မေလီဆီးနှင်းတောင်ခြေတွင် တိဗက်ဖက်ရှင်ပြပွဲကို ကျင်းပခဲ့
2023-06-01 09:57|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) မေလ ၂ ရက်နေ့တွင် "ရောင်စုံယူနန်၏ အထွတ်အထိပ်-တယ်ချင်ရှိ လျှို့ဝှက်နေရာ မေလီဆီးနှင်းတောင်၏ ဖက်ရှင်ပြပွဲ" ဟူသော ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး လှုပ်ရှားမှုစီးရီးများကို တယ်ချင်ခရိုင်၌ အနှစ်သာရနှင့် ပြည့်စုံစွာ ကျင်းပခဲ့သည်။ ဤလှုပ်ရှားမှုများကို တယ်ချင်ခရိုင်၏ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း ဦးစီးဌာနသည် ဦးစီးကျင်းပ၍ ရှန်ဂရီလာမြို့ ဆန်ကျူပြေယွမ် ကုမ္ပဏီလီမိတက်သည် တာဝန်ခံကျင်းပခဲ့သည်။
အနှစ်သာရနှင့် ပြည့်စုံသော ဖက်ရှင်ပြပွဲတွင် ဆီဝမ့်ချူကျင်၊ sarduba နှင့် ကျင်ဇယ်ကူ ဟူသော အဝတ်တန်ဆာ အမှတ်တံဆိပ် ၃ ခု၏ ညှို့နိုင်စွမ်းကို ဖော်ပြခဲ့သည်။ တိဗက်အဝတ်အစား၏ သမိုင်းရှည်လျားပြီး ထွန်းလင်းတောက်ပသော သက်ရှိစွမ်းအားအား လူများကို တွေ့မြင်စေခဲ့နိုင်ရုံသာမက ပရိသတ်များကိုလည်း အဆိုပါ အမှတ်တံဆိပ် ၃ ခု၏ ခေတ်သစ်တွင် အမွေဆက်ခံသည့် ယဉ်ကျေးမှုဆိုင်ရာ ဖန်တီးနိုင်စွမ်းအား အမှန်တကယ် ခံစားစေခဲ့နိုင်သည်။
ဖက်ရှင်ပြပွဲတွင် တတ်ကျွမ်းသော မော်ဒယ်များသည် ဆီးနှင်းတောင်ခြေရှိ အစင်ပေါ်တွင် Catwalk show လုပ်ဆောင်ကြသည့်အပြင် ဒေသခံ ရိုးရာအဝတ်တန်ဆာပြပွဲလည်း ရှိသည်၊ ရိုးရာအရာများနှင့် ခေတ်မီအရာများအကြား၊ တိုင်းရင်းသားလူမျိုးနှင့် ခေတ်စားခြင်းအကြား ရှိသည့် ထိမိခြင်းသည် လှုပ်ရှားမှုများကို အနှစ်သာရနှင့် ပိုမိုပြည့်စုံစေခဲ့ကြသည်။ လှုပ်ရှားမှုများသည် ခရီးသည်နှင့်ဒေသခံ အများအပြားကို ရပ်နားပြီး ကြည့်ရှုရန် ဆွဲဆောင်ခဲ့ကြသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ











