နဖတ်ဟိုင်ရေကန်ဘေး၌ မြက်ပင်များသည် တဖြည်းဖြည်း အစိမ်းရောင်ဖြစ်လာ
2023-05-26 17:00|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) နွေရာသီရောက်စအခါပြီးမှ ပထမဆုံး မိုးနှင့် ဆီးနှင်းများနှင့်အတူ တီချင့်ကုန်းပြင်မြင့်ပေါ်တွင် ပိုစိမ်းလာသည်။ နဖတ်ဟိုင်ရေကန်ဘေးတွင် ကုန်းပြင်မြင့်ရှိ နွေရာသီအငွေ့အသက်ကို ပိုများစွာ ထည့်သွင်းလာ၍ စိမ်းပြာပြာ ကန်ရေ၊ မြစိမ်းရောင် မြက်ခင်းပြင်နှင့် မြက်ခင်းပြင်ပေါ် လွတ်လပ်စွာ လမ်းလျှောက်နေသော နွားနှင့် ဆိတ်တို့သည် ကုန်းပြင်မြင့်ရှိ ထူးခြားသောရှုခင်း ဖြစ်သည်။ ၎င်းသည် နေရာအသီးသီးမှ ခရီးသည်များအား ခေတ္တရပ်နားပြီး ကြည့်ရှုရန် နက်ရှိုင်းစွာ ဆွဲဆောင်နေကြသည်။ မေဒေးနေ့ ကုန်ဆုံးသွားသော်လည်း နဖတ်ဟိုင်သို့ သွားရောက်လည်ပတ်ကြည့်ရှုသည့် ခရီးသည် အရေအတွက်မှာ လျော့ကျသွားခြင်း မရှိနှင့်၊ မြက်ခင်းပြင်ရှုခင်းများကို ခံစားကြည့်ရှုသည့်အတွက်နှင့် အထိမ်းအမှတ်ပြုရန် ဓာတ်ပုံရိုက်သည့်အတွက် ဤနေရာသို့ အထူးတလည် သွားခဲ့သည်ဖြစ်သည်ဟု ခရီးသည် အများအပြားက ပြောဆိုခဲ့ကြသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့












