ကူမင်းမြို့ရှိ ဟိုင်ကေဥယျာဉ်တွင် ခြောက်လပန်း ၁၀ မိုသည် ဝေဝေဆာဆာပွင့်ဖူးနေ၍ အလွန်လှပ
2023-05-18 15:05|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုတလော၊ ဟိုင်ကေဥယျာဉ်တွင် ၁၀ မို ကျယ်ဝန်းသော ခြောက်လပန်းပင်လယ်သည် လူကြိုက်များသော သွားရောက်ကြည့်ရှုရန် နေရာအသစ်တစ်ခုဖြစ်လာ၍ မြို့သူမြို့သား အများအပြားကို ဓာတ်ပုံရိုက်ရန်နှင့် သွားရောက်ကြည့်ရှုရန် ဆွဲဆောင်ခဲ့သည်။
မေလ ၆ ရက်နေ့ နံနက် ၈ နာရီခွဲတွင် ကူမင်းမြို့ရှိ ဟိုင်ကေဥယျာဉ်တွင် တည်ရှိသော ရင့်ရှန့်တိန်ချီးပန်းခြံသည် အများပြည်သူသို့ ဖွင့်လှစ်ခဲ့၍ တံခါးဖွင့်ခြင်းနှင့်အမျှ လူအများအပြားသည် ဥယျာဉ်ထဲသို့ စီးဆင်းဝင်ခဲ့ပြီး ခရီးသည်အချို့သည် ပစ္စည်းမျိုးစုံပါယူပြီး ဝင်ရောက်ခဲ့ကြသည်။
တိန်ချီးရေကန်ပေါ်မှ တိုက်လာသည့် လေညင်းနှင့်အမျှ၊ ခရီးသည်များ ဓာတ်ပုံရိုက်သောကြောင့် ပေါ်ထွက်လာသည့် အသံများနှင့်အမျှ၊ Endless Summer စသည့် အမျိုးအစားမတူသော ခြောက်လပန်းများသည် ဝေဝေဆာဆာ ပွင့်ဖူးနေကြသည်။ "ကူမင်းမြို့မှာ နေရာအနှံ့ ပန်းတွေရှိပေမဲ့ အဲဒီလို ကြီးမားတဲ့ ခြောက်လပန်းပင်လယ်ကိုတော့ အခု ကူမင်းမှာ ဒီတစ်ခုပဲ ရှိတာ"ဟု ရင့်ရှန့်တိန်ချီးပန်းခြံ၏ တာဝန်ခံ မစ္စကွမ်းက ပြောခဲ့သည်။
အခုအချိန်သည် ခြောက်လပန်းများ ဝေဝေဆာဆာပွင့်ဖူးသော အချိန်ကာလဖြစ်၍ ဤပန်းများသည် ဇူလိုင်လအထိ ဆက်လက်ပွင့်ဖူးနိုင်မည်ဟု ခန့်မှန်းထားသည်။ သတိထားရမည့်အချက်မှာ ရင့်ရှန့်တိန်ချီးပန်းခြံကို နံနက် ၈ နာရီခွဲမှ ည ၇ နာရီအထိ ဖွင့်လှစ်မည်ဖြစ်၍ ၄င်းအနက် ညနေ ၄ နာရီမှ ၅ နာရီခန့်အထိ လူအများဆုံးသော အချိန်ကာလဖြစ်သောကြောင့် ဤအချိန်ကို ရှောင်ရှားနိုင်မှသာ ပျော်ပျော်ရွှင်ရွှင်သွားပြီး ပျော်ပျော်ရွှင်ရွှင်ပြန်လာနိုင်သည် ဖြစ်သည်။
近日,海埂公园西码头的10亩绣球花海成了新晋网红打卡地,吸引了众多市民前去拍照打卡。
5月6日早上8时30分,位于昆明市海埂公园西码头的印象滇池开门迎客,大门刚刚打开,不少人涌入园中,一些游客甚至带着各式各样的装备入园。
迎着滇池传来的阵阵海风,在游客们的拍照咔嚓声中,无尽夏、红舞、玫红妈妈、梦之蓝、魔幻红宝石、太阳神殿、小町、沙织小姐、星星糖、魔幻海洋、灵感、易多梦幻、中华木绣球……不同品种的绣球花开得热烈。“昆明无处不飞花,但像这样大的绣球花海,目前昆明仅此一家。”印象滇池负责人关先生介绍说。
当下,正是绣球花的盛花期,花期预计将持续至7月份。需要注意的是,印象滇池的开园时间是8:30-19:00,其中,下午四五点是人流高峰期,错峰出行,方能乘兴而来尽兴而归。(春城晚报-开屏新闻 记者李鸿睿 文 龙宇丹 摄)
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ