တရုတ်-လာအို ရထားလမ်းဖြင့် သယ်ယူပို့ဆောင်သည့် ကုန်စည်သည် တန်ချိန် ၂၀ သန်း ကျော်လွန်
2023-05-26 15:18|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်လည်ပတ်ခဲ့သည်မှ ဤနှစ် မေလ ၁၆ ရက်နေ့အထိ တရုတ်-လာအို ရထားလမ်းတစ်လျှောက်လုံးတွင် သယ်ယူပို့ဆောင်သည့် ကုန်စည်သည် စုစုပေါင်း တန်ချိန် ၂၀ သန်း ကျော်လွန်ခဲ့သည်။ ၄င်းအနက် နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေး ပမာဏသည် တန်ချိန် ၄ သန်းကျော် ရှိ၍ တန်ဖိုး ယွမ် ၁၇.၇ ဘီလျံအထိ ရောက်ရှိခဲ့သည်။
တရုတ်-လာအိုရထားလမ်း ဖွင့်လှစ်လည်ပတ်ပြီးနောက်ပိုင်း ပို့ဆောင်သည့် ကုန်စည်အမျိုးအစားသည် တစ်နေ့ထက်တစ်နေ့ ပေါများကြွယ်ဝလာ၍ ဖွင့်လှစ်သည့် အစအဦးကာလတွင် ၁၀ မျိုးကျော်မှ လက်ရှိတွင် အမျိုး ၂ ထောင်ကျော်အထိ တိုးချဲ့လာခဲ့သည်။ တရုတ်နိုင်ငံမှ လာအိုနိုင်ငံသို့ ပို့ဆောင်သည့်
ကုန်ပစ္စည်းများသည် အဓိအားဖြင့် စက်ပစ္စည်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ ဟင်းသီးဟင်းရွက်၊ မိုးဆန်းပန်း၊ စက်ပစ္စည်းအစိတ်အပိုင်း စသည်တို့ဖြစ်၍ လာအို၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာ စသည့် "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်ခု" အတူတည်ဆောက်သည့် နိုင်ငံများကို လွှမ်းခြုံထားသည်။ လာအိုနိုင်ငံမှ တရုတ်နိုင်ငံသို့ ပို့ဆောင်သည့် ကုန်ပစ္စည်းများသည် အဓိအားဖြင့် သတ္တုရိုင်း၊ ပီလောပီနံ၊ ကျိတ်ပင်စေ့ စသည်တို့ဖြစ်သည်၊ တရုတ်-လာအိုရထားလမ်းဖြင့် တရုတ်နိုင်ငံရှိ ပြည်နယ် (တိုင်းရင်းသား ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ၊ မြို့) သို့ ရောက်နိုင်၍ လမ်းတစ်လျှောက်ရှိ စက်မှုလုပ်ငန်းကွင်းဆက်၊ ထောက်ပို့ရေးကွင်းဆက်တို့၏ တည်ငြိမ်မှုနှင့် ချောမွေ့မှုတို့အတွက် ခိုင်မာသော အထောက်အပံ့ကို ပေးခဲ့သည်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ယူနန်ပြည်နယ် မိုဟန်ရထားလမ်းနယ်စပ်ဂိတ်ရှိ တင်သွင်းသည့် သစ်သီးဝလံများအတွက် သတ်မှတ်ထားသော ကြီးကြပ်ရေးနေရာကို တည်ဆောက်ပြီးမြောက်ပြီး စတင်အသုံးပြုနိုင်ခဲ့သည်ဖြစ်၍ တရုတ်-လာအို ရထားလမ်းသည် သစ်သီးဝလံများ တင်သွင်းရာတစ်ခုလုံးတွင် ရထားလမ်းဖြင့် သယ်ယူပို့ဆောင်သည့် စွမ်းရည်ကို တရားဝင်ရရှိခဲ့သည်ဖြစ်၍ အရှေ့တောင်အာရှမှ သစ်သီးဝလံများကို တရုတ်-လာအို ရထားလမ်း "လန်ချန်း-မဲခေါင် အမြန်လမ်း" နိုင်ငံတကာ ကုန်စည်ရထားဖြင့် ကူမင်းမြို့သို့ သယ်ယူပို့ဆောင်ခဲ့သည်ဖြစ်၍ တရုတ်-လာအို ရထားလမ်း၏ ကုန်စည်ပို့ဆောင်ရေး ပမာဏကို တည်ငြိမ်စွာတိုးလာစေခဲ့သည်။ ဤနှစ် ဇန်နဝါရီလမှ ဧပြီလအထိ တရုတ်-လာအို ရထားလမ်းဖြင့် ကုန်စည် စုစုပေါင်း တန်ချိန် ၆၆၉ သောင်းကို ပို့ဆောင်ခဲ့၍ ပြီးခဲ့သည့် ကာလတူထက် တန်ချိန် ၄၀၈ သောင်း၊ ၁၅၆ ရာခိုင်နှုန်း တိုးလာခဲ့သည်။
တင်သွင်းလာသော သစ်သီးဝလံများ၏ သိမ်းဆည်းနိုင်သောကာလ တိုတောင်းပြီး သယ်ယူပို့ဆောင်ချိန် ကန့်သတ်ချက် မြင့်မားသော ထူးခြားချက်လက္ခဏာများကြောင့် ရထားလမ်းဌာနသည် "တရုတ်-လာအို ရထားလမ်း + တရုတ်-ဥရောပ ရထား" နှင့် "တရုတ်-လာအို ရထားလမ်း + နောက်ဘက် ကုန်းရေနှစ်သွယ် လမ်းကြောင်းသစ် ရထား" စသည့် ရထားလမ်းဆိုင်ရာ နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး ပုံစံသစ်များကို တက်ကြွစွာ စူးစမ်းရှာဖွေခဲ့၍ သယ်ယူပို့ဆောင်ရေး စွမ်းဆောင်ရည်ကို မြှင့်တင်သည့်အပြင် တရုတ်-လာအို ရထားလမ်း၏ ဖြာထွက်ခြင်းသက်ရောက်မှုကို မြှင့်တင်ခဲ့သည်။
新华社昆明5月17日电(记者丁怡全)据中国铁路昆明局集团有限公司消息,中老铁路自2021年12月开通运营至今年5月16日,全线累计发送货物突破2000万吨。其中,跨境货运量超400万吨,货值达177亿元。
据了解,中老铁路开通运营以来,发送货物品类日益丰富,从开通初期的10余种拓展到目前的2000余种。中国发运到老挝的货物主要是机械设备、家用电器、蔬菜、鲜花、机械配件等,覆盖老挝、泰国、越南、缅甸等多个共建“一带一路”国家;从老挝发运到中国的货物主要是金属矿石、木薯、薏米等,通达中国25个省(区、市),为沿线产业链、供应链的稳定畅通提供了有力支撑。
2022年12月,云南磨憨铁路口岸进境水果指定监管场地建成投入使用,中老铁路正式具备入境水果全铁路运输能力,东南亚水果搭乘中老铁路“澜湄快线”国际货物列车抵达昆明,促进中老铁路货运量稳步提升。今年1月至4月,中老铁路累计发送货物669万吨,同比增加408万吨、增长156%。
针对进口水果保鲜期短、运输时限要求高的特点,铁路部门积极探索“中老铁路+中欧班列”“中老铁路+西部陆海新通道班列”等铁路国际运输新模式,提升运输效率,同时增强中老铁路的辐射效应。
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ