ပထမသုံးလပတ်တွင် တရုတ်-လာအို ရထားလမ်း ကုန်စည်တင်သွင်းတင်ပို့မှု ပမာဏသည် တန်ချိန် ၁၀၃၃ ထောင် ရှိ
2023-04-21 11:15|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) တရုတ်-လာအို ရထားလမ်း နိုင်ငံတကာ ကုန်တင်ရထားများ၏ တာထွက်ရာနေရာ ဖြစ်သော ကူမင်းမြို့ ဝမ်ကျားယင် ကွန်တိန်နာစင်တာတွင် ကုန်တင်ကုန်ချကားများသည် အလုပ်များကို အပူတပြင်း ဆောင်ရွက်နေပြီး ကူမင်းအကောက်ခွန်ရုံး၏ စောင့်ကြပ်ရေးအမှုထမ်းများသည် စစ်ဆေးမှုများကို ဆောင်ရွက်နေ၍ တင်ဆောင်ထားသည့် ကုန်ပစ္စည်းများကို တရုတ်-လာအို နိုင်ငံတကာ ကုန်တင်ရထားဖြင့် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့သို့ ပို့ဆောင်မည်ဖြစ်သည်။
ယခုနှစ် ပထမသုံးလပတ်တွင် ကူမင်းအကောက်ခွန်ရုံးမှ စစ်ဆေးပြီး မောင်းနှင်သွားလာသည့် တရုတ်-လာအို ရထားလမ်း ကုန်စည်တင်သွင်းတင်ပို့မှု ပမာဏသည် တန်ချိန် ၁၀၃၃ ထောင် ရှိပြီး မနှစ်ကအလားတူအချိန်ကာလထက် ၂၇၄.၄ ရာခိုင်နှုန်း တိုးမြှင့်လာခဲ့သည်ဖြစ်ကြောင်း ယခုတလော သတင်းထောက်က သိရှိခဲ့ရပါသည်။ တရုတ်-လာအို နိုင်ငံတကာ ကုန်တင်ရထားသည် တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် ကုန်စည်ပို့ဆောင်ရေး၏ စွမ်းရည်နှင့် စွမ်းဆောင်ရည်ကို ဖြည်းဖြည်းနှင့်မှန်မှန် မြှင့်တင်ပေးသည့်အပြင် တရုတ်နိုင်ငံနှင့် အာဆီယံတို့အကြား အဆင်ပြေလျင်မြန်သော ကုန်စည်စီးဆင်းမှုလမ်းကြောင်းကိုလည်း တည်ဆောက်၍ "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်"တစ်လျှောက် ဒေသများ၏ စီးပွားရေးနှင့် လူမှုရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုအတွက် ခိုင်မာသောတွန်းအားကိုလည်း ထည့်သွင်းသည်။
ဧပြီလ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံး ရထားလမ်းသည် ကုန်တင်ရထားပြေးဆွဲလမ်းအသစ်အရ စတင်ပြေးဆွဲစေပြီးနောက် တရုတ်-လာအို ရထားလမ်းသည် နယ်စပ်ဖြတ်ကျော် ကုန်တင်ရထား ၂ စီးကို တိုးလာပြီး ပြေးဆွဲသည့်ရထားပေါင်း ၆ စီးအထိ ရောက်ရှိလာပြီး နယ်စပ်ဖြတ်ကျော် ကုန်တင်ရထား စုစုပေါင်း ၁၄ စီး ခုတ်မောင်းပြေးဆွဲခဲ့၍ တရုတ်-လာအို ရထားလမ်း၏ နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေး စွမ်းရည်ကို တစ်ဆင့်တက်၍ တိုးမြှင့်စေခဲ့သည်။
在中老铁路国际货物列车起点站昆明市王家营集装箱中心站货场,装卸叉车正在紧张作业,昆明海关监管人员正在进行现场查验,装载的货物将通过中老铁路国际货物列车运往老挝万象。
日前,记者了解到,今年第一季度昆明海关累计监管验放中老铁路进出口货运量103.3万吨,同比增长274.4%。中老铁路国际货运不仅稳步提升中老两国之间跨境物流运能和效率,也在中国和东盟间构建起了一条便捷的物流大通道,为“一带一路”沿线地区经济社会高质量发展注入强劲动力。
从全国铁路4月1日实行新的货物列车运行图后,中老铁路增开跨境货物班列2列,班列总量达到6列,累计开行跨境货物列车14列,中老铁路国际物流运能得到进一步提升。(云南网 记者 杨峥)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- "ဝေလငါးပင်လယ်အော် - တိမ်ပင်လယ်ပန်းခင်း - လေလိုအဆောက်အဦး" ခရီးသွား တိုက်ရိုက်ဘတ်စ်ကား စတင်ပြေးဆွဲခဲ့
- ချုံချင့်-ကူမင်း မြန်နှုန်းမြင့်ရထားလမ်း စခင်း၊ ကူမင်းမြို့မှ ချုံချင့်မြို့သို့ ဟော့ပေါ့သွားစားနိုင်တော့မည်
- ကဗျာဆန်မှုနှင့် တွေ့ဆုံခြင်း၊ ယူနန်ရထားလမ်းမှ ပန်းရှုစားခြင်း အထူးရထား စတင်ပြေးဆွဲခဲ့
- ကူမင်း-ယွိရှီး ရထားလမ်းရှိ ကူယန်ဘူတာရုံကို ပြန်လည်ပြုပြင်ပြီးနောက် ပြန်ဖွင့်ခဲ့
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
တရုတ်-လာအို-ထိုင်း ပထမဆုံး ရထားလမ်းတစ်လျှောက် အအေးခန်း သစ်သီးတင်သီးသန့်ရထား ကူမင်းသို့ ရောက်ရှိလာခဲ့
- ရပ်ဝန်းနှင့် ပိုးလမ်းမ၊ ကူမင်းမြို့မှ စတင်ထွက်ခွာပြီး လာအိုသို့ ရထားဖြင့် အလည်သွားခြင်း
- ယူနန်ပြည်နယ်၏ ပန်းလုပ်ငန်းများကိုယ်စားလှယ်အဖွဲ့သည် အလယ်အာရှ ပရော်ဖက်ရှင်နယ်ပြပွဲတွင် ပထမဆုံးအကြိမ် ပါဝင်ခဲ့
- တရုတ်နိုင်ငံ ကျင်ဟုန်မြို့- လာအိုနိုင်ငံ ပန်ရှန်ကော် နိုင်ငံတကာ ခရီးသည်တင် ဘတ်စ်ကားလိုင်းကို တရားဝင် စတင်ပြေးဆွဲ
- André Haspels က နယ်သာလန်-တရုတ် ပူးပေါင်းဆောင်ရွက်မှုသည် ပန်းကဲ့သို့ ဝေဆာပွင့်လန်းနေကြောင်း ပြောကြားခဲ့








