တရုတ်-လာအို ရထားလမ်းမှ ပထမဆုံး သစ်သီးဝလံသွင်းယူသည့် တိုက်ရိုက်ရထားသည် ဒီဇင်ဘာလ ၃ ရက်နေ့တွင် တရားဝင်စတင်ထွက်ခွာသွားခဲ့
2022-12-19 14:55|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ဒီဇင်ဘာလ ၃ ရက်နေ့တွင် သစ်သီးဝလံများ ပြည့်ဝစွာ သယ်ဆောင်ထားသော ရထားတစ်စီးသည် မိုဟန်ရထားလမ်း အကောက်တော်ဌာန သတ်မှတ်ထားသော စောင့်ကြပ်ရေးနေရာမှ တရုတ်-လာအို ရထားလမ်း မိုဟန်ဘူတာရုံသို့ မောင်းနှင်သွားခဲ့သည်။ ဒီဇင်ဘာလ ၂ ရက်နေ့အထိ တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ပြေးဆွဲခြင်းသည် တစ်နှစ်ပြည့်ပြီ ဖြစ်ပြီး ကောင်းမွန်သော အောင်မြင်မှုများကို ရရှိခဲ့ပြီး ခရီးသည် အယောက် ၈၅၀ သောင်းနှင့် ကုန်ပစ္စည်း တန်ချိန် ၁၁၂၀ သောင်းကို စုစုပေါင်း သယ်ယူပို့ဆောင်ခဲ့သည် ဖြစ်ကြောင်း သတင်းထောက်က China Railway Kunming Bureau Group Co., Ltd. မှ သိရှိခဲ့သည်။ တရုတ်-လာအို ရထားလမ်းသည် တရုတ်နှင့် လာအိုနှစ်နိုင်ငံ ပြည်သူလူထုများ၏ ဖွံ့ဖြိုးတိုးတက်မှုရထားလမ်း၊ ချမ်းမြေ့သာယာမှုရထားလမ်းနှင့် ချစ်ကြည်ရေးရထားလမ်းတို့ကို ဖြစ်လာပြီ။ ဤတိုက်ရိုက်ရထား၏ ဖွင့်လှစ်ခြင်းသည် မိုဟန်ရထားလမ်း အကောက်တော်ဌာန သတ်မှတ်ထားသော စောင့်ကြပ်ရေးနေရာကို တရားဝင် စတင်သုံးပြုရန် သရုပ်ဆောင်ထားသည်။
တရုတ်-လာအို ရထားလမ်းမှ ပထမဆုံး သစ်သီးဝလံသွင်းယူသည့် တိုက်ရိုက်ရထားသည် ကွန်တိန်နာ ၂၅ ခုဖြင့် ဖွဲ့စည်းဖြစ်လာ၍ CREC ကွန်တိန်နာ၊ CREC အထူးကုန်ပစ္စည်း၊ ဟုံဟယ်ကုန်စည်စီးဆင်းမှု၊ ယူနန်ပြည်နယ် နိုင်ငံတကာရထားလမ်းကုမ္ပဏီ စသည့် လုပ်ငန်းကုမ္ပဏီများသည် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံ စသည်တို့တွင် စုစုပေါင်းအလေးချိန် ၅၄၃ တန်ရှိသည့် ငှက်ပျောသီး၊ နဂါးမျက်စေ့သီးနှင့် ဒူးရင်းသီး ကုန်စည်ပင်ရင်းများကို လျင်မြန်ထိရောက်စွာ စုဆောင်း၍ လာအိုနိုင်ငံ ဗီယင်ကျန်းမြို့၌ စုဝေးပြီးနောက် ထွက်ခွာ၍ ဒီဇင်ဘာလ ၁ ရက်နေ့တွင် တရုတ်-လာအို နယ်စပ် ချစ်ကြည်ရေး ဥမင်လိုဏ်ခေါင်းကို ဖြတ်ကျော်ပြီး မိုဟန်ဆိပ်ကမ်းသို့ ရောက်ရှိ၍ ရထားလမ်း၊ အကောက်တော်ဌာန၊ နယ်စပ်စစ်ဆေးရေး စသည့် ဌာနများ၏ တင်းကျပ်သော စစ်ဆေးရေးနှင့် ရောဂါချုပ်ခြင်းအားဖြင့် ချောမောပြေပြစ်စွာ စတင်မောင်းနှင်ခဲ့သည်။
တရုတ်-လာအို ရထားလမ်း စတင်ပြေးဆွဲခြင်းမှစ၍ မိုဟန်ရထားလမ်းဆိပ်ကမ်း၏ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးပမာဏသည် အဆက်မပြတ် တိုးများလာပြီး ပြည်တွင်းပြည်ပ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး၏ လိုအပ်ချက်မှာ ပြည့်ဖြိုးသည်။ ထို့ကြောင့် China Railway Kunming Bureau Group Co., Ltd. သည် ဒီဇင်ဘာလ ၃ ရက်နေ့မှစပြီး ပြည်ပအပိုင်း ပါဝင်သည့် တရုတ်-လာအို ရထားလမ်း တစ်လျှောက်လုံးတွင် ကုန်တင်ရထားများ၏ ဆွဲငင်အလေးချိန်ကို တစ်စီးလျှင် တန်ချိန် ၂၀၀၀ မှ ၂၅၀၀ သို့ တိုးမြှင့်လာ၍ တစ်လျှောက်လုံး၏ ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေး လိုအပ်ချက်များကို ပိုမိုကောင်းမွန်စွာ ဖြည့်ဆည်းမည်။
တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ပြေးဆွဲသည့် တစ်နှစ်အတွင်းတွင် ခရီးသည်နှင့် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ရေးပမာဏသည် ဆက်လက်တိုးများလာပြီး ဝန်ဆောင်မှု အရည်အသွေးသည် ထင်ရှားတိုးမြှင့်လာပြီး ဖြာထွက်နိုင်စွမ်း အဆက်မပြတ် မြှင့်တင်လာပြီး နိုင်ငံတကာ ကုန်စည်စီးဆင်းမှု ရွှေလမ်းအဖြစ် အကျိုးသက်ရောက်မှုသည် တစ်နေ့တခြား ပေါ်လွင်လာ၍ နှစ်နိုင်ငံပြည်သူများကို လွယ်ကူထိရောက်စွာ သွားလာစေနိုင်ရန်အတွက်၊ ပြည်တွင်းပြည်ပ သွားလာရေး အဟန့်အတားမရှိစေရန်အတွက်၊ တရုတ်-လာအို စီးပွားရေးစင်္ကြံ တည်ဆောက်မှုကို စွမ်းဆောင်ပေးရန်အတွက် ပိုမိုတက်ကြွသော အကျိုးသက်ရောက်မှုများကို ထုတ်ဖော်ရမည် ဖြစ်သည်။
昆明信息港讯 记者周拓 12月3日,随着一列满载水果的列车,由磨憨铁路海关指定监管场地驶向中老铁路磨憨站。记者从中国铁路昆明局集团有限公司(以下简称“昆明局集团”)获悉,截至12月2日,中老铁路开通运营满一年,交出亮眼成绩单,累计发送旅客850万人次、货物1120万吨。中老铁路已成为中老人民的发展路、幸福路、友谊路。此趟列车的运行标志着磨憨铁路海关指定监管场地正式投用。
据悉,中老铁路首列进口水果直达列车由25个集装箱组成,中铁集装箱、中铁特货、红河物流、云南省国际班列公司等单位在泰国、老挝等地快速、高效地组织了香蕉、龙眼和榴莲货源,总重543吨,从老挝万象集结后出发,12月1日穿过中老边境友谊隧道到达磨憨口岸,经过铁路、海关、边检等部门严格的查验和检疫程序,顺利发车。
中老铁路开通运营以来,磨憨铁路口岸货物运量节节攀升,国内外货物运输的需求旺盛。为此,昆明局集团自12月3日起,在中老铁路全线、包括国外段,把货运列车的牵引重量,从每列2000吨增加到2500吨,更好地满足全线的货物运输需求。
中老铁路开通运营一年来,客货运量持续增长,服务品质显著提升,辐射效应不断增强,国际物流黄金大通道作用日益凸显,必将为服务两国民众便捷高效出行、畅通国内国际双循环、促进中老经济走廊建设发挥更加积极的作用。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ