့ သင်စားတော့မယ့် တောမှိုတွေကို ဓာတ်ပုံရိုက်ပါ၊ မစားမီ တောရိုင်းမှိုတွေရဲ့ အရင်းအမြစ်နဲ့ ချက်ပြုတ်ခြင်းရဲ့ ဘေးကင်းမှုတို့ကို သေချာပါစေ၊ မသင့်တော်တဲ့ အခြေအနေရှိရင် ချက်ချင်း အော့အန်စေပြီး ဆေးကုသသွားပါ။
日啖野菌三百口,不辞长作云南人。伴随着几场大雨,云南大地上的菌菌们已经窸窸窣窣破土而出,准备开启它们的“美味”征程。
上山采菌、市场买菌、餐馆吃菌,这个云南夏天的三件套,至少有其一,今年才算没有白过。哪个市场的菌子又多又好?买菌原来还需要“气势足”?这就跟着小编一探究竟吧!
买菌市场
木水花野生菌市场
品种多、品质好、交通便利、买菌首选
地址:福德村福发路8号
这个是云南最大的野生菌交易市场,摊贩多、品类全,是买菌的最佳选择。基本上昆明人会吃的菌子,在这里都能找到。
篆新农贸市场
品种齐全、一站购齐、交通便利、价格偏贵
地址:新闻路270号附近
篆新是昆明最大、品类最全的农贸市场。菌季来袭,篆新市场专门设立了野生菌单独的分区,清爽干净,阵阵菌香飘来。不过篆新的菌子要比另外几个市场稍贵一点点,优势是市场里东西很齐全。
北苑野生菌市场
品种多、价格实惠、公共交通不便
地址:东三环北苑
相比地铁、公交都很便利的木水花,这个市场离城远一些。周五是市场赶集日,其它时候,偌大的市场冷冷清清。每周五赶集的时候,这个市场里面还是很热闹,各种新鲜蔬菜、野生菌一应俱全。
买菌秘籍
秘籍1 菌子要硬
菌子一定要硬挺、新鲜,且没有被雨水泡过,这样的菌子炒出来才香。
秘籍2 菌子和菌朵要小
越大的菌子水分越多,炒出来不如小的菌子香。菌伞大的菌则不容易保存。所以在市场上的菌子价格一般是小的更贵些。
秘籍3 不要买杂菌
有的农民自己从山上采来菌子,会以“篮”为单位售卖,混杂着各种菌子,如果辨认不清,很容易误食毒菌。
最后,抵御不了肥美鲜香的野生菌诱惑,那么再请收下这三个小锦囊:给即将入口的野生菌拍个照,方便医生辨认菌子种类;吃之前确保菌子来源和烹饪安全;一旦有不适症状立即催吐并就医。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ