ယူနန်ပြည်နယ်ရှိ မိုးဆန်းပန်း အခိုင် ၉၄.၅ သောင်းကို မြန်နှုန်းမြင့်ရထားဖြင့် တစ်နိုင်ငံလုံးတွင် ရောင်းချ

2023-05-29 17:17|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့) ယခုနှစ်တွင် ယူနန့်ရထားလမ်းသည် မိုးဆန်းပန်း စုစုပေါင်း ၁၁၀၄ တန်၊ ၆၁၁၂၉ ခုကို သယ်ယူပို့ဆောင်းခဲ့သည် ဖြစ်ကြောင်း၊ "မေလ ၂၀ ရက်နေ့" အကြိုနေ့တွင် ယူနန့်ရထားလမ်းသည် မိုးဆန်းပန်း သယ်ယူပို့ဆောင်ရေး အထွတ်အထိပ်သို့ ရောက်ရှိခဲ့၍ မိုးဆန်းပန်းများ အမြန်သယ်ယူပို့ဆောင်းရေးလုပ်ငန်း၏ အော်ဒါအမှာစာပမာဏ လျင်မြန်စွာ တိုးလာခဲ့ကာ မေလ ၁ ရက်နေ့မှ ၁၉ ရက်နေ့အထိ မီးရထားဌာနသည် မိုးဆန်းပန်း ၂၆၂ တန်၊ ၁၈၉၇၉ ခု၊ အခိုင် ၉၄.၅ သောင်းခန့်ကို တစ်နိုင်ငံလုံးသို့  သယ်ယူပို့ဆောင်ခဲ့သည် ဖြစ်ကြောင်း သတင်းထောက်က မေလ ၂၀ ရက်နေ့တွင် China Railway Kunming Group Co.,Ltd. မှ သိရှိရခဲ့သည်။

"မေလ ၂၀ ရက်နေ့" အကြိုနေ့တွင် ကူမင်းရှိ နိုင်ငံတကာ ပန်းမန်များ လေလံတင်ရောင်းချရေးစင်တာ၏ မိုးဆန်းပန်းများ အရောင်းအ၀ယ်ပမာဏသည် များစွာ တိုးလာခဲ့သည်။ မိုးဆန်းပန်းများ ရောင်းချမှုနှင့် သယ်ယူပို့ဆောင်ရေး အထွတ်အထိပ်တို့ကို ရင်ဆိုင်နိုင်ရန် China Railway Kunming Group Co.,Ltd. သည် စျေးကွက်လိုအပ်ချက်များကို တက်ကြွစွာ ဖြည့်ဆည်းပေးကာ e-commerce၊ အမြန်ချောပို့ကုမ္ပဏီ စသည်တို့နှင့် ဆန္ဒအလျောက် ပူးပေါင်းပြီး မြန်နှုန်းမြင့်ရထား အမြန်သယ်ယူပို့ဆောင်ရေးနှင့် သာမာန်မြန်နှုန်း ပါဆယ်လွှဲအပ်တင်ပို့ခြင်းတို့ ပေါင်းစပ်သော နည်းလမ်းဖြင့် မိုးဆန်းပန်းများ သယ်ယူပို့ဆောင်ရေးစွမ်းရည်ကို ဆက်လက်တိုးမြှင့်၍ ယူနန့်မိုးဆန်းပန်းများကို ယူနန်ပြည်နယ်မှ လျင်မြန်စွာ ထွက်ခြင်းနှင့် တစ်နိုင်ငံလုံးသို့ ရောင်းချခြင်းတို့ကို အကောင်အထည်ဖော်ခဲ့သည်။

မေလ ၁၅ ရက်နေ့မှ ၁၉ ရက်နေ့အထိ China Railway Kunming Group Co.,Ltd. သည် ခရီးသည်များ၏ ခရီးထွက် လိုအပ်ချက်များကို ကျေနပ်တင်းတိမ်စေ သည့်အပြင် ကူမင်းတောင်ပိုင်းဘူတာရုံမှ ပီကင်းအနောက်ပိုင်းဘူတာရုံသို့ G402 ကျည်ဆန်ရထား၊ ကူမင်းတောင်ပိုင်းဘူတာရုံမှ ရှန်ဟိုင်း ဟုံချောင်ဘူတာရုံသို့ G1376 ကျည်ဆန်ရထားတို့၏ ရထားတွဲတစ်တွဲကို ကြိုတင်ချန်ထားပြီး မိုးဆန်းပန်းများ တင်ဆောင်သယ်ယူခဲ့ကာ မြန်နှုန်းမြင့်ရထားဖြင့် အမြန်သယ်ယူပို့ဆောင်ရေး၏ လျင်မြန်စွာရောက်နိုင်သည့် အားသာချက်ကို အပြည့်အဝ ထုတ်ဖော်၍  "ရထားလမ်း+ကားလမ်း" သယ်ယူပို့ဆောင်ရေးပုံစံ မှတစ်ဆင့် ဖောက်သည်များအား လုံခြုံပြီး သွက်လက်ဖျတ်လတ်သော ဝန်ဆောင်မှုများကို ခံစားစေခဲ့သည်။ မိုးဆန်းပန်းများ သယ်ယူပို့ဆောင်ရေး၏ လုံခြုံမှုနှင့် အချိန်မီမှု၊ ထိရောက်လျန်မြန်မှုနှင့် စီစဉ်ချောမွေ့မှုတို့ကို အာမခံချက်ရှိစေသည့်အတွက် China Railway Kunming Group Co.,Ltd. သည် China Railway Express Co.,Ltd.ကူမင်းကုမ္ပဏီခွဲနှင့် ပူးတွဲ၍ ပူးပေါင်းဆောင်ရွက်ရေးစနစ်နှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းစဉ်များကို ထူထောင်ခဲ့၍ ရထားထွက်ခွာချိန်၊ ထွက်ခွာသည့်အခါမှ လုံခြုံရေးစစ်ဆေးမှု၊ ကုန်တင်ကုန်ချ လွှဲပြောင်းပို့ဆောင်ခြင်း စသည့် လုပ်ငန်းအဆိုပြုချက်များကို ရှင်းလင်းပြတ်သားစွာ သတ်မှတ်ခဲ့၍ လမ်းခရီးစဉ်ရှိ စောင့်ကြပ်မှုနှင့် ဆိုက်ရောက်သည့်အခါမှ လွှဲပြောင်းပေးခြင်း စသည့် လုပ်ငန်းအစီအစဉ်နှင့် ပစ္စည်းကိရိယာများ အာမခံချက်ဆောင်ရွက်နည်းများကို ပြည့်စုံကောင်းမွန်စေခဲ့သည်။

မြန်နှုန်းမြင့်ရထား အမြန်သယ်ယူပို့ဆောင်ရေးသည် လုံခြုံလျင်မြန်သော၊ အချိန်မီထိရောက်သော သယ်ယူပို့ဆောင်ရေး ထူးခြားချက်များ ရှိသောကြောင့် ဖောက်သည်များနှင့် ကုန်ပစ္စည်းပိုင်ရှင်များ၏ နှစ်သက်မှုကို အမြဲတမ်း ရရှိခဲ့သည်။ နွေရာသီ ရောက်လာသည် နှင့်အမျှ ယူနန့်တောရိုင်းမှိုများသည် ဈေးတွင် အများအပြား စတင်ရောင်းချတော့မည် ဖြစ်သည်။ China Railway Kunming Group Co.,Ltd. သည် China Railway Express Co.,Ltd.နှင့် ပူတွဲပြီး ကောင်းမွန်သော "မြန်နှုန်းမြင့်ရထားလမ်း + ယူနန်ထုတ်ကုန်များ" အမြန်သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုကို ပေး၍ ယူနန်ပြည်နယ်ရှိ မိုးဆန်းပန်းများ၊ တောရိုင်းမှိုများ၊ သစ်သီးဝလံများနှင့် အခြားထုတ်ကုန်များကို တစ်နိုင်ငံလုံးသို့ ရောင်းချမည်အတွက် သယ်ယူပို့ဆောင်ရေးစွမ်းရည် ထောက်ခံမှုများကို ပေးမည် ဖြစ်သည်။ 

昆明信息港讯(昆明日报 记者王绍芬 通讯员邓瑜 黄先健5月20日,记者从中国铁路昆明局集团有限公司(以下简称“国铁昆明局”)获悉,今年以来,云南铁路累计发送鲜花1104吨61129件。“5·20”前夕,云南铁路迎来鲜花运输高峰,鲜花快运业务数量增长迅速,仅5月1日至19日,铁路部门就向全国发送鲜花262吨18979件,约94.5万枝。

据介绍,“5·20”前夕,昆明国际花卉拍卖中心鲜花交易量大幅增长。为应对鲜花销售和运输高峰,国铁昆明局积极对接市场需求,主动联合电商、快递企业等,通过高铁快运和普速行包托运相结合的方式,持续提升鲜花运输能力,实现云南鲜花快速出滇、畅销全国。

5月15日至19日,国铁昆明局在满足旅客出行需求的同时,对昆明南至北京西G402次、昆明南至上海虹桥G1376次动车组各预留一节车厢整车装运鲜花,并充分发挥高铁快运当日达、次晨达、次日达、隔日达的优势,通过“铁路+公路”的运输模式,让客户享受安全、便捷的服务。为保障鲜花运输安全正点、高效快捷及组织顺畅,国铁昆明局联合中铁快运昆明分公司建立协作机制及应急处置流程,明确列车开行、始发安检、装卸转运等工作方案,完善途中监控、到达交接等作业流程及设备保障措施。

高铁快运具有安全快捷、准时高效等运输特点,一直受到广大客户和货主的青睐。随着夏季的到来,云南野生菌也将大量上市。国铁昆明局将携手中铁快运提供优质的“高铁+云品”快运服务,为云南鲜花、野生菌、水果等产品畅销全国提供运力支持。



အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်