တာ့လီမြို့ အယ်ယွန်ခရိုင်ရှိ ရှီးဟူကန်စိုစွတ်မြေတွင် ငန်းကြီးများ ပေါ့ပါးဖျတ်လတ်စွာ ပျံဝဲနေ၍ အလွန်ခန့်ညားထည်ဝါဖြစ်

2023-03-17 16:16|ရောင်စုံတိမ်တံတား

(ရောင်စုံတမ်တံတား လဲ့ရွှေရည်ဆောင်းယွန်းပြီး နွေသစ်ချိန်တွင် ငန်းကြီးများသည် တာ့လီ ဘိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ အယ်ယွန်ခရိုင်ရှိ ရှီးဟူကန်စိုစွတ်မြေ၏ ဇာတ်လိုက်များဖြစ်သည်။ မြူဆိုင်းသည့်ရေပြင်နှင့် ကျယ်ဝန်းလှသော ကန်ရေပြင်ပေါ်တွင် ငန်းကြီးများသည် ပျံဝဲနေပြီး အော်သံများ ထွက်ပေါ်လာလျက်ရှိသည်။

ငန်းကြီးများသည် အစုလိုက်အအုပ်လိုက် စိုစွတ်မြေထဲတွင် အစာရှာနေကြသည်၊ သို့မဟုတ် ကန်ရေပြင်ပေါ်တွင် မြူးထူးစွာကစားနေကြသည်၊ သို့မဟုတ် ကောင်းကင်တွင် လွတ်လွတ်လပ်လပ် ပျံဝဲနေကြသည်။ ၄င်းတို့သည် အပြာရောင်ဖြစ်သော ကောင်းကင်ထဲတွင် အစုလိုက်အအုပ်လိုက် ပျံသန်းနေကြသည့်အခါ အမူအရာများ ပေါ့ပါးဖျတ်လတ်ဖြစ်ပြီး အလွန်ခန့်ညားထည်ဝါဖြစ်ပြီး သက်ရှိစွမ်းအားကို တိုးစေသည်။

1314492_2048x2048

ပူနွေးသော နေရောင်အောက်တွင် ရှီးဟူကန်၏ ရေသည် ကြည်လင်ပြီး ငန်းကြီးများသည် ပေါ့ပါးဖျတ်လတ်စွာ ပျံဝဲနေကြပြီး ရေပြင်ပေါ်ရှိ လူနေအိမ်များ၊ စိမ်းလန်းသော တောင်တန်းများနှင့် ကြည်လင်သော ရေများ စသည်တို့ဖြင့် လှပသော ကျေးလက်သဘာဝပန်းချီကား တစ်ချပ်ကို ဖွဲ့စည်းဖြစ်လာသည်။

1314493_2048x2048

ငန်းကြီးသည် ငန်းမျိုးစုတွင်ရှိသည့် ငှက်မျိုး၏ ယေဘုယျအခေါ်အဝေါ် ဖြစ်သည်၊ တူညီသော ထူးခြားချက်သည် ၄င်းတို့၏ ကိုယ်လုံးကိုယ်ပေါက်သည် ပိုကြီးပြီး ၎င်းတို့ကို တောရိုင်းငန်း ဟုလည်းခေါ်ကြ၍ တရုတ်နိုင်ငံ အမျိုးသားအဆင့် ဒုတိယတန်းစား ကာကွယ်ထိန်းသိမ်းရေး တိရစ္ဆာန်ဖြစ်သည်။ ငန်းကြီးများသည် စိတ်အားထက်သန်မှု အပြည့်ရှိ၍ ၎င်းတို့၏ အပေါင်းအဖော်များကို အားပေးနိုင်ပြီး ပျံသန်းနေသည့် အဖော်များကို အော်သံများဖြင့် အားပေးနိုင်သည်။ တရုတ်နိုင်ငံတွင် တွေ့လွယ်သော အမျိုးအစားများသည် Anser cygnoides၊ Anser anser၊ Anser fabalis၊ Anser albifrons စသည်တို့ကို ပါဝင်သည်။

အခုနှစ်များတွင် အယ်ယွန်ခရိုင်သည် "စိမ်းလန်းစိုပြေသည့် တောတောင်ရေမြေသည် ရွှေတောင်ငွေတောင်ဖြစ်ခြင်း" ဟူသော အတွေးအမြင်ကို ခိုင်မာစွာထူထောင်ခဲ့၍ ဂေဟစနစ် တည်ဆောက်မှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်စွမ်းများကို ခိုင်မြဲစွာမြှင့်တင်ကာ ပြာသောကောင်းကင်၊ စိမ်းလန်းသောမြေ၊ ကြည်လင်သောရေနှင့် လှပသော ကမ်းရိုးတန်းတို့ကို ထုလုပ်၍ အယ်ဟိုင်ရေကန်၏ မြစ်ဖျားခံရာ၏ ကန်ရေ ကြည်လင်စေရန်၊ ရေကန်ဘေးတွင် ရုက္ခပင် များပြားထူထပ်စေရန် ရေထွက်ပစ္စည်း ပေါများစေရန်အတွက် ဆောင်ရွက်ခဲ့ရာ အယ်ဟိုင်ရေကန်၏ မြစ်ဖျားခံရာသည် ငန်းကြီး စသည့် ဧည့်သည်ငှက်များ ဆောင်းရာသီကူးရန် နားနေသော နေရာကောင်း ဖြစ်လာပြီဖြစ်၍ အများဆုံး သောင်းနှင့်ချီပြီး ရှိကာ "အယ်ဟိုင်ရေကန်၏ မြစ်ဖျားခံရာတွင် ဧည့်သည်ငှက်များ ပေါ့ပါးဖျတ်လတ်စွာ ပျံဝဲခြင်း" မြင်ကွင်းသည် နေရာအသီးသီးမှ ခရီးသည်များကို ဆွဲဆောင်လာခဲ့သည်။

冬末春初,大雁是大理州洱源县西湖湿地的主角。烟波浩渺的湖面上,群雁翱翔、雁声阵阵。

成群结队的大雁或在湿地里觅食,或在湖面嬉戏,或在天空自由翱翔。当它们成群在湛蓝天空中飞舞,姿态蹁跹,蔚为壮观,增添灵动。

1314492_2048x2048

暖阳照耀下,西湖水波光粼粼、大雁翩跹、水上人家、青山绿水……构成了一幅美丽的乡村生态画卷。

1314493_2048x2048

大雁是雁属鸟类的通称,共同特点是体形较大,也称野鹅,属国家二级保护动物。大雁热情十足,能给同伴鼓舞,用叫声鼓励飞行的同伴。中国常见的有鸿雁、灰雁、豆雁、白额雁等。

近年来,洱源县牢固树立“绿水青山就是金山银山”的理念,扎实推进生态建设和环境保护力度,打造了天蓝地绿水清岸美和洱海源头,湖水清澈,湖畔植被茂密,水产丰富,已成为大雁等众多候鸟栖息越冬的良好场所,最多时达几万只,“候鸟翩跹洱海源头”的景象吸引各地游客纷至沓来。(春城晚报—开屏新闻记者 王利绚 通讯员 施新弟 段正孝)


အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်