ကျန့်ချွမ်းသစ်ထွင်းပန်းပုသည် အနှစ် ထောင်နှင့်ချီသော လက်မှုအနုပညာကို ဆက်ခံ
2022-12-23 15:36|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ကျန့်ချွမ်းသစ်ထွင်းပန်းပုသည် ယူနန်ပြည်နယ် ကျန့်ချွမ်းခရိုင်ရှိ ရိုးရာပန်းချီပညာ ဖြစ်၍ ၄င်း၏သမိုင်း ကြာရှည်လေးမြင့်ပြီး များပြားသော ဒေသခံ လူမျိုးထူးခြားချက်များကို ရှိသည်။ သစ်ထွင်းပန်းပု တစ်တုံးကို စိတ်ပိုင်းဖြတ်ထားခြင်း၊ ပုံရေးဆွဲခြင်း၊ ပုံထွင်းထုခြင်း၊ ချောမွတ်စေခြင်း၊ တန်ဆာဆင်ခြင်း စသည့် လုပ်ငန်းအစီအစဉ်များအားဖြင့် ပြုလုပ်ဖြစ်လာနိုင်သည်။
တန့်စီရှင်းသည် ကျန့်ချွမ်းခရိုင် ပိုင်လူမျိုးနေရွာ၌ မွေးဖွားခဲ့၍ ကျန့်ချွမ်းသစ်ထွင်းပန်းပုဆိုင်ရာ အမျိုးသားအဆင့် ဒြပ်မဲ့ ယဉ်ကျေးမှုအမွေအနှစ်ကို ကိုယ်စားပြုသည့် ဆက်ခံသူဖြစ်၍ သူ၏ မျိုးရိုးတူမိသားစုကြီးထဲတွင် သစ်ထွင်းပန်းပု ဖန်တီးပြုလုပ်မှုလုပ်ငန်းများကို ဆောင်ရွက်သည့် လူအများကြီးရှိသည်။ လက်မှုအနုပညာကို ဆက်ခံသည့်အတွက် တန့်စီရှင်းသည် သူ၏ဇာတိတွင် သစ်ထွင်းပန်းပု ဆက်ခံခြင်းနှင့် ပညာပေးခြင်း အိမ်ဝင်းကို ဖွင့်လှစ်၍ တပည့် အများအပြား ခေါ်ယူလက်ခံ၍ သူတို့ကို သစ်ထွင်းပန်းပု ပြုလုပ်ရာတွင် လူကြိုက်များသောစရာ ထည့်သွင်းရန် ဆန်းသစ်တီထွင်သော လက်ရာများကို ဖန်တီးရန် ရိုးရာသော ကျန့်ချွမ်းသစ်ထွင်းပန်းပု အတွက် ရှင်သန်သောစွမ်းအား ထည့်သွင်းရန် အားပေးသည်။
အခုအချိန်တွင် တန့်စီရှင်း စသည်လူများ၏ အားထုတ်မှုကြောင့် ကျန့်ချွမ်းခရိုင်၌ သစ်ထွင်းပန်းပု လုပ်ငန်းများကို ဆောင်ရွက်သည့် လူများသည် အယောက် ၂ သောင်းကျော်အထိ ရှိပြီ။ တန့်စီရှင်းက နိုင်ငံတော်သည် လက်မှုပညာသည်စိတ်ဓာတ်ကို ဖြစ်ထွန်းအောင် အစွမ်းကုန် ဆောင်ရွက်ရန် အဆိုပြုခဲ့ခြင်းမှာ လက်မှုပညာသည်များနှင့် လုပ်ငန်းတာဝန်ထမ်းဆောင်သူများ အတွက် ကြီးမားသော အားပေးမှုဖြစ်၍ နောက်နောင်တွင် ကျွန်တော်သည် ကျန့်ချွမ်းသစ်ထွင်းပန်းပု၏ ဆက်ခံမှုနှင့် အဆန်းထွင်မှုလုပ်ငန်းများကို အဆက်မပြတ် ကောင်းကောင်းပြုလုပ်ပြီး ဤရိုးရာလက်မှုအနုပညာကို ပိုမိုကျယ်ဝန်းစွာ ဖွံ့ဖြိုးတိုးတက်စေရန် အားထုတ်မည် ဟုဆိုခဲ့သည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ














