တရုတ်(ယူနန်)- ဗီယက်နမ် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းများမှ ကုန်သွယ်မှု ဆွေးနွေးပွဲကို ကူမင်းမြို့၌ ကျင်းပခဲ့
2023-06-02 10:10|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) မေလ ၃၁ ရက်နေ့တွင် တရုတ်(ယူနန်)- ဗီယက်နမ် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းများမှ ကုန်သွယ်မှု ဆွေးနွေးပွဲကို ကူမင်းမြို့၌ စတင်ကျင်းပခဲ့၍ နှစ်နိုင်ငံတို့အကြားမှ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းများ၏ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို မြှင့်တင်ရန်၊ တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံတို့မှ လုပ်ငန်းရှင်များအတွက် ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းကို တည်ဆောက်ရန်နှင့် ဘုံအကျိုးစီးပွားဖော်ဆောင်နိုင်သည့် အခွင့်အလမ်းများကို ဖန်တီးရန် ရည်ရွယ်ခဲ့သည်။ တရုတ်နှင့် ဗီယက်နမ် နှစ်နိုင်ငံတို့မှ လုပ်ငန်းရှင် အယောက် ၁၀၀ ကျော်သည် ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အခွင့်အလမ်းများနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်နိုင်သည့် အခွင့်အလမ်းများကို အတူတူရှာဖွေရန် နွေဦးမြို့ကူမင်း၌ စုဝေးခဲ့ကြသည်။
ဆွေးနွေးပွဲတွင် ပါဝင်သူများသည် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းများတွင် ကြုံတွေ့နေသည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို လေးလေးနက်နက် ဆွေးနွေးလေ့လာခဲ့ကြသည်။ ကဏ္ဍပေါင်းစုံမှ ကိုယ်စားလှယ်များသည် ၄င်းတို့၏ အတွေ့အကြုံများနှင့် ကျွမ်းကျင်မှုအသိပညာများကို မျှဝေခဲ့ကြ၍ လယ်ယာထွက်ကုန်ပစ္စည်း ကုန်သွယ်မှု၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများနှင့် စျေးကွက်မြှင့်တင်ရေး စသည်တို့ကို ကျယ်ပြန့်သော ဖလှယ်မှုများ ပြုလုပ်ခဲ့ကြသည်။ ဆွေးနွေးပွဲကို တက်ရောက်ပါဝင်သည့် လုပ်ငန်းရှင်များသည် စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းနယ်ပယ်တွင် ၄င်းတို့လုပ်ငန်းများ၏ ဆန်းသစ်တီထွင်သော အောင်မြင်မှုများကို ပြသခဲ့ကြ၍ နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုနှင့် ဘုံအကျိုးစီးပွားများကို ကြိုးစားရယူခဲ့ကြသည်။
ယူနန်ပြည်နယ်သည် ဗီယက်နမ်နိုင်ငံနှင့် ဘက်စုံကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အလွန်အလေးဂရုပြုလျက်ရှိသည်၊ ယခုနှစ်များတွင် ယူနန်ပြည်နယ်နှင့် ဗီယက်နမ်နိုင်ငံ တို့အကြားမှ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုများသည် အခြေခံအားဖြင့် အဆင့်ပေါင်းစုံ၊ နယ်ပယ်ကျယ်ပြန့်၊ နေရာဘက်စုံသည့် ဖလှယ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး စနစ်ကို ဖြစ်လာခဲ့ကြသည်။ ကူမင်းအကောက်ခွန်ရုံး၏ စာရင်းအရ ၂၀၂၂ ခုနှစ်တွင် နှစ်ဖက်တို့အကြားမှ လယ်ယာထွက်ကုန်ပစ္စည်း ကုန်သွယ်ရေးပမာဏသည် ယွမ် ၆.၃၃၇ ဘီလျံအထိ ရှိရောက်ခဲ့၍ ယူနန်ပြည်နယ်၏ လယ်ယာထွက်ကုန်ပစ္စည်း ကုန်သွယ်ရေးပမာဏ၏ ၁၅ ရာခိုင်နှုန်းခန့် ရှိခဲ့သည်။
နောက်နောင်တွင် ယူနန်ပြည်နယ်နှင့် ဗီယက်နမ်နိုင်ငံတို့၏ စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဌာနများ အကြေားမှ အပြန်အလှန် လည်ပတ်ကြည့်ရှုမှုနှင့် ဖလှယ်မှုများကို ပိုမိုတိုးချဲ့မည် ဖြစ်၍ စိုက်ပျိုးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများ၏ ဆက်သွယ်ရေးနှင့် ချိတ်ဆက်ရေးတို့ကို ပိုမိုအားကောင်းလာစေမည် ဖြစ်၍ မိုများသော အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု အချက်များကို ရှာဖွေမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေး သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းစေမည် ဖြစ်၍ စိုက်ပျိုးရေး စီမံခန့်ခွဲမှုနှင့် နည်းပညာပုဂ္ဂိုလ်များ လေ့ကျင့်ပျိုးထောင်ပေးခြင်း၊ စိုက်ပျိုးရေး သိပ္ပံနှင့်နည်းပညာ စံပြခြင်း၊ မျိုးကောင်းစိုက်ပျိုးရေးကို တိုးမြှင့်ခြင်း စသည့် နယ်ပယ်များမှ ပူးပေါင်းဆောင်ရွက်မှုများကို အဆက်မပြတ် မြှင့်တင်မည်ဖြစ်၍ အတွေ့အကြုံများနှင့် နည်းပညာများကို မျှဝေမည် ဖြစ်ကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်မှုများကို ချဲ့ထွင်၍ ဆွေးနွေးရေးပလက်ဖောင်းကို တည်ဆောက်၍ ပိုများသော လုပ်ငန်းကို တစ်ဖက်က စိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်ရာတွင် ပိုမိုပါဝင်စေရန် အားပေးမည်ဖြစ်ကြောင်း ယူနန်ပြည်နယ် စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဦးစီးဌာန၏ သက်ဆိုင်ရာ တာဝန်ခံသူက မိတ်ဆက်ပြောကြားခဲ့သည်။
昆明信息港讯 记者合宇聪 5月31日,中国(云南)—越南农林水产贸易对接会在昆明启幕,旨在促进两国农林水产业务的合作与发展,为中越两国企业家搭建交流合作平台,创造共赢的机会。来自中越两国的100余名企业家齐聚春城,共探交流合作机会和发展共赢之道。
对接会上,与会代表就农林水产行业面临的挑战和机遇进行了深入研讨。各方代表分享了自己的经验和专业知识,就农产品贸易、技术合作、投资机会以及市场推广等方面进行了广泛交流。与会企业家们展示了各自企业在农林水产领域的创新成果,并寻求进一步合作与共赢。
云南省高度重视与越南的全面交流合作,近年来滇越农业合作基本形成了多层次、宽领域、全方位的交流合作格局。据昆明海关统计,2022年双方农产品贸易额达63.37亿元,约占云南省农产品贸易额的15%。
云南省农业农村厅相关负责人介绍,未来将进一步扩大滇越双方农业农村部门的互访交流,加强农业发展战略的沟通和对接,寻找更多互利合作契合点;加强农业科技交流合作,继续推动农业管理与技术人员培训、农业科技示范、良种推广等方面的合作,分享经验和技术;扩大农业贸易和投资合作,搭建对话平台,鼓励更多企业参与对方农业发展。
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ