တရုတ်-လာအို ရထားလမ်းသည် တစ်ရက်လျှင် ခရီးသည် အများဆုံး ၇.၄ သောင်းကို ပို့ဆောင်၍ သုံးရက်ဆက်တိုက် စံချိန်ချိုးခဲ့
2023-02-03 18:05|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) နွေဦးပွဲတော်အတွင်း တရုတ်-လာအို ရထားလမ်းတစ်လျှောက် ခရီးသွားသော၊ မိသားစုချင်းတွေ့ဆုံရန် ခွင့်ပန်သွားသော ခရီးသည် များလာ၍ စုစုပေါင်းခရီးသွားလာမှုသည် တိုးမြင့်လာခဲ့သည်ဖြစ်ကြောင်း၊ ဇန်နဝါရီလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ နေ့စဉ်ပျမ်းမျှခြင်းအားဖြင့် ကျည်ဆန်ရထား နေ့စဉ် အသွားအပြန် ၃၅ ခေါက်စီ ခုတ်မောင်းပြေးဆွဲခဲ့ပြီး ခရီးသည် ၆.၄ သောင်း၊ ၆.၈ သောင်းနှင့် ၇.၄ သောင်း အသီးသီး ပို့ဆောင်ခဲ့ပြီး သုံးရက်ဆက်တိုက် စံချိန်ချိုးခဲ့၍ စတင်ခုတ်မောင်းပြေးဆွဲခြင်း ကတည်းက အကောင်းဆုံးသော အောင်မြင်ချက်ကို ရရှိခဲ့သည်ဖြစ်ကြောင်း ဇန်နဝါရီလ ၂၈ ရက်နေ့တွင် သတင်းထောက်က China Railway Kunming Group Co.,Ltd.မှ သိရှိရခဲ့ပါသည်။
တရုတ်-လာအို ရထားလမ်းတစ်လျှောက် ခရီးသွားလုပ်ငန်းအရင်းအမြစ် ပေါများကြွယ်ဝပြီး ကပ်ရောဂါထိန်းချုပ်မှု ပိုမိုကောင်းမွန်အောင် ပြုပြင်ပြောင်းလဲခဲ့သည်နှင့်အမျှ ခရီးသွားသော၊ မိသားစုချင်းတွေ့ဆုံရန် ခွင့်ပန်သွားသော ခရီးသည် များလာခဲ့သည်ဖြစ်ကြောင်း၊ နွေဦးပို့ဆောင်ရေး ဆောင်ရွက်ရာတွင် ရထားဌာနသည် ခရီးသည်စီးဆင်းမှုကို သိပ္ပံနည်းကျစွာ ခွဲခြမ်းစိတ်ဖြာပြီး ပို့ဆောင်ရေးစွမ်းအားကို တိကျမှန်ကန်စွာ တိုးမြှင့်၍ ခရီးသည်ပို့ဆောင်ရေး ကုန်ပစ္စည်းပေးအပ်ခြင်း ပိုမိုများပြားကြွယ်ဝစေ၍ ခရီးသည်များ၏ ခရီးထွက် လိုအပ်ချက်များကို ကျေနပ်တင်းတိမ်စေခဲ့သည် ဖြစ်ကြောင်း China Railway Kunming Group Co.,Ltd. သက်ဆိုင်ရာ တာဝန်ရှိသူက မိတ်ဆက်ပေးခဲ့ပါသည်။
နွေဦးပို့ဆောင်ရေး ဆောင်ရွက်ရာတွင် ခရီးသည်များသည် တရုတ်-လာအို ရထားလမ်းမှ ကျည်ဆန်ရထားများကို စီးခြင်းဖြင့် ရထားလမ်းတစ်လျှောက်မှ ထူးခြားသော သဘာဝရှုခင်းများနှင့် ယဉ်ကျေးမှုဓလေ့ထုံးစံများကို အလွယ်တကူ ခံစားနိုင်ခဲ့သည်။ တရုတ်နိုင်ငံအတွင်း အမြန်ဆုံး ၃ နာရီသာကြာ ကူမင်းမှ ဆစ်ဆောင်ပန်နား၊ တောဆင်လျှို၊ ကန်လန်ဘစသည့် သဘာဝထိန်းသိမ်းရေးဇုန်နှင့် ရှုခင်းသာနေရာများသို့ ရောက်ရှိနိုင်၍ ဖူအယ်ရှိ ရှေးဟောင်းသော ယူနန်ပြည်နယ် တောင်ပိုင်းဒေသမှ ချာမာရှေးဟောင်းလမ်း (လက်ဖက်မြင်းလမ်း)ကို ခံစားပြီး မူရင်းဂေဟစနစ် လက်ဖက်ခင်း ရှုခင်းများကို ရှုစားနိုင်ခဲ့ပါသည်။
လာအိုနိုင်ငံတွင် ဗီယင်ကျန်းဘူတာရုံနှင့် လွမ်ပရာဘန်းဘူတာရုံတို့တွင် ရထားပေါ်မှဆင်းလျှင် နာရီဝက်သာကြာ Pha That Luang နှင့် Patuxay စသည့် သမိုင်းဝင်ထင်ရှားသော ရှေးဟောင်းအဆောက်အအုံနှင့် ရှုခင်းသာနေရာများသို့ ရောက်ရှိနိုင်၍ နာမည်ကြီးသော ရှောင်ထွန်ဘုရားကျောင်းနှင့် နန်းတော်ပြတိုက်တို့ကို လည်ပတ်ကြည့်ရှုနိုင်ပြီး ထောင်ပေါင်းများစွာ သမိုင်းရှိသော ရှေးဟောင်းမြို့၏ အငွေ့အသက်ကို ခံစားနိုင်ပါသည်။
"ဖုရှင်း" နှင့် "လန်ချန်း" ကျည်ဆန်ရထားများသည် လုံခြုံမှု၊ စိမ်းလန်းမှု၊ အဆင်ပြေပြီး သက်တောင့်သက်သာရှိမှု၊ မြန်ဆန်မှု စသည်တို့ကြောင့် ရထားလမ်းတစ်လျှောက် ပြည်သူများက နှစ်သက်ကြပြီး ၎င်းတို့အတွက် ခရီးထွက်ရာတွင် ပထမရွေးချယ်မှုဖြစ်လာသည်။
昆明信息港讯 记者上官艳君 1月28日,记者从中国铁路昆明局集团有限公司获悉,春节期间,中老铁路沿线旅游流、探亲流叠加,客流旺盛。1月25日至27日,日均开行动车组列车35对,分别发送旅客6.4万人次、6.8万人次、7.4万人次,连续三天创新高,创开通运营以来最好成绩。
中国铁路昆明局集团相关负责人介绍,中老铁路沿线旅游资源丰富,随着疫情防控的优化调整,激发了大量旅游和探亲客流。春运期间,铁路部门科学分析客流,精准投放运力,丰富客运产品供给,满足旅客出行需求。
据悉,春运期间,旅客乘坐中老铁路动车组便捷体验沿线独特的自然风光和人文风情。在国内最快只需3小时就能从昆明抵达西双版纳、野象谷、橄榄坝等自然保护区和风景名胜区,体验普洱古老的滇南茶马古道、欣赏原生态茶园风光。
在老挝,从万象站、琅勃拉邦站下车出来只需要半小时就可到达塔銮、凯旋门等名胜古迹,游览著名的香通寺、皇宫博物馆,领略千年历史古城气蕴。
“复兴号”“澜沧号”动车组运行安全、绿色、快捷、舒适,大幅缩短了沿线城市间时空距离,受到两国民众青睐,成为出行首选。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
- ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် တောတောင် ရှုခင်းကြည့်ရထားသည် လိကျန်းမြို့တွင် စတင်ပြေးဆွဲ
- ကမ္ဘာ့"ရှန်ဂရီလာ"မှ ပန်းခရီးစဉ် နွေဦးပန်းပြပွဲကို ကျင်းပနေ
- ကူမင်းမြို့ ဘတ်စ်ကားကုမ္ပဏီသည် နွေဦးရာသီခရီးစဉ်အတွက် ဘတ်စ်ကားလိုင်း ၂၆ လိုင်းကို စတင်ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကူမင်းမြို့ ကျင့်နင်ရပ်ကွက်တွင် Truffle ကို စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားစေ
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု