တာ့ကွမ်းဥယျာဉ်၏ တောင်ဘက်ဥယျာဉ်ရှိ တရုတ်နှင်းဆီပန်းများသည် ဝေဝေဆာဆာပွင့်ဖူးနေ

2023-05-25 10:47| ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်မိုးဆန်းပန်းများ၏ တန်ဆာဆင်ခြင်းသည် နွေရာသီအစပိုင်းတွင် ကူမင်းကို ရိုမန်တစ်အနံ့အသက်များ အပြည့်အဝရှိစေသည်၊ အခုတလော၊ တာ့ကွမ်းဥယျာဉ်၏ တောင်ဘက်ဥယျာဉ်ရှိ တရုတ်နှင်းဆီပန်းများသည် ဝေဝေဆာဆာပွင့်ဖူးနေ၍ ဓာတ်ပုံရိုက်ရန်နှင့် လည်ပတ်ရန် ခရီးသည်များသည် အမျှင်မပြတ် ရောက်လာသည်၊ ဥယျာဉ်ထဲတွင် တရုတ်နှင်းဆီပန်း အမျိုးပေါင်း ၂၀၆ မျိုးသည် ယှဉ်ပြိုင်ပွင့်ဖူးနေသည်။

1404387_2048x2048

1404388_2048x2048

1404389_2048x2048

တာ့ကွမ်းဥယျာဉ်၏ တာဝန်ခံသူက မိတ်ဆက်ခြင်းအရ တရုတ်နှင်းဆီဥယျာဉ်သည် စုစုပေါင်း မျက်နှာပြင်ဧရိယာ အကျယ်အဝန်း စတုရန်းမီတာ ၁.၃ သောင်းရှိ၍ ဥယျာဉ်ထဲတွင် တရုတ်၊ ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျပန် ဟူသော ပြသရေးဒေသ ၅ ခုကို ခွဲခြားပါဝင်ထားကာ တရုတ်နှင်းဆီ ၆၆ မျိုး၊ ပြင်သစ်နှင်းဆီ ၆၁ မျိုး၊ ဂျာမနီနှင်းဆီ ၂၆ မျိုး၊ ဗြိတိန်နှင်းဆီ ၃၃ မျိုးနှင့် ဂျပန်နှင်းဆီ အမျိုး ၂၀ စုစုပေါင်း ၂၀၆ မျိုးကို စိုက်ပျိုးထား၍ ၄င်းအနက် Double နှင်းဆီနှင့် Single နှင်းဆီ အချို့ကို ပါဝင်ထားသည်။

1404390_2048x2048

1404391_2048x2048

လှပသော တရုတ်နှင်းဆီပန်းများအပြင် ဥယျာဉ်ထဲမှ တရုတ်နှင့် အနောက်တိုင်း ပေါင်းစပ်ထားသော အဆောက်အဦးများကိုလည်း သေသေချာချာ ကြည့်ရှုထိုက်သည်။ ဥယျာဉ်ခြံဝင်း၏ အလယ်ဗဟိုရှိ စက်ဝိုင်းပုံအဆောက်အဦးသည် ရောမမြို့ရှိ စက်ဝိုင်းပုံဇာတ်ရုံနှင့် တူသည်ဖြစ်ကာ အနီရောင် အုတ်နံရံနှင့် အရောင်မျိုးစုံ တရုတ်နှင်းဆီများသည် အပြန်အလှန် တန်ဆာဆင်ပြီး ပနံသင့်လှပေ၍ ထူးခြားသော လှပမှု ဖြစ်လာသည်။

ယခုအချိန်တွင် ဥယျာဉ်အတွင်းရှိ တရုတ်နှင်းဆီပန်းများသည် ဝေဝေဆာဆာ ပွင့်ဖူးချိန်သို့ ဝင်ရောက်ပြီဖြစ်၍ တရုတ်နှင်းဆီဥယျာဉ်သည် ၄င်း၏ အလှဆုံးသော အချိန်ကာလကို ကြိုဆိုလာသည်။ ကူမင်းမြို့ တာ့ကွမ်းဥယျာဉ် အခမဲ့ ဖွင့်လှစ်ထားပြီး တရုတ်နှင်းဆီပန်းများကို ရှုစားရန်လည်း အခကြေးငွေမယူနှင့်၊ ခရီးသည်များနှင့် မြို့သူမြို့သားများသည် ဥယျာဉ်ဖွင့်လှစ်ချိန်အတွင်း အဝင်လက်မှတ်မဝယ်ဘဲ ဝင်ထွက်သွားလာနိုင်၍ တာ့ကွမ်းဥယျာဉ်၏ တောင်ဘက်ဥယျာဉ်မှ ဥယျာဉ်ထဲသို့ ဝင်ရောက်လျှင် တရုတ်နှင်းဆီဥယျာဉ်သို့ မိနစ်အနည်းငယ်ကြာ လမ်းလျှောက်ရောက်နိုင်သည်။

1404392_2048x2048

鲜花的装点让初夏的昆明充满了浪漫的气息,目前大观公园南园的月季进入盛花期,前来拍照游玩的游客络绎不绝,全园206个不同品种的月季争相怒放。

1404387_2048x2048

1404388_2048x2048

1404389_2048x2048

大观公园负责人介绍,月季园总占地1.3万平方米,园内分为中国、德国、英国、法国、日本5个展示区,种植中国月季66个品种、法国月季61个品种、德国月季26个品种、英国月季33个品种、日本月季20个品种,共206个品种,包含重瓣月季及部分单瓣月季。

1404390_2048x2048

1404391_2048x2048

除了美不胜收的满园月季,园内中西合璧的构筑物也值得细赏。庭院中央的圆形建筑形似罗马圆形剧场,红色的砖墙与各色爬藤月季相映成趣,形成独特美感。

如今,满园的月季进入盛花期,月季园迎来了它最美的时刻。昆明市大观公园免费开放,赏月季同样不收费,游客及市民无需门票就可在开园时间出入,从大观楼南园入园,步行几分钟就可进入月季园。(昆明日报 全媒体记者杨羽航)

1404392_2048x2048

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်