၂၀၂၃ ခုနှစ် ရှန်ဂရီလာ ပြင်ပအားကစားလှုပ်ရှားမှုပွဲနှင့် တရုတ် ခရီးသွားလုပ်ငန်းနေ့ လှုပ်ရှားမှုများကို စတင်ကျင်းပခဲ့

2023-05-29 17:20|ရောင်စုံတိမ်တံတား

1310720311_16845503634341n

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့) မေလ ၁၉ ရက်နေ့တွင် ၂၀၂၃ ခုနှစ် ရှန်ဂရီလာ ပြင်ပအားကစားလှုပ်ရှားမှုနှင့် တရုတ် ခရီးသွားလုပ်ငန်းနေ့ လှုပ်ရှားမှုများကို ဖူတာဇော် အမျိုးသားဥယျာဉ်၌ တရားဝင် စတင်ကျင်းပခဲ့ကာ ၎င်းသည် နိုင်ငံတစ်ခုလုံးရှိ နေရာအသီးသီးမှ ပြင်ပအားကစား ဝါသနာပါသူများအား ရှန်ဂရီလာတွင် စုဝေးရန် ဆွဲဆောင်၍ အားကစား၊ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးတို့ ပေါင်းစပ်ထားသည့် ကြီးကျယ်ခမ်းနားသော ပြင်ပအားကစားလှုပ်ရှားမှုပွဲ တစ်ကြိမ်ကို စတင်ကျင်းပခဲ့သည်။ 

ဤအကြိမ်လှုပ်ရှားမှုပွဲသည် "ကမ္ဘာ့ ရှန်ဂရီလာ၊ ကမ္ဘာ့ ခြေလျင်လျှောက်ခြင်း သေဉ်မြေ" ဟူသော ခေါင်းစဉ်ဖြင့် ရည်ရွယ်ချက်မှာ တီချင့်ပြည်နယ်ခွဲရှိ တောတောင်ရေမြေ ပြင်ပအရင်းအမြစ်များကို အပြည့်အဝ ထုတ်ဖော်ရန်၊ ပြည်နယ်တစ်ခုလုံးရှိ ခရီးသွားလုပ်ငန်းများကို အားသွန်ခွန်စိုက် ဖွံ့ဖြိုးတိုးတက်ရန်၊ အားကစားနှင့် ခရီးသွားလုပ်ငန်းတို့ နက်ရှိုင်းစွာ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ဆင့်တိုး၍ မြှင့်တင်ရန်၊ တီချင့်ပြည်နယ်ခွဲကို "ကမ္ဘာ့ ခြေလျင်လျှောက်ခြင်း သေဉ်မြေ" အဖြစ် တည်ဆောက်ရန် ဖြစ်သည်။ လှုပ်ရှားမှုပွဲများကို မေလ ၁၉ ရက်နေ့မှ ဇွန်လ ၃ ရက်နေ့အထိ ကျင်းပမည်ဖြစ်ပြီး အဓိကကျင်းပရာနေရာတစ်ခုနှင့် ကျင်းပရာနေရာခွဲသုံးခုတွင် ဘက်စုံဆောင်ရွက်မည်ဖြစ်၍ "နေ့စဉ်နေတိုင်း လှုပ်ရှားမှုရှိခြင်း၊ ပွဲတစ်ခုတိုင်း ကြည့်၍ကောင်းခြင်း" ဖြစ်မြောက်အောင် လုပ်မည်ဖြစ်၍ "အားကစား+ ခရီးသွားလာရေး+ ရိုးရာယဉ်ကျေးမှု" ဟူသော နည်းလမ်းဖြင့် ပြင်ပအားကစား ဝါသနာပါသူများကို ခေါ်ဆောင်ပြီး တီချင့် ပြင်ပအားကစားလှုပ်ရှားမှုများ၏ ထူးခြားသော အားသာချက်များနှင့် ညှို့နိုင်စွမ်းများကို တွေ့ကြုံခံစားစေနိုင်မည် ဖြစ်သည်။

1310720311_16845503634381n

တီချင့်ပြည်နယ်ခွဲတွင် "ရှန်ဂရီလာ" "မြစ်သုံးသွယ် ပြိုင်တူစီးဆင်းရာ" "မေလီဆီးနှင်းတောင်" "ချာမာရှေးဟောင်းလမ်း (လက်ဖက်မြင်းလမ်း)" စသည့် နိုင်ငံတကာ နာမည်ကျော် ခရီးသွားအမှတ်တံဆိပ်များ ရှိသည်။ ယခုနှစ်များတွင် နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့နေရာအသီးသီးမှ ထောင်နှင့်ချီသော ခရီးသည်များသည် တီချင့်သို့ ခြေလျင်လျှောက်လာ၍ တီချင့်ပြည်နယ်ခွဲ၏ ခြေလျင်လျှောက်ရန် ခရီးသွားလာရေး၏ ကျော်ကြားမှုနှင့် ချီးကျူးမှုတို့သည် ဘက်စုံ တိုးမြှင့်လာနေသည် ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် ရှန်ဂရီလာ ပြင်ပအားကစားလှုပ်ရှားမှုပွဲနှင့် တရုတ် ခရီးသွားလုပ်ငန်းနေ့ လှုပ်ရှားမှုများ၏ စတင်ကျင်းပခဲ့ခြင်းသည် စိမ်းလန်းစိုပြေသော တောင်တန်းများနှင့် ကြည်လင်သော ရေများကို ပိတ်ကားအဖြစ်၊ မြက်ခင်းများနှင့် ပန်းပင်လယ်ကို ထိုင်ခုံများအဖြစ်၊ ဆီးနှင်းတောင်များ၊ လျှိုမြောင်များ၊ မြက်ခင်းပြင်များအတွင်း၌ လှပသော ရှုခင်းများကို ကြည့်ရှုပြီး တောင်မြင့်နှင့် ရေကန်များ၊ သဘာဝသစ်တောရိုင်းများအတွင်း၌ ပျော့ပျောင်းတင့်တယ်သော အခြေအနေများကို ရှာတွေ့ရန် လူများကို ခေါ်ဆောင်မည် ဖြစ်ကြောင်း တီချင့်ပြည်နယ်ခွဲ ပါတီကော်မတီ ဒုတိယအတွင်းရေးမှူး လီယန့်လမ်က ပြောကြားခဲ့သည်။ 

မေလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ အဓိကကျင်းပရာနေရာဖြစ်သည့် ဖူတာဇော် အမျိုးသားဥယျာဉ်ရှိ ဆူတူရေကန်ဘေး၌ ပြင်ပအားကစား ဝါသနာပါသူများသည် "အမြတ်တနိုး သိမ်းဆည်းထားသည့်" တီချင့်ပြည်နယ်ခွဲ၏ ပြင်ပခြေလျင်လျှောက် လမ်းကြောင်းများကို အပြည့်အဝ သိရှိနားလည်နိုင်ရုံသာမက ကမ္ဘာ့နေရာအသီးသီးမှ ခြေလျင်လျှောက်ခြင်း ဝါသနာပါသူများနှင့် ခြေလျင်လျှောက်ခြင်း၏ ပျော်ရွှင်မှုများကို အတူတူဆွေးနွေးနိုင်ကြပြီး "ကမ္ဘာ့ ခြေလျင်လျှောက်ခြင်း သေဉ်မြေဆိုင်ရာ ထပ်သီးဖိုရမ်"တွင်လည်း ပါဝင်နိုင်ခဲ့သည်၊ "နီဇူရွာမှ ဆူတူရေကန်သို့ ခြေချင်လျှောက်ပြိုင်ပွဲ" ကို ပျော်ရွှင်ခံစားနိုင်ပြီး ခြေချင်လျှောက်ခြင်း၏ အနှစ်သာရများကို လက်တွေ့ခံစာနိုင်ရုံသာမက ဖူတာဇော်တွင် စခန်းချခြင်း၊ ကနူးလှေလှော်ခြင်းနှင့် စက်ဘီးစီးခြင်း စသည့် အားကစားလှုပ်ရှားမှုများကို တွေ့ကြုံခံစားနိုင်ပြီး ရိုးရာအဆိုအကများ၊ ကျေးလက် အရပ်သာနေအိမ် အတွေ့အကြုံနှင့် ဒေသခံထက်ကုန်ပစ္စည်းများ ပြသရောင်းချခြင်း စသည့် ကြွယ်ဝသော လှုပ်ရှားမှုများတွင်လည်း ပါဝင်နိုင်ခဲ့ကြသည်။

1310720311_16845503634421n

မေလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ ရှန်ဂရီလာမြို့ ကျင်းပရာနေရာခွဲ၌ ဟာဘာဆီးနှင်းတောင်တက်ခြင်း၊ ဟင်ဟိုင်ရေကန်သို့ စခန်းချခြင်းနှင့် ခြေလျင်လျှောက်ခြင်းတို့ ဆောင်ရွက်ခဲ့၍ ကြီးကျယ်ခမ်းနားသော သဘာဝရှုခင်းများကို ခံစားကြည့်ရှုနိုင်ခဲ့သည်။ မေလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ဝေရှီးကျင်းပရာနေရာခွဲ၌ ယူနန်ရွှေချည်မွေးမျောက်၏ လှပသော နေအိမ်ခြံမြေကို စူးစမ်းလေ့လာနိုင်ခဲ့သည်။ မေလ ၃၀ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ တယ်ချင်း ကျင်းပရာနေရာခွဲ၌ ယီပိန်းသို့ ခြေလျင်လျှောက်ခြင်း၊ မေလီဆီးနှင်းတောင်နှင့် တွေ့ဆုံခြင်းတို့ကို ဆောင်ရွက်နိုင်ပြီး "နဂါငွေ့ကို ရင်ခွင်ထဲပွေ့ထားခြင်း၊ တောင်ကို ဖက်ယမ်းအိပ်ခြင်း" ကဲ့သို့သော အတွေ့အကြုံများကို ခံစားနိုင်ခဲ့သည်။ 

ယခုနှစ်တွင် ယူနန်ပြည်နယ် အားကစားဦးစီးဌနသည် "ယူနန်ပြည်နယ် အားကစားလုပ်ငန်း အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်ရေး သုံးနှစ်စီမံကိန်း (၂၀၂၃-၂၀၂၅ ခုနှစ်)" ကို ထုတ်ပြန်ခဲ့သည်၊ ဤအကြိမ် လှုပ်ရှားမှုပွဲသည် ယူနန်ပြည်နယ်၏ ပြည်နယ်တစ်ခုလုံး အားကစားနှင့် ပြည်နယ်တစ်ခုလုံး ခရီးသွားလုပ်ငန်းတို့ကို ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်စေသည့် စမ်းသပ်မှုတစ်ခုလည်း ဖြစ်၍ ယူနန်ပြည်နယ်ကို "ကုန်းပြင်မြင့် လေ့ကျင့်ရေး သေဉ်မြေ၊ ပြင်ပအားကစားသုခဘုံ၊ ရာသီလေးပါးရှိ မြိုင်ပွဲပျော်ပိုက်ရာရိပ်မြုံ" ဟူသော အမှတ်တံဆိပ် သုံးခုကို ဖန်တီးရန်အတွက် ကူညီပေးမည် ဖြစ်၍ ယူနန်ပြည်နယ်အတွက် အားကစားစားသုံးမှု လှုံ့ဆော်ရန်နှင့် အားကစားလုပ်ငန်းဆိုင်ရာ သုံးနှစ်စီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် အထောက်အကူပေးမည် ဖြစ်၍ ယူနန်ပြည်နယ်ကို ကုန်းပြင်မြင့် ထူးခြားချက်ရှိ အားကစားလုပ်ငန်း အားကောင်းသည့် ပြည်နယ်အဖြစ် တည်ဆောက်ရန်အတွက် ကူညီပေးမည် ဖြစ်သည်။

1310720311_16845503634341n

5月19日,2023年香格里拉户外运动大会暨中国旅游日活动在普达措国家公园正式启动,活动吸引了众多来自全国各地的户外运动爱好者齐聚香格里拉,开启一场集体育、文化、旅游为一体的户外运动盛宴。

本次大会以“世界的香格里拉、世界的徒步圣地”为主题,旨在充分发挥迪庆州的山水户外资源,大力发展全域旅游,进一步促进体育旅游深度融合发展,把迪庆打造成为“世界的徒步圣地”。大会将从5月19日持续至6月3日,在一个主会场、三个分会场全面开展,做到“天天有活动、场场都精彩”,通过“体育+旅游+民族文化”的形式带领户外运动爱好者体验迪庆户外运动的独特优势与魅力。

1310720311_16845503634381n

迪庆州拥有“香格里拉”“三江并流”“梅里雪山”“茶马古道”等国际知名旅游品牌。迪庆州委副书记李燕兰表示,近年来,每年都有成千上万来自世界各地的游客来到迪庆徒步旅游,迪庆州的徒步旅游知名度和美誉度正在全面提升。2023年香格里拉户外运动大会暨中国旅游日活动的开启,将以青山绿水为幕,草甸花海为席,带领大众在雪山、峡谷、草原里眼观绝妙的风景,在高山湖泊、原始森林里寻找曼妙的风情。

5月19日—5月21日,在主会场普达措国家公园属都湖畔,户外运动爱好者们既能充分了解“珍藏版”迪庆州户外精品徒步线路,又能与来自世界各地的徒步爱好者共话徒步乐趣,参与“世界的徒步圣地高峰论坛”;既能乐享“尼汝至属都湖徒步赛”,实地领略徒步运动的精彩,又可在普达措露营,体验皮划艇、自行车等运动项目并参与民族歌舞、乡村民宿体验、土特产展销等丰富的活动。

1310720311_16845503634421n

5月22日至5月25日,香格里拉市分会场将邀你攀登哈巴雪山,到黑海露营徒步,感受壮美的自然风光;5月25日至5月27日,维西分会场将邀你一起探秘滇金丝猴的美丽家园;5月30日至6月2日,德钦分会场将邀你徒步雨崩,遇见梅里,享受“揽星河入怀,拥山野而眠”的极致体验。

今年,云南省体育局印发《云南省体育产业高质量发展三年行动计划(2023—2025年)》,此次活动也是云南省推动全域体育与全域旅游融合发展的一次尝试,将为云南打造“高原训练胜地、户外运动天堂、四季赛事乐园”三大品牌提供助力,为云南拉动体育消费以及落实体育产业三年行动计划添砖加瓦,助力云南打造高原特色体育强省。(龙彦)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်