၂၀၂၃ ခုနှစ် ပထမအကြိမ် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှု စတင်

2023-01-19 17:02|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည် ၁၂၅ ကြိမ်မြောက် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုတွင် ပါဝင်သော တရုတ် ဥပဒေစိုးမိုးရေးရေယာဉ် ၂ စင်းသည် ဇန်နဝါရီလ ၁၅ ရက်နံနက် ၁၀ နာရီခွဲတွင် ဆစ်ဆောင်ပန်းနားပြည်နယ်ခွဲ ကျင်ဟားရဲတပ်ဖွဲ့ဆိပ်ကမ်းမှ ထွက်ခွာခဲ့ပြီး ၂၀၂၃ ခုနှစ် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေး လှုပ်ရှားမှုကို တရားဝင်စတင်ခဲ့သည်။

ဤအကြိမ်ပူးတွဲကင်းလှည့်မှုသည် ၄ ရက် ၃ ညတာ ကြာမြင့်မည်ဖြစ်ပြီး စုစုပေါင်းအကွာအဝေး ကီလိုမီတာ ၆၀၀ ကျော် မောင်းနှင်သွားလာရမည်။ ထိုလှုပ်ရှားမှုမတိုင်မီ တရုတ်-လာအို-မြန်မာ-ထိုင်း လေးနိုင်ငံ တရားဥပဒေစိုးမိုးရေးဌာနများက ၂၀၂၂ ခုနှစ် တရုတ်-လာအို-မြန်မာ-ထိုင်း မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှု၏ နိဂုံးချုပ်အစည်းအဝေးကို ဗွီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ပြီး ၂၀၂၂ ခုနှစ် မဲခေါင်မြစ် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှု၏ အောင်မြင်ချက်များကို အတူ ပြန်ပြောင်းသုံးသပ်ခဲ့ပြီး ၂၀၂၃ ခုနှစ် လေးနိုင်ငံ ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှု၏ အကြောင်းအရာများကို နက်ရှိုင်းစွာ ညှိုနှိုင်းဆွေးနွေးခဲ့သည်။ ထို့ပြင်၊ လေးနိုင်ငံက ညွှန်ကြားရေးအရာရှိများ အစည်းအဝေးနှင့် အခြေအနေသုံးသပ်ခြင်း အစည်းအဝေးများကိုလည်း ဗွီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပခဲ့ပြီး ဤအကြိမ် လှုပ်ရှားမှုကို အတူသုံးသပ်ခဲ့သည်။ လှုပ်ရှားမှု ကာလအတွင်း လေးနိုင်ငံ ဥပဒေစိုးမိုးရေးအဖွဲ့ဝင်များသည် စီမံကိန်းအရ မဲခေါင်မြစ်ရှိ အဓိကရေပြင်နယ်နိမိတ်တွင် ပူးတွဲကင်းလှည့်ရေးလှုပ်ရှားမှုများကို ဆောင်ရွက်မည်ဖြစ်၍ မြစ်ဝှမ်းတစ်လျှောက်ရှိ တရားမဝင်ရာဇဝတ်မှုများကို ဆက်လက်နှိမ်နင်းမည်ဖြစ်၍ မဲခေါင်မြစ်ဝှမ်း၏ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

၂၀၂၂ ခုနှစ်ကတည်းက လေးနိုင်ငံ တရားဥပဒေစိုးမိုးရေးဌာနများက အချင်းချင်းကူညီပံ့ပိုးခဲ့ပြီး ချစ်ခင်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကာ ပူးတွဲကင်းလှည့်ခြင်း ၁၂ ကြိမ်၊ သတ်မှတ်သည့်နေရာ၌ နေပြီး ကင်းလှည့်ခြင်း ၈၀ ကြိမ်၊ ဥပဒေစိုးမိုးရေး လှုပ်ရှားမှုအမျိုးမျိုး စုစုပေါင်း ၁၆၂ ကြိမ်ကို  အောင်မြင်စွာဆောင်ရွက်ခဲ့၍ ဥပဒေစိုးမိုးရေးရေယာဉ် ၂၀၄ စင်းနှင့် ဥပဒေစိုးမိုးရေးအဖွဲ့ဝင် အယောက် ၂၇၀၀ ကို စေလွှတ်ခဲ့၍ ရဲတပ်ဖွဲ့များ၏ စစ်ဆေးလှုပ်ရှားမှု အကြိမ်အရေအတွက် ၈၀ ရာခိုင်နှုန်းအထက်၊ အရေးကြီးသောအချိန်လျှင် ၁၀၀ ရာခိုင်နှုန်း ထိန်းသိမ်းထားခဲ့သည်။

昆明信息港讯 记者合宇聪 1月15日上午10时30分,参加第125次中老缅泰湄公河联合巡逻执法行动的2艘中方执法艇缓缓驶离西双版纳景哈警务码头,2023年度中老缅泰湄公河联合巡逻执法行动正式拉开序幕。

此次联合巡逻执法行动预计历时4天3夜,总航程500余公里。此次行动前,四国执法部门以视频形式召开了2022年度中老缅泰湄公河联合巡逻执法总结会,共同回顾总结2022年湄公河联合巡逻执法取得的成果,就2023年四国联合执法合作内容进行深入磋商。四方还召开了指挥官联席会和信息交流会,对此次行动共同进行研商。行动期间,四国执法队员将按计划在湄公河重点水域开展联合执法行动,持续打击流域内各类违法犯罪活动,全力确保岁末年初湄公河流域安全稳定。

据了解,2022年以来,四国执法部门相携守望,密切配合,共成功开展联合巡逻执法行动12次、驻训巡逻80次、各类执法行动162次,出动执法船艇204艘次、执法人员2700人次,日常江面见警率保持80%以上,重点敏感节点达到100%。

အယ်ဒီတာ: ကိုကိုမောင် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်