ရှန်ဂရီလာအကောက်တော်ရုံးသည် တယ်ချင်ထွက် စပျစ်ဝိုင်များကို ပြည်ပစျေးကွက်သို့ တင်ပို့စေနိုင်ရန် အကူအညီပေး
2023-02-24 17:31|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) အခုလောက ယူနန်ပြည်နယ် တီချင့်ပြည်နယ်ခွဲ တယ်ချင်ခရိုင်ထွက်သည့် တန်ဖိုး ယွမ် ၉၂၃ သောင်း ရှိသည့် ကုန်းပြင်မြင့် စပျစ်ဝိုင်များကို ရှန်ဂရီလာမှ အကောက်တော်ရုံး၏ စစ်ဆေးခံခဲ့ပြီးနောက် တရုတ်နိုင်ငံ ဟောင်ကောင်၊ စင်္ကာပူနှင့် ပြင်သစ်နိုင်ငံ စသည့်နေရာများသို့ တင်ပို့ရောင်းချခဲ့၍ ၂၀၂၃ ခုနှစ်တွင် တီချင့်ပြည်နယ်ခွဲ၏ နိုင်ငံခြားကုန်သွယ်မှုဘက်မှ ပထမဆုံးအောင်မြင်မှု ရရှိခဲ့သည်။
တယ်ချင်ခရိုင်သည် မေလီဆီးနှင်းတောင်ခြေတွင် တည်ရှိ၍ မြင့်မားသော ပင်လယ်ရေမျက်နှာပြင်ထက်၊ နိမ့်သာ လတ္တီတွဒ်ဒီဂရီ၊ မြေသြဇာထက်သန်သော သဲမြေဆီလွှာနှင့် ထူးခြားသော ရာသီဥတုအခြေအနေများသည် စပျစ်သီးကြီးထွားမှုအတွက် တမူထူးခြားစွာ သင့်လျော်သည့်အပြင် ဤစပျစ်သီးများဖြင့် အရက်ချက်လျှင် အရသာစစ်မှန်ကောင်းမွန်ပြီး အရည်အသွေး ကောင်းလှသည်။ စပျစ်သီးစိုက်ပျိုးခြင်းနှင့် စပျစ်ဝိုင်ချက်ခြင်းတို့သည် ဒေသခံများ၏ ဝင်ငွေတိုးမြှင့်သည့် နည်းလမ်းတစ်ခု ဖြစ်လာပါပြီ။
တယ်ချင်ထွက် စပျစ်ဝိုင်သည် နိုင်ငံတကာစျေးကွက်သို့ အောင်မြင်စွာ ဝင်ရောက်နိုင်ခြင်းသည် ဒေသခံ ဂေဟပတ်ဝန်းကျင်ဆိုင်ရာ အားသာချက်များကို စီးပွားရေးအားသာချက်များအဖြစ် ပြောင်းလဲစေရုံသာမက ဒေသခံများ စပျစ်သီးစိုက်ပျိုးခြင်းဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်စေရန် လမ်းကြောင်းခင်းထားသည်။ ၂၀၂၂ ခုနှစ်တွင် စပျစ်သီးစိုက်ပျိုးခြင်းမှတစ်ဆင့် ဒေသခံတောင်သူလယ်သမားများအတွက် ပျမ်းမျှခြင်းဖြင့် အိမ်ထောင်စု တစ်စုချင်း ဝင်ငွေ ယွမ် ၂.၅ သောင်း ပိုမိုရရှိစေခဲ့သည်။
အကွယ်ရှိလို့ ကျွန်မတို့က ပို့ကုန်လုပ်ငန်းအတွက် ယုံကြည်မှု ပိုပြီး ရှိလာမှာပါ။ အနာဂတ်မှာ ပြည်ပစျေးကွက်ကို ဆက်လက်ချဲ့ထွင်ရမယ်၊ ပိုများတဲ့ တောင်သူလယ်သမားတွေကို ဦးဆောင်ပြီး ဝင်ငွေတိုးမြှင့်စေမယ်၊ ပိုများတဲ့ နိုင်ငံတကာစားသုံးသူတွေကို တယ်ချင်စပျစ်ဝိုင်ရဲ့ စစ်မှန်ကောင်းမွန်တဲ့ အရသာအား မြည်းစေနိုင်ကြမယ်"ဟု ကုန်သည် ဟယ်ရင်ဟွာ ပြောဆိုခဲ့သည်။
近日,云南省迪庆州德钦县一批价值923万元的高原葡萄酒经香格里拉海关检验合格后顺利装运,出口至中国香港、新加坡、法国等地,实现迪庆州2023年外贸出口业务“开门红”。
德钦县地处梅里雪山脚下,高海拔、低纬度、肥沃的沙质土壤和独特气候环境特别适合葡萄生长,且所酿的酒口感醇厚、品质高,葡萄种植和葡萄酒生产已发展成为当地百姓增收来源之一。
德钦葡萄酒顺利打开了国际市场,不仅将当地的生态优势转化为经济优势,也铺平了当地各族群众通过葡萄种植实现乡村振兴的“致富路”。2022年,葡萄种植带动当地种植农户户均增收2.5万元。
“有了海关的保驾护航,我们对出口越来越有信心。未来我们将继续开拓海外市场,带领更多农户走上增收致富路,让更多国际消费者品尝到德钦葡萄酒的醇香。”酩悦轩尼诗香格里拉(德钦)酒业有限公司经理和艳花说。(云南网 记者杨之辉)
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ