တရုတ်-မြန်မာ လမ်းကြောင်းသစ် (မြန်မာ-ပေါင်စန်းဖူဖြောင်-ချိန်တူး) ကားနှင့်ရထား ပေါင်းစပ်လမ်းအတိုင်း ပထမဆုံးသော ရထား စတင်ထွက်ခွာခဲ့
2023-06-19 17:28|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ဇွန်လ ၁၆ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၈ မိနစ်တွင် မြန်မာထွက် သံကျောက် တန်ချိန် ၁၀၀၀ ကျော်ကို တင်ဆောင်ထားသော ကုန်တင်ရထားတစ်စီးသည် ယူနန်ပြည်နယ် ပေါင်စန်းမြို့ ဖူဖြောင် ကုန်စည်စီးဆင်းရေးစင်တာ၏ ရထားသီးသန့်လိုင်းမှ တဖြည်းဖြည်းထွက်ခွာပြီး ၂ ရက်ကြာ ပြီးနောက် စီချွမ်းပြည်နယ် ချိန်တူးမြို့ ချိန်ရှောင်းဘူတာသို့ ရောက်ရှိမည် ဖြစ်သည်။ ၄င်းသည် တရုတ်-မြန်မာ လမ်းကြောင်းသစ် (မြန်မာ-ပေါင်စန်းဖူဖြောင်-ချိန်တူး) ကားနှင့်ရထား ပေါင်းစပ်လမ်းအတိုင်း ပထမဆုံးသော ရထား စတင်ထွက်ခွာသည့် အမှတ်သင်္ကေတ ဖြစ်၍ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းဒေသနှင့် အာဆီယံနိုင်ငံများအကြားမှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကူလူးဆက်ဆံမှုအတွက် လမ်းကြောင်းသစ် တစ်ခုကို ဖွင့်လှစ်ခဲ့သည် ဖြစ်သည်။
တရုတ်-မြန်မာ လမ်းကြောင်းသစ်သည် ကွန်တိန်နာဖြင့် အဓိက သယ်ယူပို့ဆောင်ရေး ကိရိယာအဖြစ် ကားနှင့်ရထား ပေါင်းစပ် ပို့ဆောင်ရေး နည်းလမ်းဖြင့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့ ဆက်သွယ်ထားသည့် အပြည်ပြည်ဆိုင်ရာ ကားနှင့်ရထား ပေါင်းစပ် ပို့ဆောင်ရေး လမ်းကြောင်းကြီးတစ်ခု ဖြစ်သည်။ ဤလမ်းကြောင်းသစ်ကို အားကိုး၍ တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြားမှ ကုန်စည်ပို့ဆောင်ရေး အကွာအဝေးနှင့် အချိန်တို့ကို အများအပြား လျှော့ပစ်စေမည် ဖြစ်ပြီး အနောက်ပိုင်း ကုန်းတွင်းပိုင်းဒေသရှိ ပြည်ပသို့ တင်ပို့သည့် အပြည်ပြည်ဆိုင်ရာ ကုန်စည်ပို့ဆောင်ရေးပုံစံနှင့် လမ်းကြောင်းတို့ကို အများအပြား ကောင်းမွန်စေမည် ဖြစ်ပြီး တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ တည်ဆောက်ရေးလုပ်ငန်းကို ရှေ့သို့ တွန်းတင်ရန်အတွက် အရေးကြီးသော အကျိုးရှိသည် ဖြစ်သည်။
ပထမဆုံး တရုတ်-မြန်မာ လမ်းကြောင်းသစ် ကားနှင့်ရထား ပေါင်းစပ်ပို့ဆောင်ရေး ရထားတွဲသည် ကွန်တိန်နာ ၃၂ ခုကို တင်ဆောင်ထား၍ မြန်မာနိုင်ငံ မန္တလေးမြို့မှ အရင်ထွက်ခွာခဲ့ပြီး ကုန်းလမ်းဖြင့် ယူနန်ပြည်နယ် ထိန်ချုံးမြို့ ဟုတ်ချောင်ဆိပ်ကမ်းမှ ပြည်ဝင်ခဲ့ကာ ပေါင်စန်းမြို့ ဖူဖြောင်ကုန်စည်စီးဆင်းရေးစင်တာသို့ ရောက်ရှိခဲ့ပြီးနောက် ရထားလမ်းဖြင့် ချိန်တူးမြို့သို့ ပို့ဆောင်သွားခဲ့ကာ ကားနှင့်ရထား ပေါင်းစပ်ပို့ဆောင်ရေး ခရီးတာ ကီလိုမီတာ ၂၃၀၀ ကျော်ရှိပြီး ခရီးတာတစ်ခုလုံး၏ သယ်ယူပို့ဆောင်ရေး အချိန် ၅ ရက်ခန့်ကြာ ရှိမည် ခန့်မှန်းသည်။
"ဒါက ဖူဖြောင်ဘူတာရုံရဲ့ ပထမဆုံး ဖွင့်လှစ်ခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ ကားနဲ့ရထား ပေါင်းစပ်ပို့ဆောင်ရေး ရထားတွဲ ဖြစ်ပါတယ်၊ ရထားတွဲ သယ်ယူပို့ဆောင်ရာမှာ ကျွန်တော်တို့က ရထားတွဲလွတ် ရွေးချယ်တပ်ဆင်မှုကို ကြိုတင်ပြင်ဆင်ထားပြီး အထူးတာဝန်ပေးထားတဲ့သူက လုပ်ငန်းစဉ်တစ်ခုလုံး ပြောင်းလဲတပ်ဆင်မှု လုပ်ငန်းကို ကွပ်ကဲဆောင်ရွက်လို့ ရထားတွဲရဲ့ လုံခြုံရေးနဲ့ အမြန်ဆုံးထွက်ခွာနိုင်ရေးကို အာမခံပေးနိုင်ပါတယ်" ဟု တရုတ် မီးရထား၊ ကူမင်းဦးစီးဌာန၊ ကွမ်းထုံးလမ်းပိုင်း၊ ဖူဖြောင်ဘူတာ၊ ရုံမှူးဝူကွမ်ရှန့်က ပြောခဲ့သည်။
တာ့ရွှေ(တာ့လီ-ရွှေလီ)လမ်းပိုင်း၊ ဖူဖြောင်ဘူတာသည် ဧပြီလ ၂၆ ရက်နေ့ ကုန်သယ်ပို့မှု စတင်ဆောင်ရွက်သည် မှစ၍ ကုန်စည်ပို့ဆောင်မှု ပမာဏသည် ဆက်တိုက်မြင့်တက်လာနေပြီး စုစုပေါင်း ပို့ဆောင် ကုန်စည်ပမာဏသည် တန်ချိန် ၁.၂၈ သိန်းရှိခဲ့သည်။ တရုတ်-မြန်မာ လမ်းကြောင်းသစ်၏ အဓိကချက်မနေရာတစ်ခုအဖြစ် ဖူဖြောင်ဘူတာသည် လမ်းကြောင်းသစ်မှ သယ်ဆောင်လာသည့် အရေးပါသည့် အရင်းအမြစ်များ စုစည်းမှုမှ ဖြစ်ပေါ်လာသည့် အကျိုးအမြတ်များအား ကောင်းစွာ အသုံးချပြီး တရုတ်-မြန်မာ အပြည်ပြည်ဆိုင်ရာ ကားနှင့်ရထား ပေါင်းစပ်ပို့ဆောင်ရေး ရထားတွဲ ပုံမှန်ပြေးဆွဲနိုင်ရန် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်၍ ပို့ကုန်သွင်းကုန် ကုန်သွယ်ရေးလုပ်ငန်းများအတွက် ပိုမိုများပြားသော ကုန်စည်စီးဆင်းမှုလမ်းကြောင်းများ တက်ကြွစွာ တည်ဆောက်ပေးသွားမည် ဖြစ်သည်။
昆明信息港讯 记者上官艳君 6月16日10时18分,一列满载1000多吨缅甸铁矿石的货物列车,从云南省保山市蒲缥物流中心铁路专用线缓缓驶出,将在2天后抵达四川省成都市城厢站,这标志着中缅新通道(缅甸-保山蒲缥-成都)公铁联运班列首发,为我国西南地区与东盟国家的经贸往来开辟了一条新线路。
中缅新通道是一条以集装箱为主要运输成组工具,通过公铁联运的方式,联通中国与缅甸的国际联运物流大通道。借助这条新通道,我国与东盟国家间的物流运输距离和时间将大幅压缩,极大优化西部内陆地区出海的国际物流模式及路线,对加快推进中缅经济走廊建设具有重要意义。
首趟中缅新通道公铁联运班列搭载32个集装箱,先由缅甸曼德勒出发,经公路运输从云南腾冲猴桥口岸入境,到达保山市蒲缥物流中心后,再搭乘铁路运往成都,公铁联运里程2300多公里,全程运输时间预计5天左右。
“这是蒲缥站首次开行国际公铁联运班列,在班列运输组织过程中,我们提前做好空车选配,安排专人全程盯控换装作业,确保班列安全快速发出。”国铁昆明局广通车务段蒲缥站站长吴光盛说。
据了解,大瑞铁路蒲缥站自今年4月26日开通货运功能以来,货物运量持续增长,累计发送货物12.8万吨。作为中缅新通道的一个重要节点,蒲缥站将充分发挥新通道带来的要素资源聚集效应,推进中缅国际公铁联运班列常态化开行,积极为进出口贸易企业搭建更多物流渠道。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ