ကူမင်းဧရိယာအပိုင်းရှိ ပထမဆုံး "အစိုးရ၊ ဘဏ်နှင့် လုပ်ငန်း ဝန်ဆောင်မှုဌာန"ကို ဖွင့်လှစ်ခဲ့
2023-04-30 14:50|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) ဧပြီလ ၂၄ရက်နေ့တွင် တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်းသည် တရုတ်နိုင်ငံ စက်မှုနှင့် စီးပွား ရေးဘဏ် (ICBC)မှ ကူမင်းဧရိယာအပိုင်းရှိ ဘဏ်ခွဲ၌ "အစိုးရ၊ ဘဏ်နှင့် လုပ်ငန်း ဝန်ဆောင်မှုဌာန"နှင့် စီးပွားရေးပတ်ဝန်းကျင် အကဲခတ်စခန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
"အစိုးရ၊ ဘဏ်နှင့် လုပ်ငန်းဝန်ဆောင်မှုဌာန"သည် စျေးကွက်အဖွဲ့အစည်းများ မှတ်ပုံတင်ပြီး ထူထောင်ခြင်း၊ ဘဏ်တွင် အကောင့်ဖွင့်လှစ်ခြင်း၊ ဉာဏပစ္စည်းမူပိုင်ခွင့်ကို အပေါင်းခံပစ္စည်းအဖြစ် ဘဏ်မှ ထုတ်ချေးငွေရရှိခြင်း ဆိုင်ရာ အထွေထွေ ငွေရေးကြေးရေးဝန်ဆောင်မှု စသည့် စွမ်းဆောင်နိုင်မှုများကို တချိန်တည်းရှိ၍ အစိုးရဝန်ဆောင်မှုများကို ကူမင်းဧရိယာအပိုင်းရှိ ဘက်စုံဝန်ဆောင်မှုစင်တာခန်းမမှ ဘဏ်ခွဲများသို့ တိုးချဲ့ပြီး လုပ်ငန်းကုမ္ပဏီများအတွက် ပိုမိုကောင်းမွန်စွာ ဝန်ဆောင်မှုပေးနိုင်ပြီး စျေးကွက်အဖွဲ့အစည်းများ အတွက် ပိုမိုလွယ်ကူသာ ဝန်ဆောင်မှုများကို ပေးနိုင်မည်ဖြစ်သည်။
အနာဂတ်တွင် ကူမင်းဧရိယာအပိုင်းရှိ "အစိုးရ၊ ဘဏ်နှင့် လုပ်ငန်း ဝန်ဆောင်မှုဌာန"သည် ပိုများသော ဘဏ်ခွဲများတွင် ရှေ့ပြေးစမ်းသပ်မည်ဖြစ်သည်။ ထို့အပြင် ကူမင်းဧရိယာအပိုင်းသည် လမ်းများတွင် စျေးကွက်ကြီးကြပ်မှု ဝန်ဆောင်မှုများကိုလည်း တိုးချဲ့ဆောင်ရွက်ခဲ့ပြီ။ လက်ရှိတွင် ကူမင်းမြို့ စျေးကွက် ကြီးကြပ်ရေးနှင့် စီမံခန့်ခွဲမှုဌာနမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန်ရှိ ဌာနခွဲသည် ကူမင်းမြို့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန်ရှိ အလာရှမ်လမ်း၊ လျို့ယန်လမ်းတို့တွင် လက်မှတ်လျှောက်ထားခြင်း ပြတင်းပေါက်ကို ထူထောင်ခဲ့သည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်" ရထား ဖွင့်လှစ်ပြေးဆွဲခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ




