၂၀၂၅ ခုနှစ်အထိ ယူနန်ပြည်နယ်သည် မိုဟန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း တည်ဆောက်ရေးကို ပံ့ပိုးရန် နှစ်တိုင်း ယွမ်ငွေ ၁.၈ ဘီလီယံ စီစဉ်မည်

2023-07-03 17:58|ရောင်စုံတိမ်တံတား

1

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်ယခုနှစ်ဆန်းပိုင်းမှစ၍ "အရင်းအမြစ်စီးပွားရေး၊ ဆိပ်ကမ်းစီးပွားရေးနှင့် ဥယျာဉ်ဇုန်စီးပွားရေး" ၏ ဖွံ့ဖြိုးတိုးတက်မှုကို အစွမ်းကုန် ပံ့ပိုးပေးသည့်အတွက် ယူနန်ပြည်နယ် ဘဏ္ဍာရေးဌာနသည် အရင်းငွေ စုစုပေါင်း ယွမ် ၇၁.၀၄ ဘီလီယံကို စီစဉ်ပြီး အသစ်ထပ်တိုး အထူးငွေချေးစာချုပ် စုစုပေါင်း ယွမ် ၁၃ .၅ ဘီလီယံ ထုတ်ခဲ့သည်။ ၄င်းအနက်၊ ဆိပ်ကမ်းစီးပွားရေး နှင့်ပတ်သက်၍ ယခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ ယူနန်ပြည်နယ်သည် မိုဟန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း တည်ဆောက်ရေးကို ပံ့ပိုးရန် နှစ်တိုင်း ယွမ်ငွေ ၁.၈ ဘီလီယံ စီစဉ်မည်ဖြစ်သည်။

အရင်းအမြစ်စီးပွားရေး၊ ဆိပ်ကမ်းစီးပွားရေးနှင့် ဥယျာဉ်ဇုန်စီးပွားရေးတို့ကို အားသွန်ခွန်စိုက် ဖွံ့ဖြိုးတိုးတက်စေရမည် ဖြစ်ကြောင်း ၂၀၂၂ ခုနှစ်တွင် ယူနန်ပြည်နယ် ပါတီကော်မတီ စီးပွားရေးလုပ်ငန်း ညီလာခံတွင် အလေးပေး ပြောကြားခဲ့သည်။ ၄င်းသည် တရုတ်ကွန်မြူနစ်ပါတီ (၂၀) ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံ၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ယူနန်ပြည်နယ်၏ အသေးစိတ် စီမံခန့်ခွဲမှုဖြစ်ရုံသာမက ယူနန်ပြည်နယ်၏ နိုင်းယှဉ်အားသာချက်များနှင့် တိုးတက်မှု အလားအလာများကို အပြည့်အဝ ထုတ်ဖော်ပြီး နိုင်ငံတစ်ခုလုံး နှင့်တစ်ပြိုင်နက် ခေတ်မီဆိုရှယ်လစ်ဝါဒကို အကောင်အထည်ဖော်ရန် ကြိုးပမ်းဆောင်ရွက်သည့် ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်လည်း ဖြစ်သည်။ ယူနန်ပြည်နယ် ဘဏ္ဍာရေးဌာနသည် အရင်းငွေရရန် တက်ကြွစွာ နည်းလမ်းရှာကြံ၍ "အရင်းအမြစ်စီးပွားရေး၊ ဆိပ်ကမ်းစီးပွားရေးနှင့် ဥယျာဉ်ဇုန်စီးပွားရေး"ကို အခြေခံပြုပြီး တက်ကြွစွာ လုပ်ဆောင်နေသည်။

ဆိပ်ကမ်းစီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေမှု နှင့်ပတ်သက်၍ ယူနန်ပြည်နယ်သည် တရုတ်-လာအို ရထားလမ်း တစ်လျှောက်လုံးကို အလေးပေး ပံ့ပိုးကူညီမည်ဖြစ်၍ တရုတ်-လာအို ရထားလမ်း အပြည်ပြည်ဆိုင်ရာ ကုန်တင်ပို့ဆောင်ရေးအတွက် ထောက်ပံ့ကြေးပေးရန်၊ တစ်လျှောက်လုံးရှိ ပြည်နယ်ခွဲနှင့် မြို့များ၏ တံခါးဖွင့်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ပံ့ပိုးကူညီပေးရန်၊ ၂၀၂၂ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ တရုတ်-လာအို ရထားလမ်း အပြည်ပြည်ဆိုင်ရာ ကုန်တင်ပို့ဆောင်ရေး ဆိုင်ရာ ထောက်ပံ့ကြေး စုစုပေါင်း ယွမ် ၅၀၀ သန်းကို နှစ်တိုင်း ဘက်ပေါင်းစုံမှနေ၍ စီမံခန့်ခွဲမည် ဖြစ်သည်။ ယခုနှစ်တွင် တရုတ်-လာအို ရထားလမ်း တစ်လျှောက်လုံးရှိ အဓိက ကုန်စည်ပို့ဆောင်မှုလုပ်ငန်း စီမံကိန်းတစ်သုတ်၏ တည်ဆောက်ရေးကို ထောက်ခံရန်အတွက် ပြည်နယ်၏ ခန့်မှန်ခြေငွေအတွင်းရှိ အခြေခံအဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံငွေ ယွမ် ၂၁၉ သန်းကို စုဆောင်းချမှတ်ခဲ့သည်။ ထို့ပြင်၊ ယူနန်ပြည်နယ်သည် မိုဟန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် နယ်စပ်ဒေသရှိ ဆိပ်ကမ်းမြို့များ၏ တည်ဆောက်ရေးကို အလေးပေးထောက်ခံ၍ မိုဟန်အပြည်ပြည်ဆိုင်ရာဆိပ်ကမ်း တည်ဆောက်ရေးအတွက် ၃ နှစ်ဆက်တိုက် ထောက်ပံ့ပေးမည် သတ်မှတ်ခဲ့၍ ကူမင်းမြို့ ဘဏ္ဍာရေး ဦးစီးဌာနသည် မိုဟန်မြို့နယ်၏ စီမံခန့်ခွဲရေးစနစ်နှင့် လည်ပတ်ရေးစနစ်များနှင့် ကိုက်ညီသည့် ဘဏ္ဍာရေး စီမံခန့်ခွဲမှုစနစ်များကို ထူထောင်စေရန် ညွှန်ကြားသည့်အတွက် ကူမင်းမြို့သည် မိုဟန်မြို့နယ်ကို ထိန်းသိမ်းခြင်းဆိုင်ရာ ဘဏ္ဍာရေးစနစ် အကြံပြုချက်များကို သုတေသနပြုပြီး ထုတ်ပြန်ခဲ့သည် ဖြစ်သည်။

1

中老磨憨—磨丁经济合作区是中国与东盟国家经贸往来和经济合作的重要交汇点。记者王俊星摄

昆明信息港讯(昆明日报 记者吴洁)今年以来,省级财政共统筹安排资金710.4亿元、发行新增专项债券135亿元,全力支持“三大经济”发展。其中,在口岸经济方面,今年起至2025年,云南每年安排18亿元支持磨憨国际口岸建设。

2022年云南省委经济工作会议强调,要大力发展资源经济、口岸经济、园区经济。这既是我省贯彻落实党的二十大精神的具体部署,也是充分发挥云南比较优势和增长潜力,力争与全国同步实现社会主义现代化的发展需要。省财政厅积极筹措资金,围绕“三大经济”积极作为。

在发展口岸经济方面,云南将重点支持中老铁路沿线,2022年至2024年每年统筹安排中老铁路国际货运物流补助资金5亿元,支持中老铁路国际货运补贴及沿线州市开放发展;今年筹措下达省预算内基建投资2.19亿元,支持一批中老铁路沿线重点物流产业项目建设。另外,云南重点支持磨憨国际口岸和边境地区口岸城市建设,明确连续3年对磨憨国际口岸建设给予支持,并研究出台了昆明市托管磨憨镇财政体制意见,指导推动昆明市财政建立与磨憨镇管理体制和运行机制相匹配的财政管理体制。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်