ယွမ် ၁၀၀ နဲ့ ကူမင်းမြို့ရှိ နန်ချမ်လမ်းညစျေးမှာ အစားအစာ ဘယ်လောက်ဝယ်နိုင်သလဲ
2023-03-08 17:28|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အားလုံးသိတာက နန်ချမ်လမ်းညစျေးရဲ့ ထူးခြားချက်ဟာ များပြားခြင်း ဖြစ်တယ်၊ လူတွေများ၊ ကစားစရာတွေများ၊ စားစရာတွေလဲ အများကြီး ရှိတယ်။
ဒီနေ့ အယ်ဒီတာက မင်းတို့ကို ယွမ် ၁၀၀ နဲ့ နန်ချမ်လမ်းညစျေးမှာ အစားအစာ ဘယ်လောက်ဝယ်နိုင်သလဲဆိုတာ ပြမယ်။
ယုလင်ချဉ်ဖတ်
အရောင်းကောင်းတဲ့ ပင်မှည့်သီးတွေ၊ မတ်စန်းတွေနဲ့အတူ ချက်ပြုတ်တဲ့ ကြက်ခြေဖဝါးတွေက နှုတ်မြိန်ဖို့ အရမ်းသင့်လျော်တယ်။
ဒါပေမယ့် ကြက်ခြေဖဝါးနဲ့ နှိုင်းယှဉ်ရင် ပိုက်ဆံများများမရှိတဲ့ အယ်ဒီတာက ဒီဆိုင်ရဲ့ ဆားသိပ်သစ်သီးတွေကို ပိုပြီး အကြံပြုချင်တယ်၊ ဇီးသီးသုပ်၊ နာနတ်သီးသုပ်၊ စတော်ဘယ်ရီသီးသုပ်၊ သရက်သီးသုပ် စတာတွေပါဝင်တယ်။ ကြည့်လို့ မကောင်းပေမယ့် စားလို့ အရသာ အရမ်းရှိတယ်။
ဘော့စ်ကို နည်းနည်းလျှော့ပေးပါဦးလို့ အတိအကျ မှာကြားလိုက်တယ်၊ ဒီတစ်ပွဲက ၁၁ ယွမ်သာလိုပြီး အသီးအနှံတွေရဲ့ ပေါက်ဈေးနဲ့ယှဉ်ရင် စျေးအရမ်းချိုတယ်လို့ ထင်တယ်။
ယိခုတ်·ပုစွန်မုန့်
ပင်လယ်အစားအစာကင် နှစ်သက်တဲ့ သူငယ်ချင်းတို့ရေ ဒီလူကြိုက်များတဲ့ ပုစွန်ကင်ရောင်းဆိုင်ကို လက်လွတ်မခံသင့်ပါဘူး။ ပျမ်းမျှစျေးနှုန်းက တစ်ခုရင် ၃ ယွမ်ဖြစ်ပြီး ကြည်လင်ပြတ်သားတဲ့ ပုစွန်အသားကို သာမန်မျက်စိနဲ့ မြင်နိုင်ပြီး ပန်းကန်လုံးအသေးတိုင်းထဲမှာ ပုဇွန်အသား အပြည့်ရှိတယ်။
တစ်ပွဲက ကနုကမာဆီ၊ တောင်ပေါ်ခရမ်းချဉ်သီးဆော့စ်၊ ခရမ်းချဉ်သီးဆော့စ်နဲ့ ချိုချဉ်စပ်ဆော့စ် စတာတွေနဲ့အတူ စားနိုင်တယ်။ ပန်းကန်သေးသေးလေးတစ်လုံးထဲ ဆော့စ်တစ်မျိုး ထည့်ရတယ်။
အများဆုံးအကြံပြုတဲ့ ဟင်းခတ်အမွှေးအကြိုင် နှစ်မျိုးက တောင်ပေါ်ခရမ်းချဉ်သီးနှင့် ကနုကမာဆီဖြစ်ပြီး ယူနန်ဝိသေသလက္ခဏာရှိတဲ့အပြင် ချိုဆိမ့်မှုအတွက်လဲ မဆိုးဘူး။ စားတဲ့အခါ တစ်ကြိမ်တစ်ကောင်စားပြီး မလုံလောက်ပါဘူး။
ညှပ်ခေါက်ဆွဲ
ဒီလမ်းပေါ်ရှိ လူကြိုက်များဆဲ့ ဆိုင်လဲဖြစ်ပြီး ဒီညှပ်ခေါက်ဆွဲဆိုင်ကလေးမှာ မလွတ်နိုင်တဲ့ အရသာလဲ ဖြစ်တယ်။
၁၂ ယွမ်သာနဲ့ ညှပ်ခေါက်ဆွဲ ၅ မျိုးကို မြည်းစမ်းကြည့်နိုင်လို့ ကြားရတာ အရမ်းတန်တယ်လို့ ထင်တာ ဟုတ်လား။
တစ်ခုတည်းတဲ့ အားနည်းချက်က လူအရမ်းများတာပဲ၊ ညှပ်ခေါက်ဆွဲ ချက်ပြုတ်တာလဲ အချိန်ကြာကြာကုန်ရလို့ စောင့်ဆိုင်းချိန်က ပိုကြာတယ်။
မုန်လာဥနီ၊ ကြွက်နားရွက်မှို၊ မှိုခြောက်မွှေး၊ ကြက်သွန်မြိတ် ဝက်သားကျော်၊ တရုတ်ကြက်သွန်မြိတ် ဝက်သားကျော် အရသာ စုစုပေါင်း ၅ မျိုး ရှိတယ်။ မှိုခြောက်မွှေးက ရိုးရာတဲ့ အရသာဖြစ်တာကြောင့် အကြံပြုတယ်။ ချဉ်တဲ့ ရှာလကာရည်နဲ့အတူ စားရင် ပိုမိုနှုတ်မြိန်စေမှာပါ။
နို့ခြောက်ကင်
ငန်တဲ့အစားအစာ များများစားပြီးရင် ချိုတဲ့အစားအစာတွေလဲ စီစဉ်ရမှာပါ။ ဒီဆိုင်(စုံရှန်ဇယ်စန်းလီ) မှာရောင်းတဲ့ နို့ခြောက်ကင်တွေကို ငါက လာလည်တိုင်း ဝယ်ရမှာပါ။
အရသာ ၉ မျိုးရှိပြီး လူအကြိုက်ဆုံးတာ နှင်းဆီအရသာနဲ့ ထောပတ်အရသာတို့ဖြစ်တယ်။ စျေးနှုန်းက တစ်ခုရင် ၁၂ ယွမ်လိုပြီး နည်းနည်းကြီးပေမယ့် အစားထိုးနိုင်တဲ့ဆိုင် မရှိပါဘူး။
ချိုတဲ့အရသာ အနည်းငယ်နဲ့ နွားနို့ရဲ့ ညှီစော်တဲ့အရသာ အနည်းငယ်ရှိတဲ့ ဒီထူးခြားတဲ့ အရသာကို ယူနန်ပြည်နယ်မှာပဲ မြည်းစမ်းနိုင်တယ်။
အာလူးထောင်
အာလူးက ယူနန်လူမျိုးတွေအတွက် အဓိကအစားအစာ တစ်မျိုးဖြစ်တယ်၊ ဒီတိုင်အစားအစာရောင်းဆိုင်မှာ အာလူးထောင်း စားမှာပါ။
သံပယိုသီး၊ Capsicum frutescens (ငရုတ်သီးတစ်မျိုး)၊ ရှမ်းနံနံနဲ့ အားလူတွေကို အတူတူထောင်းပြီးနောက် အရသာတွေ ကောင်းမွန်ပြည့်ဝစွာ ရောနှောပေါင်းစပ်ထားတယ်၊ စပ်ချဉ်တဲ့ အစားအစာတွေကို ကြိုက်တဲ့လူတွေက ဒီအာလူးချက်နည်းကို သဘောကျပါလိမ့်မယ်။
ဇက်ချမ်ဟွား
စပ်တဲ့အစားအစာတွေ စားပြီးရင် ချိုတဲ့ဖျော်ရည်တစ်ခွက်ကို သောက်ရမှာပါ။ ဒါကြောင့်၊ ငါက နန်ချမ်လမ်းညစျေးရှိ စျေးအချိုဆုံးတဲ့ ဖျော်ရည်- Nicandra physaloides ရည်ကို သောက်ရမယ်။
တစ်ခွက် ၅ ယွမ်လိုတဲ့ Nicandra physaloides ရည်နဲ့ ၆ ယွမ်လိုတဲ့ ဆီးဖျော်ရည်တို့က ရေခဲနဲ့ အအေးခံထားတာကြောင့် အစပ်အဆီကို သက်သာစေနိုင်တယ်။
ထို့ပြင်၊ ဇက်ချမ်ဟွားရဲ့ ချဉ်ဖတ်တွေကို အကြံပြုလိုက်၊ ဆားသိပ်ဖရုံသီး၊ ဆားသိပ်မုန်လာဥ စတာတွေအားလုံးက ချဉ်လဲချဉ်၊ ချိုလဲချို၊ ကြွပ်လဲကြွပ်၊ အရသာ အရမ်းရှိတယ်။
အမဲသားသီတံ
ယူနန်ပြည်နယ်မှာ ကျောင်းထုံးရှိ အမဲသားသီတံကင်၊ ဝေစန်းရှိ ချဉ်တဲ့အမဲသားသီတံ၊ ကက်ကျုပ်ရှိ ချိုတဲ့သားသီတံ စတဲ့ သားသီတံအမျိုးမျိုးက ကွာခြားချက်ရှိပြီး ဒီဆိုင်မှာ အဆိုပါရှေ့ ၂ မျိုးကို ရောင်းနေတယ်။
၁၅ ယွမ်နဲ့ ၁၂ ကြိုးဝယ်နိုင်လို့ စျေးချိုလှတယ်။
ဇောင်ဖီကင်
ဇောင်ဖီ (ကန်စွန်းဥနဲ့ ပြုလုပ်တဲ့အစားအစာတစ်မျိုး)ကို ခင်းထားပြီး ပျော့သွားတာအထိ ကင်ပြီးတော့ ပါးပါးလှီးထားတဲ့ ကြက်သွန်မြိတ်၊ ကြက်သွန်နီနဲ့ နံနံတွေကို ထည့်ပြီး ငရုတ်ဆီထည့်ပြီးတော့ တစ်ခုလုံးဖြစ်အောင် စည်းထားတာ အရသာရှိတဲ့ ဝက်သားရေကင်ကို ဖြစ်လာတယ်။
အားလုံး အစားအစာ စားဖို့ နန်ချမ်လမ်းညစျေးကို သွားဖူးလား။ သင့်စိတ်ထဲမှာ နန်ချမ်လမ်းရှိ အရသာကောင်းတဲ့ အစားအစာ ဘာတွေ ရှိသေးသလဲဆိုတာ ပြောပြပါ။
众所周知,南强街夜市特点就是“多”,人多,玩场多,美食多。
今天就由我来教大家“勇闯”南强街,看看用一百块钱,能在南强街淘到哪些美食!
第一站:玉玲泡菜
招牌的百香果,木姜子鸡脚就很适合开胃~光看着我这个鸡jio星人就流下口水~
但比起鸡脚,预算有限的小编更想推荐他家的腌水果。拌李子、拌菠萝、拌草莓、拌芒果。看起来黑暗,吃起来就是带感!
特地嘱咐老板帮我少舀一点,这一份11块钱~对比水果市价,还是觉得它家性价比很不错呢。
第二站:一口·虾滑
喜欢烤海鲜的朋友们,这家网红烤虾滑绝对不要错过。平均3元一个,肉眼可见晶莹剔透的虾肉,每一小碗都是满满的虾肉。
一份也有多种吃法,有耗油蘸水、树番茄蘸水、番茄酱,甜辣酱。可以一小碗加一种佐料哦~
最推荐树番茄和耗油两种调料,有云南特色,提鲜也不错。吃的时候,一口一个,好不过瘾。
第三站:河口小卷粉
同为这条街的人气网红店,这家小卷粉也是无法割舍的美味~
12元就能尝到5种口味的小卷粉,听起来是不是觉得有点值欸!安排!
唯一缺点就是人太多,小卷粉制作精细而又耗时,手法娴熟的阿姨也免不了把现烘的卷粉皮戳破,等待时间较长。
甜菜、木耳、香菇、香葱肉、韭菜肉,一份有这五种味道。香菇是传统味道比较推荐。配合酸醋蘸水一起吃,会更开胃哦~
第四站:烤乳扇
吃了这么多咸食,甜点是不是要安排一波~这家烤乳扇可是我每次来必买~
光味道就有9种,最安利的是玫瑰味和黄油味~12元一个的价格有些略高,但是谁叫它家是无可替代的呢~
微甜与一点点牛奶的“膻”味,这种特别的美味只能在云南尝到哦~
第五站:舂洋芋
洋芋是云南人的主食首选,来到这家傣味摊,安排上一顿最刺激的舂洋芋。
柠檬、小米辣、大芫荽、洋芋,被舂打之后,味道完美的融合在一起,重口味绝对会爱上这种清新刺激的洋芋做法。
第六站:郑钱花
被辣爽了,当然需要一杯甜滋滋的饮品来拯救一下。我们就安排一下此夜市最便宜饮品——木瓜凉水。
5元一杯的木瓜凉水,6元一杯的酸梅汁。冰冰凉凉,绝对是解辣解腻的必备。
顺便安利一下郑钱花的泡菜,腌小瓜、腌小萝卜头,各个都是酸甜脆爽,十分可口。
第七站:牛肉串
昭通烧烤黄牛小肉串、文山酸牛肉串,个旧糖粉小肉串。云南每一种小肉串都有不同特点,这个摊位就有前两种卖。
15元12串,买起来完全不会心疼。
第八站:烤苕皮
把苕皮摊一张,烤到软化起泡。撒上葱花、洋葱、香菜,点上辣油,裹在一起,就是美味的烤苕皮了!
大家有去南强夜市打卡美食吗?你心目中的南强街还有哪些宝藏美食,说来听听!
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ