ကျေးဇူးပြုပြီး ကူမင်းမြို့ ပတ်လည်နားရှိ ဘလူးဘယ်ရီသီး ဆွတ်ခူးနိုင်တဲ့ နေရာတွေကို အကြံပြုပေးပါ

2023-06-29 10:09|ရောင်စုံတိမ်တံတား

User ကိုကိုဝင်း၏ မေးခွန်း။ ။ မင်္ဂလာပါ၊ ကျွန်တော်နဲ့ သူငယ်ချင်းတွေက ကူမင်းမြို့ ပတ်လည်နားကို ဘလူးဘယ်ရီသီး ဆွတ်ခူးသွားချင်ကြပါတယ်၊ ဘလူးဘယ်ရီသီးခြံတချို့ကို အကြံပြုပေးနိုင်ပါသလား။

အယ်ဒီတာ၏ အဖြေ။ ။ မင်္ဂလာပါ၊ ကျွန်မက ကူမင်းမြို့ ပတ်လည်နားရှိ ဘလူးဘယ်ရီသီး ဆွတ်ခူးနိုင်တဲ့ နေရာသုံးလေးငါးခုကို မိတ်ဆက်ပေးပါမယ်။ သင်က ရွေးချယ် နိုင်ပါမယ်။

၁။ အမ်းနန်မြို့

(၁) ရှန့်ကျေးမြို့နယ်

အခု ရှန့်ကျေးမြို့နယ်မှာ ဘလူးဘယ်ရီသီး ဆွတ်ခူးနိုင်တဲ့ နေရာက အဓိက ၄ ခု ရှိပါတယ်၊ ဆောင်းဂျီးအောက်ရွာရှိ တိန်ဟူ ဘလူးဘယ်ရီသီးခြံ၊ စီကျုံး ကျေးရွာကော်မတီ ထန်ဇီထျန်ရွာရှိ ဂျင်းလင် ဘလူးဘယ်ရီသီးခြံ၊ မင်ယီဟယ် ကျေးရွာကော်မတီ တင်ထုပ်ဝမ်းရွာရှိ ကူမင်း လှီကျုံး လယ်ယာစိုက်ပျိုးရေး ဘလူးဘယ်ရီသီးခြံ၊ ယန့်ထာရွာရှိ အမ်းဇီလန် ဘလူးဘယ်ရီသီးခြံ ပါဝင်ပါတယ်။

(၂) ဘားကျေးမြို့နယ်

ဘားကျေးမြို့နယ်မှာ ဘလူးဘယ်ရီသီး ဆွတ်ခူးနိုင်တဲ့ နေရာတွေက မိုစိုယင် ကျေးရွာကော်မတီရှိ အမ်းနန် လန်ဇီယွမ် လယ်ယာစိုက်ပျိုးရေး သိပ္ပံနှင့်နည်းပညာ ကုမ္ပဏီလီမိတက်၊ ချီးကြေးရွာရှိ ဘားကျေး ထိန်လုံဥယျာဉ်ခြံမြေ၊ ယီးလှူကျေးမြို့နယ်ရှိ စီမင်ရွာ ရှလျမ့် ဘလူးဘယ်ရီသီးခြံ ပါဝင်ပါတယ်။

သတိပေးချက် ။ ။ ရှန့်ကျေးမြို့နယ်နဲ့ ဘားကျေးမြို့နယ်တို့ရှိ ဘလူးဘယ်ရီခြံတွေ အကြားက အကွာအဝေးဟာ နည်းနည်းဝေးပြီး လမ်းလျှောက်ရင် ပိုမိုပင်ပန်းလို့ ကိုယ့်ဟာကိုယ် ကားမောင်းခြင်းဖြင့် သွားရောက်ဖို့ အကြံပေးပါတယ်။ ကူမင်းက ထွက်ခွာပြီး ကူမင်း အနောက်ပိုင်း အခယူဌာနကို ဖြတ်ကျော်ပြီးတော့ အမ်းနန်မြို့ကို ရောက်ပြီးတော့ ရှန့်ကျေးမြို့နယ်နဲ့ ဘားကျေးမြို့နယ်တို့ကို ရောက်နိုင်ပါတယ်၊ ကားမောင်းချိန်က ၁ နာရီက ၂ နာရီအထိ ဖြစ်ပါတယ်။

၂။ စီလင်ခရိုင်ရှိ ဝမ့်ကြားဟွမ်း ဘလူးဘယ်ရီသီးခြံ

အဲဒီဘလူးဘယ်ရီသီးခြံရဲ့ ဘလူးဘယ်ရီသီး ထွက်ကုန်ပမာဏက ပိုမိုမြင့်မားလို့ နေ့စဉ် ဆွတ်ခူးဖို့ လူအယောက် ၁ ထောင်ကျော် ဧည့်ခံနိုင်ပြီး ဇူလိုင်လကုန်အထိ ဆက်လက်ဆွတ်ခူးနိုင်ပါတယ်။ အဲဒီအချိန်ကာလအတွင်း ဘလူးဘယ်ရီသီး အပြင် ပိုးစာသီး စတဲ့ ရာသီလိုက် သစ်စီးဝလံတွေကိုလဲ ရှေ့စဉ်နောက်ဆက် ဆွတ်ခူးနိုင်လို့ ခြံထဲမှာ ရာသီလိုက် သစ်စီးဝလံစလုံးကို တစ်ကြိမ်တည်း ဆွတ်ခူးနိုင်ပါတယ်။

ဆွတ်ခူးတဲ့ လမ်းကြောင်း ။ ။ ကူမင်းမြို့မှ စီလင်ခရိုင်သို့ အဝေးပြေးလမ်းမကြီး- ဟဘ်ရှီးလမ်း- အမ်းစန်းလမ်း- ဝမ့်ကြားဟွမ်း ဘလူးဘယ်ရီသီးခြံ (ကူမင်းက ကားမောင်းဖြင့် ထွက်ခွာရင် တစ်နာရီကြာ ရောက်နိုင်ရပါတယ်)

网友哥哥温提问:您好,我和朋友想去昆明周边摘蓝莓,能不能推荐几个蓝莓采摘园?

小编解答:您好,下面我为您介绍几个昆明周边的蓝莓采摘园,以供参考。

1.安宁市

(1)县街

县街目前能采摘蓝莓的种植基地主要有4个:筲箕凹村的滇湖蓝莓种植基地、石庄塘子田村的金霖蓝莓基地、鸣矣河顶头湾村的昆明绿庄农业蓝莓基地、雁塔村的安之蓝蓝莓基地。

(2)八街

八街采摘蓝莓的种植基地有:摩所营的安宁蓝之源农业科技有限公司;七街村的八街腾隆庄园;一六街的石鸣村夏恋蓝莓种植基地。

温馨提示,县街和八街的蓝莓基地路程较远,步行较累,建议自驾前往。从昆明出发,经昆西收费站到安宁,再从安宁出发至县街、八街,车程在1小时到2小时之间。

2.石林县万家欢蓝莓庄园

该庄园蓝莓产量较高,每天可接待1000人以上采摘,采摘期持续到七月底。这段时间,除了蓝莓之外,桑葚等当季水果陆续进入采摘期,在园内可将当季水果一站采齐。

采摘路线:昆石高速-和西路-安山路-万家欢蓝莓庄园(距昆明1小时车程)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်