ကူမင်းမြို့ရှိ ဤနွေဦးကြိုပွင့်ဝါပန်းများ အလှဆင်ထားသည့် တစ်မီတာရထားလမ်းကို ကြည့်ရှုခဲ့သနည်း
2023-02-21 15:31|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုတလော ကူမင်းဟိုင်ယွန်စိုင်ဖုစင်တာ ဘေးနားတွင် တစ်မီတာရထားလမ်း (Metre-gauge railway) နှစ်ဖက်မှ နွေဦးကြိုပွင့်ဝါပန်းများသည် ဝေဝေဆာဆာ ပွင့်ဖူးနေသည်။
ကူမင်းမြို့ရှိ တစ်မီတာရထားလမ်းများသည် ထူးခြားသော ရှုခင်းတစ်ခုဖြစ်၍ အချိန်၏ အနည်ကျခြင်းအားဖြင့် တစ်မီတာရထားလမ်းများသည် မတူညီသော ရပ်ကွက်များတွင် မတူညီသော ရှုခင်းများကို ဖြစ်လာသည်။
အဝါရောင်ပန်းပွင့်လေးများ တစ်ပြားပြားသည် အစိမ်းရောင်ဖြစ်သော အကိုင်းအခက်များကို အပြည့်အဝ အလှဆင်ထား၍ ဆီဆေးပန်းချီကား တစ်ချပ်ကဲ့သို့ လှပသည်။ လေညှင်း တဖြည်းဖြည်း တိုက်လာခြင်းနှင့်အမျှ ပန်းခက်များသည် ယွမ်းနွဲ့လှုပ်ရှား၍ ပိုးစုန်းကြူး တစ်ကောင်ကောင်ကဲ့သို့ "ကူမင်းမြို့ ကောင်းကင်ပြာ"၏ ပေါ်လွင်ထင်ရှားလာအောင် ကူပင့်ပေးခြင်းအားဖြင့် ထွန်းလင်းတောက်ပသော အလင်းရောင်များ ဖြစ်ပေါ်လာသည်။
အဆောက်အအုံမြင့် များပြားသော ခေတ်မီမြို့ပြထဲတွင် ဇာတ်လမ်းများ ပုန်းအောင်းထားသည့် တစ်မီတာရထားလမ်း တစ်ထောက်သည် လူများအတွက် လမ်းလျှောက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ လည်ပတ်ကြည့်ရှုခြင်းတို့ကို ဆောင်ရွက်သည့်နေရာ ဖြစ်လာပြီ။
လူကြိုက်များသော နေရာများနှင့် ယှဉ်ပြိုင်လျှင် ဤနေရာတွင် ငြိမ်ဆိမ်မှု၊ စည်းစိမ်ရစ်မှု၊ သက်သောင့်သက်သာစိမ်စိမ်ပြေပြေရှိမှု ပိုမိုများပြားသည်။ နွေဦးရာသီတွင် ဟိုင်ယွန်အလယ်ပိုင်းလမ်းရှိ တစ်မီတာရထားလမ်းသို့ နွေဦးကြိုပွင့်ဝါပန်းများ ဝေဝေဆာဆာ ပွင့်ဖူးနေသည်ကို ကြည့်ရှုသွားပါ။
အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ







