ပန်းပွင့်ချိန်ရောက်ပြီ၊ နွေဦးရာသီထဲမှ အချိန်းကို ပါဝင်ရန် ကျင့်နင်ခရိုင်သို့ သွားရောက်
2023-03-16 14:39|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) နွေဦးရာသီရောက်ပြီး ပန်းပွင့်ချိန်ရောက်ပြီ။ ကူမင်းဟွမ်ဟူနန်လမ်းအတိုင်း လျှောက်သွားလျှင် ကျင့်နင်ခရိုင် ကျင့်ချိမ်လမ်း ဆာတီကျေးရွာကော်မတီ ယီကျားကုပ်ရှရွာရှိ မုန်ညင်းစိမ်းပန်းများသည် ဝေဝေဆာဆာ ပွင့်ဖူးချိန်သို့ ဝင်ရောက်ခဲ့သည်ကို တွေ့နိုင်သည်။
နွေဦးလေပြေတိုက်ပြီး ရွှေဝါရောင်ဖြစ်သော မုန်ညင်းစိမ်းပန်းပင်လယ်သည် နေကဲ့သို့ ထွန်းလင်းတောက်ပနေသဖြင့် လူတို့ကို ဝမ်းမြောက်ရွှင်လန်းစေကြသည်၊ အစိမ်းရောင် မီးရထားကလေးသည် ရွှေဝါရောင်ဖြစ်သော မုန်ညင်းစိမ်းပန်းပင်လယ်ထဲ၌ ရပ်နေသည်။
ယီကျားကုပ်ရှရွာသည် ဒေသခံအထူးအရသာရှိသည့် စားသောက်ဆိုင်များနှင့် ဘာဘီကျူးများကို သွင်းယူခဲ့၍ လှပသော ရှုခင်းများရှိရုံသာမက အစားအစာများလည်း ရှိသည်။
ဟွမ်ဟူနန်လမ်းအတိုင်း တောင်ဘက်သို့သွားလျှင် သေသပ်ချောမွေ့သော စခန်းချနေရာတစ်ခုကို မြင်တွေ့ရသည်။ ၎င်းသည် ကျင့်နင်ခရိုင် ဆောင်ဆမ်မြို့နယ်ရှိ တံငါရွာကလေးဖြစ်သည်။
သုံးဖက်စလုံးတွင် ရေပတ်ဝန်းနေသည့် တံငါရွာကလေး၌ နေရာအနှံ့ ရေကို မြင်တွေ့နိုင်ပြီး နေရာအနှံ့ ရေသည် ကြည်လင်သည်၊ ၄င်းကို လယ်ကောင်းနှင့် စိုစွတ်မြေများ ဝန်းရံထားပြီး ရွာထဲ၌ ဝါးပျဉ်ထောင်အိမ်၊ ငါးဖမ်းသေတ္တာ၊ တံငါလှေနှင့် ဆိပ်ကမ်း စသည်တို့ကိုလည်း ရှိကြသည်၊ ထူးခြားသော ရသဖြင့် တံငါရွာယဉ်ကျေးမှုများကို ရှင်းပြ၍ "ရေပေါ်တံငါရွာ" ၏ ကျေးရွာစွဲမှတ်ထင်ဟပ်ချက်များကို ထုတ်ယူဆင်ခြင်သည်။ ရွက်ထည်တဲဟိုတယ်၊ ရေပေါ်စားသောက်ဆိုင်၊ စခန်းချနေရာ၊ ရွာသူရွာသား ဖွင့်ထားသည့် တံငါထမင်းစားပွဲ၊ အထူးအစားအစာ၊ တံငါအရပ်သားနေအိမ် စသည်တို့ကို ရွာထဲတွင် ရောထွေးယှက်တင်၍ ပြန့်နှံ့နေသည်။
တောင်ဘက်သို့ ဆက်သွားလျှင် ရိုးအပုံများပေါ်လွင်လျက်သော "ဝေလငါး" တစ်ကောင်သည် တိန်ချီးရေကန်၏ ရေမျက်နှာပြင်ပေါ်တွင် တဖွားဖွားပေါ်လာသည်။ ကမ်းနံဘေး၌ ရွာသည် အနက်ရောင် အုတ်ကြွပ်များနှင့် အဖြူရောင် နံရံများ ရှိပြီး စိမ်းလန်းစိုပြေသော သစ်ပင်များ ဝန်းရံခံထားသည်၊ ၎င်းသည် တိန်ချီးရေကန် တောင်ဘက်ကမ်းရှိ ကျင့်နင်ခရိုင် ဟိုင်ကေကျေးရွာ ဖြစ်သည်။
ဟိုင်ကေကျေးရွာသည် ယူနန်ပြည်နယ် ကျင့်နင်ခရိုင် နန်တိန်ချီးနိုင်ငံတော်စိုစွတ်မြေဥယျာဉ်နှင့် နီးကပ်ပြီး ရုက္ခပင်များ၊ ငှက်များ၊ ငါးများနှင့် လူများတို့သည် ဤနေရာ၌ အဆင်ပြေပြေပြစ်စွာ တူယှဉ်ကြီးထွားနေကြသည်။ တိန်ချီးရေကန်၏ သာယာလှပသော ရှုခင်းများကို မှီခို၍ ၄င်းထဲတွင် ဖြည်းဖြည်းချင်းလမ်းလျှောက်လျှင် ကြီးမားကျယ်ပြောလှသည့် ရေရှုခင်းများ၊ စိမ်းလန်းစိုပြေသော ရုက္ခပင်များ၊ ပန်းကို လိပ်ပြာဝိုင်းပတ်ပျံသန်းခြင်းနှင့် ကြာပန်းများ၏ မွှေးရနံ့တို့ကို ခံစားနိုင်သည်။ စိုစွတ်မြေဥယျာဉ်တစ်ခုလုံး၌ ရုက္ခပင်များ အမျိုး ၁၀၀ ကျော် စိုက်ပျိုးထားပြီး သစ်ပင်ပေါင်းပင်များ စုခြုံ၍ ပေါက်ပြီး မြက်များ ကြွယ်ဝပေါများသည်၊ ဤအစိမ်းရောင်ပင်လယ်တွင် အေးအေးဆေးဆေး စိမ်ပြေနပြေနှင့် လမ်းလျှေက်ပြီး ငှက်များ ပျံသန်းခြင်းကို မကြာခဏကြည့်နိုင်၍ ဇီဝမျိုးစုံမျိုးကွဲများ၏ ညို့နိုင်စွမ်းကို အပြည့်အဝ ပြသနိုင်သည်။
春日到,花期已至。顺着昆明环湖南路前行,晋宁区晋城街道沙堤村委会余家沟下村的油菜花进入了盛花期。
春风吹,金黄色的油菜花海灿烂若阳,让人心生欢喜;绿皮小火车停泊在金黄的油菜花海中。
余家沟下村还引入了具有当地特色风味的美食餐厅和自助烧烤,既有美景亦有美食。
沿着环湖南路继续往南行,一片精致的露营地出现在眼帘,这里是晋宁区上蒜镇的小渔村。
三面环水的小渔村,处处见水、处处水清,良田湿地环抱,村内还有竹楼阁、渔笼、渔船、码头……以独特的韵味诠释渔村文化,演绎“水上渔村”的乡村印象。村内错落分布着帐篷酒店、水上餐厅、露营地、村民开设的渔家宴、特色小吃、渔家民宿等。
继续往南,一只憨态可掬的“鲸鱼”浮现在滇池湖面。岸边村庄青瓦白墙,绿树环绕,这里是滇池南岸的晋宁海埂村。
海埂村毗邻云南晋宁南滇池国家湿地公园,植物、鸟类、鱼类和人在这里和谐共生。依托旖旎的滇池风光,漫步其间可以欣赏到浩瀚水景、悠悠绿植、蝶绕繁花与水榭荷香。整个湿地公园种满了植物百余种,树木丛生,百草丰茂,徜徉在这绿色的海洋中,看鸟儿不时飞过,生物多样性的魅力展现得淋漓尽致。(春城晚报-开屏新闻 记者杨质高 通讯员郭涛)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
- ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် တောတောင် ရှုခင်းကြည့်ရထားသည် လိကျန်းမြို့တွင် စတင်ပြေးဆွဲ
- ကမ္ဘာ့"ရှန်ဂရီလာ"မှ ပန်းခရီးစဉ် နွေဦးပန်းပြပွဲကို ကျင်းပနေ
- ကူမင်းမြို့ ဘတ်စ်ကားကုမ္ပဏီသည် နွေဦးရာသီခရီးစဉ်အတွက် ဘတ်စ်ကားလိုင်း ၂၆ လိုင်းကို စတင်ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကူမင်းမြို့ ကျင့်နင်ရပ်ကွက်တွင် Truffle ကို စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားစေ
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု