ဆည်ရေသောက်လယ်ဖြင့် ပန်းချီဆွဲကင်းဗတ်အဖြစ်၊ ရောင်စုံစပါးဖြင့် ခြယ်ဆေးအဖြစ်၊ ကူမင်းမြို့ ဆာတီရွာသည် ပုံပြရှုခင်းအသစ်ကို ရေးဆွဲ
2023-07-05 14:24|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ရှေးဟောင်းဆန်၍ ရိုးရိုးသန့်သန့်ရှိသော ကျေးရွာ၊ ရောင်စုံစပါးခင်း၊ စိမ်းညိုရောင်ရထား၊ ကောင်းကင်ပြာနှင့် တိမ်ဖြူများ...ဤကဲ့သို့သော မြင်ကွင်းများကို မြင်ရလျှင် ၄င်းသည် Hayao Miyazaki ၏ ကာတွန်းထဲမှ မြင်ကွင်း ဟုတ်လောဟု အံ့သြမိသည်။
ဤနေရာသည် ကူမင်းမြို့ တိန်ချီးရေကန် တောင်ဘက်ကမ်းရှိ ကျင့်နင်ဒေသ ဆာတီရွာ၏ ရောင်စုံစပါးခင်းဖြစ်၍ အကျယ်အဝန်း ဧရိယာ အမို ၉၀၀ ကျော်ရှိသည်။ စပါးခင်းထဲတွင် ရောင်စုံစပါးများသည် "အဝေးမှ ဆွေမျိုးများသည် ကျင့်နင်ကိုမမှီ" ဟူသော တရုတ်စာလုံးပုံစံကို ပုံဖော်ထားသည်။
ဤအသုတ် ရောင်စုံစပါးသည် မေလတွင် စိုက်ပျိုးခဲ့ခြင်းဖြစ်၍ ယခုအချိန်တွင် ရှင်သန်ချိန် ဖြစ်နေ၍ ခရီးသည်များသည် ဤနေရာသို့ လည်ပတ်ကြည့်ရှုရန် တစ်ယောက်ပြီးတစ်ယောက် သွားရောက်ခဲ့ပြီ ဖြစ်ပြီး နေ့စဉ် လူတစ်ထောင်၊ နှစ်ထောင်ခန့် ရှိသည်။ ဆာတီရွာတွင် ရိုးရာ စပါးစိုက်ပျိုးရေးကို ပြန်လည်ဆောင်ရွက်ခဲ့ပြီးနောက် ရွာသူရွာသားများသည် ခရီးသည်များအတွက် ဤစပါးခင်းများ ဖွင့်လှစ်ပေးခဲ့ပြီး ခရီးသွားလာရေး တဖြည်းဖြည်းများလာခဲ့၍ ဒေသခံ ရွာသူရွာသား အယောက် ၈၀၀ ကျော်ကို အလုပ်အကိုင် အခွင့်အလမ်း ပေးနိုင်မည်ဟု ခန့်မှန်းထားသည်။
စပါးအမျိုးအစား၏ ကွာခြားချက်နှင့် ထူးခြားသော စိုက်ပျိုးရေး နည်းပညာများသည် စပါးခင်းများကို အမျိုးမျိုးအဖုံဖုံရှိသော အရောင်အဆင်းများ ပေါ်လွင်လာစေကာ အနီရောင်၊ အဝါရောင်၊ အဖြူရောင်၊ ခရမ်းရောင်၊ အမည်းရောင် ဖြစ်သည့် စပါးများသည် ရောပြွမ်းပေါင်းစပ်ပြီး ထွန်းလင်းတောက်ပ ရွှန်းလဲ့တင့်တယ်ပြီး ပုံစံမျိုးစုံသော ဒီဇိုင်းပုံစံများကို ဖွဲ့စည်းဖြစ်လာကာ ဆည်ရေသောက်လယ်ဖြင့် ပန်းချီဆွဲကင်းဗတ်အဖြစ် ရောင်စုံစပါးဖြင့် ခြယ်ဆေးအဖြစ် ပန်းချီဆရာတစ်ယောက်သည် မြေကြီးပေါ်တွင် ရေးဆွဲဖြစ်လာသည့် ရောင်စုံပန်းချီကားနှင့် တူသည်။
စပါးခင်းဘေးနားရှိ လူသွားလမ်းဘေးတွင် မီးများကို တပ်ဆင်ထားသည်၊ ဓာတ်မီးများ လင်းလာသည့်အခါတွင် ညနေမှ ကျနေသည် ရှုခင်းသာရပ်ကွက် တစ်ခုလုံးကို ပန်းရောင်နှင့် ခရမ်းရောင် ရောနှောဖြစ်လာသည့် အရောင်အား တင်ထားပြီး အလွန်လှပသည် ဖြစ်ကာ ၄င်းသည် ရောင်စုံဂျုံလှိုင်းများနှင့် ပေါင်းစပ်ပြီး ယခင်က တိန်ချီးရေကန်ဘေးရှိ ကျေးရွာရှုခင်းများကို ပြန်လည်ပုံဖော်စေသည်နှင့် တူသည်။
ဤရောင်စုံစပါးခင်းများသည် အခြားပြည်နယ်မှ ခရီးသည်များကိုလည်း ဆွဲဆောင်နေသည်။ သူတို့သည် ဤနေရာသို့ လှပသောရှုခင်းများကို ကြည့်ရှုလာရုံသာမက ဒေသခံလယ်ယာစိုက်ပျိုးရေး ယဉ်ကျေးမှုများနှင့် လယ်သမားများ၏ နေထိုင်မှုဘဝများကိုလည်း သိချင်သည် ဖြစ်၍ ကိုယ့်ဟာကိုယ် လယ်ယာစိုက်ပျိုးရေး လှုပ်ရှားမှုများတွင် ပါဝင်ပြုလုပ်ခြင်းဖြင့် လက်တွေ့ခံစားချက်များကို ပိုမိုနက်ရှိုင်းစေသည် ဖြစ်ကြောင်း ခရီးသည်တစ်ချို့က ပြောခဲ့သည်။
ခရီးသည် ပိုများလာသည်နှင့်အမျှ ဆာတီရွာ၏ အစိုးရနှင့် ရွာသူရွာသားများသည် ဖြေရှင်းနည်းများကို တက်ကြွစွာ စူးစမ်းရှာဖွေနေ၍ စပါးခင်း စိုက်ပျိုးရေးနှင့် ခရီးသည်များ ဧည့်ခံခြင်းနှင့်ပတ်သက်သည့် စီမံခန့်ခွဲရေးလုပ်ငန်းများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နေ၍ ရေရှည် ဖွံ့ဖြိုးတိုးတက်မှုကို ကြိုးပမ်းအားထုတ် ဖော်ဆောင်နေသည်။ ဆာတီရွာရှိ ရောင်စုံစပါးခင်းများ၏ ဆက်လက်တူးဖော်ခြင်းနှင့် ပိုမိုမြှင့်တင်ခြင်းဖြင့် ပိုများသော လူများကို ဤလှပသော ကျေးရွာသို့ ဆွဲဆောင်လာမည်ဖြစ်၍ ဤထူးဆန်းသော လယ်ခင်းရှုခင်းများကို ရှုစားရန် လာစေမည် ဖြစ်သည်ဟု ယုံကြည်သည်။
ဖားများနှင့် ပိုးများ၏ အသံများအကြားတွင် ထူးဆန်းသော ရောင်စုံစပါးခင်း ရှုခင်းများသည် လူများကို ပျော်ရွှင်စေလောက်အောင်ပင် ဖြစ်သည်။ ဤနှစ် ဇွန်လမှ အောက်တိုဘာလအထိ ဤနေရာသည် ခရီးသည်များအတွက် တစ်နေ့လုံး ဖွင့်လှစ်မည်ဖြစ်၍ အားလုံးကို လှပသော ကျေးလက်ရှုခင်းများအား ကောင်းစွာ ရှုစားစေနိုင်မည် ဖြစ်သည်။
古朴村庄、彩色稻田、绿皮火车、蓝天白云……如果你看到这样的景象,不禁会惊叹,这是宫崎骏动漫里的画面吗?
这里是昆明滇池南岸晋宁区沙堤村的彩色稻田,占地约900余亩。稻田内,彩色水稻组成了一幅“远亲不如晋宁”的文字图案。
这批彩色水稻是5月份种下去的,目前处于生长期,已经有游客陆续前往这里打卡,每天大概有一两千人次。自沙堤村恢复传统水稻种植后,村民们将这片稻田开放给游客观赏,逐渐形成了旅游热潮,预计能够带动当地八百余名村民就业。
稻谷品种的差异以及特殊的种植技术,使稻田呈现出缤纷多彩的颜色,红、黄、白、紫、黑,五种颜色的水稻交错融合,组合成绚丽多姿的图案,水田为“画布”,彩色稻作“颜料”,像一个画家在大地上绘就的彩色画卷。
稻田边的人行步道边设置了灯带,华灯初上的时刻,傍晚夕阳将整片景区染上粉紫色滤镜,分外美丽,融合彩色的麦浪,仿佛还原昔年滇池周边的乡村景象。
这些彩色稻田还吸引了很多省外游客的目光。一些游客表示,他们不仅来此欣赏美景,还想了解当地农业文化和农民生活,通过亲自参与农作活动加深体验。
随着游客数量的增加,沙堤村当地政府和村民们正积极探索解决办法,加强对稻田种植和游客接待管理,努力实现可持续发展。相信在沙堤村彩色稻田的持续开发和改进下,将吸引更多人来到这个美丽的村庄,欣赏这片独一无二的田园风光。
在蛙声、虫鸣声多重奏中,独一无二的彩色稻田田园风光,足够让人欢喜!今年从6月到10月,这里全天候向游客开放,让大家能好好欣赏美丽的乡村景色。(图片和视频:彩龙社区 @边凡 @维梅 @度假区第二届文创大赛组委会 )
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
- ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် တောတောင် ရှုခင်းကြည့်ရထားသည် လိကျန်းမြို့တွင် စတင်ပြေးဆွဲ
- ကမ္ဘာ့"ရှန်ဂရီလာ"မှ ပန်းခရီးစဉ် နွေဦးပန်းပြပွဲကို ကျင်းပနေ
- ကူမင်းမြို့ ဘတ်စ်ကားကုမ္ပဏီသည် နွေဦးရာသီခရီးစဉ်အတွက် ဘတ်စ်ကားလိုင်း ၂၆ လိုင်းကို စတင်ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကူမင်းမြို့ ကျင့်နင်ရပ်ကွက်တွင် Truffle ကို စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားစေ
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု