လျှာဖျားပေါ်ရှိ ကူမင်းမြို့丨အောက်ပါဖော်ပြတဲ့ အချိန်ဂုဏ်ယူတဲ့ အမှတ်တံဆိပ်တွေကို သင်က ဘယ်နှစ်ခုမှာ စားဖူးလဲ
2023-07-13 15:10|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) ကူမင်းကို ပထမဆုံး လာကြတဲ့ သူငယ်ချင်းများ အထူးဂရုပြုပါ။ အောက်ပါ ဖော်ပြတာက ကူမင်းလူဟောင်းတွေပဲ သိတဲ့ အစားအစာတွေ ဖြစ်ပါတယ်၊ အရသာရှိပြီး ဈေးလဲမကြီးပါဘူး၊ အားလုံးက ဆိုင်ဟောင်းတွေပါ။
တင်းကျိခေါက်ဆွဲဆိုင်
ကူမင်းမြို့မှာ နှစ်ပေါင်း ၃၀ ကျော် ဖွင့်လှစ်ခဲ့တဲ့ ဆိုင်ဟောင်းတစ်ခုဖြစ်ပြီး ပေကျင်းလမ်းပေါ်ရှိ ဖုန့်ဟွမ်ရွာမှာ ပုန်းအောင်းထားပါတယ်။ ဒါက ကူမင်းမှာရှိတဲ့ အကောင်းဆုံး ကော်ရည်ခေါက်ဆွဲဖြစ်တယ်လို့ အယ်ဒီတာက ထင်ပါတယ်၊ နေ့လည် ၂ နာရီအထိပဲ ရောင်းရပြီး တံခါးကို ဖြတ်သွားတဲ့ ၁၀ ကြိမ်ထဲမှာ ၉ ကြိမ်က တန်းစီနေတာ ဖြစ်ပါတယ်။ နမ်ဟွာ ကော်ရည်ခေါက်ဆွဲက အရမ်း နာမည်ကြီးပေမယ့် အရသာ နည်းနည်းချိုပါတယ်၊ တင်းကျိ ကော်ရည်ခေါက်ဆွဲက နည်းနည်းစပ်လို့ အရိုးစွပ်ပြုတ် တစ်ပန်းကန်နဲ့ တွဲစားရင် သင့်တော်ပြီး စားလို့ ကောင်းပါတယ်။
လိပ်စာ- အမှတ် ၄၆၊ ဖုန့်ဟွမ်ရွာ၊ ပေကျင်းလမ်း
ရွှဲအယ်လ် ချန်ကျူ ချဉ်ဖတ်
အကောင်းဆုံး ကော်ရည်ခေါက်ဆွဲ အကြောင်းကို ပြောပြီးတော့ အကောင်းဆုံး ချဉ်ဖတ်အကြောင်းကို ပြောကြည့်ရအောင်၊ အဲဒါကတော့ အသီးအနှံတွေနဲ့ ငရုတ်သီးတွေရော နယ်ပြီးစားတဲ့ ချဉ်ဖတ်ပါ။ ကူမင်းမှာ ဆိုင်ခွဲ များစွာရှိပေမဲ့ အကျော်ကြားဆုံးမှာ ၂၀၀၈ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး အခုအထိ ၁၅ နှစ်ခန့် ရှိတဲ့ ချန်ကျူလမ်းရှိ ဒီဆိုင် ဖြစ်ပါတယ်။ ချဉ်ဖတ်တွေ၊ သစ်သီးစိမ်တွေ၊ ဟင်းသုပ်တွေ၊ သစ်သီးသုပ်တွေ၊ ဘာပဲဖြစ်ဖြစ် စားလို့ အရမ်းကောင်းပါတယ်။
လိပ်စာ- အမှတ် ၃၇၊ ချန်ကျူလမ်း
တုန်ကျာဝမ် အမှတ် ၇၆ ဗီယက်နမ်ကော်ပြန့်လိပ်
တုန်ကျာဝမ် အမှတ် ၇၆ လို့ခေါ်တဲ့ ဗီယက်နမ်ကော်ပြန့်လိပ်ဆိုင်ဟာ မှတ်သားရ လွယ်ကူပြီး အရသာလဲ ရှိတာ ဖြစ်ပါတယ်၊ "ကူမင်းမှာ မစားမဖြစ် အစားအစာစာရင်း"မှာ အမြဲတမ်းပါဝင်လေ့ရှိပါတယ်။
အပေါ်ယံအခွံက ကြည်လင်ပြီး ဌာပနာက ငန်တာနဲ့ မွှေးတာ သင့်တော်ပါပဲ။ တစ်ခုပြောစရာရှိတာက တန်းစီနေတဲ့လူတွေ အများကြီးရှိလို့ ဗိုက်ဆာရင် သွားတာမကောင်းဘူးလို့ ထင်ပါတယ်။
လိပ်စာ- အမှတ် ၇၆၊ တုန်ကျာဝမ်
ချိရှောင်လမ်း ကြက်အရေခွံကြော်
ဒီဆိုင်ဟာ နေ့တိုင်း ညနေ ၆:၃၀ အထိ မရောက်ရင် မဖွင့်တာဖြစ်ပြီး ပြတင်းပေါက်သေးသေးလေး နှစ်ခုရှိပြီး ဘယ်ဘက်မှာ အော်ဒါမှာတာနဲ့ ညာဘက်မှာ အစားအစာယူတာလို့ ဂရုမစိုက်ပါက လွဲချော်နိုင်မယ်ဖြစ်တယ်။ ပတ်ဝန်းကျင်က အတော်လေးရိုးရှင်းပြီး ဆိုင်ကလဲ အရမ်းသေးငယ်ပေမယ့် လျှို့ဝှက်ပါဝင်ပစ္စည်းတွေ ပါတဲ့ ကြက်အရေခွံကြော်က မရေတွက်နိုင်တဲ့ စားသုံးသူတွေရဲ့ နှလုံးသားကို ဖမ်းစားရပါတယ်။
လိပ်စာ- အမှတ် ၁၃၊ ချိရှောင်လမ်း
ဇောက်လောင်ကွမ် ညှပ်ခေါက်ဆွဲ
ကူမင်းမြို့ရဲ့ အရသာဟောင်းဖြစ်ပြီး လက်လုပ်ညှပ်ခေါက်ဆွဲထဲကို လျှို့ဝှက်ဟင်းခတ်အနှစ်ထည့်ပြီး စားလို့ အရမ်း အရသာရှိတယ်။ အထူးသဖြင့် နွေရာသီမှာ ညှပ်ခေါက်ဆွဲအအေးသုပ်က တကယ်ကို အရသာရှိပါတယ်၊ လမ်းဟောင်းမှာ လျှောက်လည်တဲ့အခါ ပန်းကန်လုံးတစ်လုံး စားရင် ဘဝက ပြီးပြည့်စုံသွားမှာပါ။
လိပ်စာ- အမှတ် ၃၆၊ ကွမ်ဟွမ်လမ်း၊ ဟူကော်လမ်း စီမံခန့်ခွဲရေးရုံး
စွယ်လျန်ဝမ်
ဆိုင်းဘုတ်ဟာ ကော်ရည်ခေါက်ဆွဲဖြစ်ပြီး အသားက ခေါက်ဆွဲထက် ပိုများပါတယ်။ အရသာက နည်းနည်းချိုပြီး စားရတာ အရမ်းပျော်ဖို့ ကောင်းပါတယ်။ ၁၃:၀၀ အထိပဲ ဖွင့်ထားပါကြောင်း သတိပြုသင့်ပါတယ်။
လိပ်စာ- အမှတ် ၆၆၅၊ လုံချွမ်လမ်း
အချိန်ဂုဏ်ယူတဲ့ အမှတ်တံဆိပ် ရှောင်ချောင် တိုဟူးဆန်ခေါက်ဆွဲ
ဒီဆိုင်မှာ တိုဟူးဆန်ခေါက်ဆွဲ တစ်ပန်းကန်ကို ၃၊ ၆၊ ၉ ယွမ်နဲ့ပဲ စားနိုင်ရပါတယ်။ ရိုးရိုးဟင်းခတ်အမွှေးအကြိုင် ဖြစ်တဲ့ တိုဟူး၊ ငရုတ်သီး၊ ပဲငံပြာရည်အချို၊ ဆား စတာတွေနဲ့ ဆန်ခေါက်ဆွဲပျော့တွေနဲ့ ရောနယ်ပြီးရင် အရသာရှိပါတယ်။
လိပ်စာ- အမှတ် ၆၀၊ ချမ်ဝေလမ်း
第一次来昆明的小伙伴注意啦!收好这些只有老昆明人才知道的巷子美食,好吃不贵,个个都是老店。
丁记面馆
昆明三十多年老店,藏在北京路上凤凰村内。在小编心目中,这就是昆明卤面的天花板,只卖到下午2点,路过门口10次有9次都在排队。虽然南华卤面也很出名,但偏甜口。丁记卤面偏辣,搭配一碗骨头汤,刚刚好,吃得爽快。
地址:北京路凤凰村46号
雪儿钱局泡菜
说完卤面界的天花板,再来款款泡菜界的绝绝子。就是那个辣子拌水果的雪儿泡菜。昆明有很多分店,不过最出名就是钱局街店,2008年到现在也开了差不多15年了。不管是泡菜,腌水果,凉拌菜,拌水果,都很nice!
地址:钱局街37号
董家湾76号越南小卷粉
董家湾76号,好记又好吃,常年上榜“昆明必吃榜”。外皮晶莹剔透,馅料咸香刚好!有一说一,排队的人真的很多,千万不要空着肚子前往。
地址:董家湾76号
气象路炸鸡皮
这家店每天下午6点半才开门营业,两个小小的窗口,左边点单,右边取餐,一不留神就会错过。环境相当简陋,店也很小,但是一手酥脆的炸鸡皮,配上秘制小料,“俘获”了无数吃货的心。
地址:气象路13号
赵老倌卷粉
老昆明味道,纯手工凉卷粉,配上秘制调料,超好吃!特别是夏天,凉卷粉真的很可,逛老街的时候甩上一碗,人生圆满。
地址:护国路街道办事处光华街36号
甩两碗
招牌卤面,肉比面多!味道偏甜,吃起来很过瘾。需要注意的是,它家只营业到13:00!
地址:龙泉路665号
老字号小桥豆花米线
在他家,3、6、9块钱也能吃一碗豆花米线。简单的调料,豆花、冬菜、辣椒、甜酱油、盐,配上米线软糯,清爽可口。
地址:前卫路60号
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ