စိုက်ပျိုးရေးသမိုင်း နှစ်ပေါင်းထောင်ချီ ရှိပြီး မွှေးရနံ့ ပြည့်ပြည့်ဝဝ ရှိသည့် ဘောင်ဟုံလက်ဖက်
2023-05-10 17:49|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) လက်ဖက်ရွက်သည် ဝါဖျော့ဖျော့အရောင်နှင့် စိမ်းညိုညိုအရောင် ဖြစ်သည်၊ လက်ဖက်ရွက်အဖူးအညွန့်သည် ဆူဖြိုးထွားကျိုင်းပြီး ပြောင်လက်သည်။ ၎င်းသည် ယူနန်ပြည်နယ်ရှိ တစ်ခုတည်းသော လက်ဖက်ရွက်သေးသည့် လက်ဖက်မျိုး ဖြစ်ပြီး ထန်မင်းဆက်မှစ၍ စတင်စိုက်ပျိုးခဲ့ကာ ယခုအချိန်အထိ နှစ်ပေါင်းထောင်ချီ သမိုင်း ရှိပြီ၊ ဤလက်ဖက်သည် မင်မင်းဆက်နှင့် ချင်မင်းဆက်တို့တွင် ဘုရင်၏ ကန်တော့လက်ဖက် ဖြစ်ခဲ့၍ ရှေးခေတ်နှင့်ခေတ်သစ်တို့တွင် လက်ဖက်ထဲမှ အကောင်းဆုံးတစ်မျိုးအဖြစ် ထင်မှတ်ခံလျက်ရှိသည်။ ၎င်းသည် "၁၀ မီတာအတွင်း မွှေးရနံ့ နမ်းမိနိုင်သော" လက်ဖက် ဟူသော နာမည်ကောင်း ရှိသည့် ဘောင်ဟုံလက်ဖက် ဖြစ်သည်။
"တရုတ်လက်ဖက်ပညာစွယ်စုံကျမ်း" ဟူသော စာအုပ်၏ ရေးသားဖော်ပြချက်အရ ဘောင်ဟုံလက်ဖက်ကို ထန်မင်းဆက်တွင် ဘောင်ဟုံဘုရားကျောင်းမှ ဘုန်းကြီးသည် ဤဘုရားကျောင်းထဲ၌ သွင်းယူစိုက်ပျိုးခဲ့၍ နောက်နောင်တွင် ဘောင်ဟုံတောင်တစ်ဝိုက်တွင် တိုးချဲ့စိုက်ပျိုးခဲ့ကာ တောင်၏နာမည်ဖြင့် လက်ဖက်ကို နာမည်ပေးသောကြောင့် ဘောင်ဟုံလက်ဖက် ဟုခေါ်သည် ဖြစ်ကြောင်း သိရှိရသည်။ နာမည်ကျော်သော တောင်ပေါ်တွင် နာမည်ကျော်သော လက်ဖက်ကို ထွက်လျက်ရှိသည်၊ ဘောင်ဟုံလက်ဖက်သည် ယီလျန်ခရိုင် အနောက်မြောက်ဘက်နှင့် ၅ ကီလိုမီတာ ကွာဝေးသော ဘောင်ဟုံတောင်ပေါ်မှ ထွက်လျက်ရှိသည်၊ ဘောင်ဟုံတောင်သည် ပင်လယ်ရေမျက်နှာပြင်ထက် မီတာ တစ်ထောင်ကျော် ရှိပြီး မိုးရေချိန်ကြွယ်ဝခြင်း၊ မြူခိုးမြူနှင်း တလူလူ ဖြစ်ခြင်း၊ နေရောင်ထိုးခြင်း လုံလောက်ခြင်း၊ မြေဆီလွှာထဲမှ သြဂဲနစ်ဓာတ်များပြားပြီး မြေသြဇာထက်သန်၍ လေဝင်လေထွက် ကောင်းခြင်း စသည့် ထူးခြားသော ပထဝီအနေအထား အခြေအနေများကြောင့် ၄င်း၏ အရည်အသွေးကို အထက်တန်းစားဖြစ်စေသည်။
ဆွတ်ခူးခြင်း၊ ခင်းဖြန့်ခြင်း၊ အပူပေးခြင်းမှ ခြောက်သွေ့စေခြင်းအထိ၊ ပီသသောအစီအစဉ်၊ တိကျသေချာသော အပြုအမူနှင့် တင်းကြပ်သော လက်မှုအတတ်ပညာစလုံးသည် ဘောင်ဟုံလက်ဖက်ကို မွှေးကြိုင်စေသည့် အာမခံချက်များ ဖြစ်ကြသည်။
လက်ဖက်သည် သေးငယ်သောအရွက်တစ်ရွက်သာ ဖြစ်သော်လည်း တရုတ်နိုင်ငံ၏ ရှေးဟောင်းသော ယဉ်ကျေးမှုများ ပါရှိသည်။ ဘောင်ဟုံလက်ဖက်၏ မွှေးရနံ့သည် နှစ်ပေါင်းထောင်နှင့်ချီသော လူသားများ၏ ဉာဏ်ပညာကို စုစည်းထားသည်။ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ဘောင်ဟုံလက်ဖက်သည် ယူနန်ပြည်နယ်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းထဲတွင် အရွေးခံခဲ့သည်။ ယခုအချိန်တွင် ယီလျန်ခရိုင်ရှိ ဘောင်ဟုံလက်ဖက် စိုက်ပျိုးဧရိယာသည် အမို ၁.၅ သောင်းကျော် ကျယ်ဝန်းပြီဖြစ်၍ ကူမင်းရှိ စိုက်ပျိုးရေးထုတ်ကုန်၏ ပထဝီအမှတ်အသားအနေနှင့် ဘောင်ဟုံလက်ဖက်၏ မွှေးရနံ့သည် ပိုဝေးသောနေရာများသို့ ပြန့်နှံ့ရောက်ရှိကြမည် ဖြစ်သည်။
茶叶嫩黄青绿,芽叶肥厚油润。它是云南唯一的小叶种茶,种植始于唐代,至今已有千年,曾为明清皇帝礼佛贡茶,古今视为茶之极品,它就是有“十里香”茶之称的宝洪茶。
据《中国茶经》的记载,宝洪茶自唐代由宝洪寺僧人培育引种于寺内,其后扩大种植于宝洪山一带。茶以山名,称‘宝洪茶’。名山出名茶,宝洪茶产于宜良县城西北5公里的宝洪山,宝洪山海拔高达1000多米,雨量充沛、云雾缭绕、光照充足,土壤有机质含量高、肥力强、通透性好等等,这些独特的地理条件成就了它上等的品质。
从采摘、摊放、杀青到辉锅,每一步流程地地道道,每一个动作踏踏实实,层层严格的工艺,都是宝洪茶芳香的保证。
茶,一片小小的树叶,却蕴含中国古老的文明。宝洪茶的每一缕芳香,凝聚着世人千百年的智慧。2016年10月,宝洪茶入选云南省级非物质文化遗产项目。如今,宜良县宝洪茶种茶面积已超过1.5万亩,作为昆明农产品的地理标志,宝洪茶的香味还将飘向更远方。(文字 视频制作/卢芝珍 刘莹)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ