ကူမင်းမြို့ ဖူမင်ခရိုင်ထွက်ချယ်ရီသီးများကို စျေးတွင် စတင်ရောင်းချ

2023-04-17 16:11|ရောင်စုံတိမ်တံတား

1

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်အခုရက်များတွင် ကူမင်းမြို့ ဖူမင်ခရိုင် တုံးချွင်းမြို့နယ် တုလန်ကျေးရွာ၌ စိုက်ပျိူးထားသည့် ချယ်ရီသီးများ ရင့်မှည့်လာပြီ ဖြစ်၍ နီရဲရဲဖြစ်သည့် အကိုင်းအခက်များပေါ်တွင် ချယ်ရီသီးအများအပြား သီးနေကြပြီး လူများကို သွားရည်ကျစေသည်။ မြို့သူမြို့သားများနှင့် ခရီးသည်များသည် ချယ်ရီသီးများကို ဆွတ်ခူးရန် သစ်သီးခြံထဲသို့ ဝင်ရောက်နိုင်ရုံသာမက အွန်လိုင်းတွင်လည်း မှာယူနိုင်သည်ဖြစ်၍ ကူမင်းမြို့၏ ဆောင်းဦးရာသီထဲမှ ဤအစားအစာနှစ်သက်သူများ၏ "ကောင်းကျိုး"ကို ခံစားနိုင်သည်။

2

တုံးချွင်းမြို့နယ်သည် ချယ်ရီသီးများ၏ ဇာတိရပ်ရွာအဖြစ် လူသိများသည် ဖြစ်၍ နှစ်ရာနှင့်ချီသော ချယ်ရီစိုက်ပျိုးရေးသမိုင်းကို ရှိ၍ ဖူမင်ခရိုင်ရှိ ချယ်ရီသီးထွက်ရာဒေသများထဲမှ တစ်ခုဖြစ်၍ မြို့နယ်တစ်ခုလုံးတွင် ချယ်ရီ အမို ၁ ထောင်ကျော်ကို စိုက်ပျိုးထားသည်။ တုံးချွင်းမြို့နယ်ရှိ ချယ်ရီစိုက်ပျိုးရာနေရာများသည် တုလန်ကျေးရွာ၌ အဓိကအားဖြင့် ပြန့်နှံ့ထား၍ ဖူတူ dry-hot valley(DHV) ၌ တည်ရှိသော တုလန်ကျေးရွာသည် ပူနွေးသော ရာသီဥတု၊ မြေသြဇာထက်သန်သော မြေဆီလွှာနှင့် ကြီးမားသော အပူချိန်ကွာခြားချက် ရှိသောကြောင့် ဤနေရာမှ ချယ်ရီသီးများသည် အခြားဒေသများထက် တစ်ပတ်မှ နှစ်ပတ်အထိ ပိုစောပြီး ရင့်မှည့်သည်။ လက်ရှိအချိန်တွင် တုံးချွင်းမြို့နယ်ရှိ ချယ်ရီသီးဆွတ်ခူးသည့် စျေးနှုန်းသည် တစ်ကီလိုဂရမ်လျှင် ယွမ် ၄၀ မှ ၆၀ အထိ ဖြစ်၍ ဧပြီလကုန်အထိ ဆက်လက်ဆွတ်ခူးနိုင်မည် ဖြစ်သည်။

3

တုလန်ကျေးရွာသည် သဘာဝပတ်ဝန်းကျင် ကောင်းမွန်သောကြောင့် လူသိများသော အမျိုးသားအဆင့် တောတောင်ကျေးရွာတစ်ခုဖြစ်သည်၊ တုံးချွင်းမြို့နယ်သို့ ရောက်လျှင် ချယ်ရီသီးများ ဆွတ်ခူးခြင်းနှင့် မြည်းစမ်းခြင်းအပြင် ခရီးသည်များသည် တောတောင်ထဲတွင် ဖြည်းဖြည်းချင်းလမ်းလျှောက်ရင်း သဘာဝလောကကြီး၏ ညှို့နိုင်စွမ်းများကို ခံစားနိုင်သည်။ ထို့ပြင်၊ ညစ်ညမ်းမဲ့ ဒေသန္တရထွက်ကြက်သား၊ ဝက်သား၊ ကြက်ဥ၊ စားတော်ပဲနှင့် ရာသီအလိုက် ဟင်းသီးဟင်းရွက်များကိုလည်း များစွာ ရှိ၍ အထူးဆုံးသော "တုံးချွင်းမြို့နယ်ရှိ ရတနာသုံးပါး" ဟူသော တိုဖူးခွန်၊ တင်းတင်းသကြား (သကြားတစ်မျိုး)နှင့် စားတော်ပဲမုန့်များကိုလည်း မြည်းစမ်းနိုင်သည်။ တစ်ချိန်တည်းတွင် သဘာဝရေပူစမ်းသို့ ရေချိုးသွားနိုင်၍ အိမ်သူအိမ်သားများ၊ မိတ်ဆွေများနှင့် ဆုံစည်းသည့် အားလပ်ချိန်များကို ဖြည်းညှင်းစွာ ခံစားနိုင်သည်။

4

ဖူမင်ခရိုင် တုံးချွင်းမြို့နယ်သို့ လည်ပတ်သွားချင်လျှင် ကူမင်းမြို့ရှိ ဖူကျီဖလိုင်းအိုဖါ သို့မဟုတ် ထောင်ယွန်လမ်းဆုံမှ ကျောက်ဇီတောင်ခရီးသွားလမ်းပေါ်သို့ တက်ပြီးနောက် ကားမောင်းဖြင့် မိနစ် ၅၀ နီးပါးကြာ တုံးချွင်းမြို့နယ် တုလန်ကျေးရွာရှိ ချယ်ရီသီးခြံသို့ ရောက်နိုင်သည်။ 



1

昆明信息港讯 记者段佳琪 近段时间,昆明市富民县东村镇杜朗村的樱桃成熟了,红彤彤的樱桃挂满枝头,让人垂涎欲滴。市民游客可入园采摘也可在线订购,感受昆明春天这一波吃货“福利”。

2

东村镇是远近闻名的樱桃之乡,有着上百年的樱桃种植历史,是富民县樱桃主产区之一,全镇种植樱桃1000余亩。据介绍,东村镇樱桃种植主要集中在杜朗村,地处普渡干热河谷的杜朗村气候温热、土壤肥沃、温差较大,比其他地区要早一到两周。目前,东村樱桃采摘的价格40至60元/公斤,可以持续到4月底。

3

此外,杜朗村是远近闻名的国家级森林乡村,自然环境优越,来到东村,除了采摘、品尝樱桃,游客还可以漫步山野,感受天然氧吧的魅力。另外,绿色无公害的纯土鸡、土猪肉、土鸡蛋、豌豆、时鲜蔬菜也多不胜数,还可以品尝到最具特色的“东村三宝”臭豆腐、丁丁糖、豌豆凉粉。同时,还可以去原始部落野温泉泡个澡,慢慢享受与家人、朋友小聚的悠闲时光。

4

到富民东村游玩,从昆明普吉立交或桃园路口上轿子山旅游专线,近50分钟车程就能到达东村杜朗樱桃园。


အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်