ဆောင်းစတော်ဘယ်ရီသီးများကို ကူမင်းမြို့စျေးတွင် စတင်ရောင်းချ၍ စျေးနှုန်း တစ်ကီလိုဂရမ် ယွမ် ၂၀ မှ ၁၀၀ အထိဖြစ်

2022-11-30 17:08|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်အခုအချိန်တွင် ဆောင်းရာသီသို့ ဝင်ရောက်သော်လည်း ရာသီလေးပါးသည် နွေဦးရာသီနှင့်တူသော ကူမင်းမြို့၌ သစ်သီးဝလံ အများအပြား ရှိသည်။ အခုတလော သတင်းထောက်သည် လယ်ယာထွက်ကုန်ပစ္စည်းစျေးများ၊ သစ်သီးဆိုင်းများကို လည်ပတ်ကြည့်ရှုပြီးနောက် ရောင်းနေသော စတော်ဘယ်ရီသီး၏ အရေအတွက်သည် တိုးများလာ၍ စျေးနှုန်းသည် တစ်ကီလိုဂရမ် ယွမ် ၂၀ မှ ၁၀၀ အထိ ဖြစ်ပြီး အရောင်းကောင်းသည်ဟု တွေ့ရှိရခဲ့သည်။

1236063_2048x2048

မစ္စတိမ့်က သူ၏သစ်သီးဆိုင်တွင် သစ်သီးဝလံ အမျိုးမျိုး ရောင်းနေ၍ စတော်ဘယ်ရီသီးသည် ကြိုက်ခံအများဆုံးသည် ဖြစ်ကြောင်း၊ အမျိုးအစားမတူလျှင် စျေးနှုန်းလည်းမတူနှင့် ဖြစ်ကြောင်း၊ အောက်တိုဘာလ ဒုတိယဆယ်ရက်ပိုင်းမှ စတင်ရောင်းချခဲ့၍ အခုတလော ရောင်းနေသော အမျိုးအစားနှင့် အရေအတွက်စလုံးသည် ထင်ထင်ရှားရှား တိုးများလာခဲ့သည် ဖြစ်ကြောင်း၊ သူသည် ရောင်းချသည့် စတော်ဘယ်ရီသီးများမှာ ယွိရှီမြို့မှလာ၍ အရောင်းကောင်းဆုံးသော အမျိုးသည် ဆွေဇူဖြစ်၍ အရည်အသွေးနှင့် အကြီးအငယ်အရ တစ်ကီလိုဂရမ်၏ စျေးနှုန်းသည် အယွမ် ၄၀ မှ ၇၀ အထိ ဖြစ်၍ တစ်ရက်လျှင် ကီလိုဂရမ် ၅၀ မှ ၆၀ အထိ ရောင်းနိုင်သည် ဖြစ်ကြောင်း ပြောခဲ့သည်။

မစ္စလေက နောက်တစ်လတွင် ကူမင်းမြို့ ဒေသခံထွက် စတော်ဘယ်ရီသီးများကို စျေးတွင် စတင်ရောင်းချမည်ဟု ခန့်မှန်းသောကြောင့် အရေအတွက် တိုးများလာပြီးနောက် စျေးနှုန်းသည် ကျလာနိုင်မည်ဖြစ်ကြောင်း၊ စတော်ဘယ်ရီသီးများကို လာမည့်နှစ် မတ်လမှ ဧပြီလအထိ ရောင်းနိုင်မည် ဖြစ်သော်လည်း တရုတ်နှစ်သစ်ကူးပွဲတော် မတိုင်မီ စျေးနှုန်းသည် များပြားသော ပြောင်းလဲမှု မရှိနိုင်၍ တရုတ်နှစ်သစ်ကူးပွဲတော် သွားပြီးမှ စျေးနှုန်းသည် ထင်ထင်ရှားရှားကျလာနိုင်ပြီး အယွမ် ၂၀ မှ ၃၀ဖြင့် အရည်အသွေး ပိုကောင်းသော စတော်ဘယ်ရီသီးများကို ဝယ်ယူနိုင်မည်ဖြစ်ကြောင်း ပြောခဲ့သည်။

1236064_2048x2048

ဇွန့်ရှင်းလယ်ယာထွက်ကုန်ပစ္စည်းစျေးမှ စတော်ဘယ်ရီသီး၏ စျေးသည် တစ်ကီလိုဂရမ် ယွမ် ၂၀ မှ ၁၀၀ အထိဖြစ်သည်။ Freshippo စူပါမားကက် စွေချမ်ဆိုင်ခွဲ၌ စတော်ဘယ်ရီသီးများကို ဆိုင်၏မျက်နှာဘက်တံခါးဝတွင် ထားရှိသည်။ အမှုထန်းတစ်ယောက်က အခုတလော စတော်ဘယ်ရီသီးများကို စျေးတွင် စတင်ရောင်းချသောကြောင့် ဆိုင်ထဲတွင် ရောင်းနေသည့် အမျိုးအစား မများသော်လည်း နောက်တစ်လတွင် တဖြည်းဖြည်း များလာနိုင်မည်ဟု မိတ်ဆက်ပြောခဲ့သည်။

1236065_2048x2048

ကွမ်းတုရပ်ကွက်၌ တည်ရှိသော ကျင်းမာဇေ့ချမ်း သစ်သီးဝလံ လက်ကားရောင်းစျေး၌ သစ်သီးများကို တင်ယူပို့ဆောင်သည့် ကားများသည် အပြန်အလှန် သွားလာပြီး စည်ကားလှသည်။ ကုန်သည် မစ္စကျူးက အခုတလော ရောင်းနေသည့် ဆောင်းစတော်ဘယ်ရီသီးများသည် အဓိကအားဖြင့် ယွိရှီးနှင့် ချူရှုံမြို့တို့မှလာ၍ မတူသော အကြီးအငယ်နှင့် အရည်အသွေးအရ လက်ကားရောင်းစျေးသည် တစ်ကီလိုဂရမ် ၈ ယွမ်မှ ၂၅ ယွမ်အထိဖြစ်၍ လွန်ခဲ့သည့်နှစ် အချိန်တူကာလထက် ပိုနိမ့်လာသည် ဖြစ်ကြောင်း၊ ယခင်နှစ်များတွင် လက်ကားရောင်းစျေးသည် တစ်ကီလိုဂရမ် ၂၀ မှ ၃၀ အထိ ဖြစ်သော်လည်း ဤနှစ်တွင် ရာသီဥတု၏ ထိခိုက်မှုကြောင့် စတော်ဘယ်ရီသီး၏ အရည်အသွေးသည် မကောင်းပြီး ထွက်ကုန်ပမာဏလည်း မများနှင့်ဖြစ်ကြောင်း ပြောခဲ့သည်။

昆明信息港综合整理 现在虽已入冬,但在四季如春的昆明,街头依然瓜果飘香。近日,记者走访农贸市场、水果店发现,在售草莓数量增加,每公斤价格在20—100元,销量走俏。

1236063_2048x2048

“草莓多少钱1公斤?”“品种不同,价格也不同。”邓女士的水果摊,售卖着多种水果,最受欢迎的就数草莓。邓女士介绍,10月中旬草莓开始上市,近期品种和数量都有了明显增加。“我们家的草莓来自玉溪,最好卖的是隋珠,根据品质和大小,价格在40—70元/公斤,每天要卖出50—60公斤。”

雷女士表示,预计下个月昆明本地草莓上市,数量增加后,价格可能会降。“草莓可以售卖到明年3—4月,但过年前价格不会有太大波动,过年后降价明显,20—30元就能买到品质稍好的。”

1236064_2048x2048

篆新农贸市场草莓的价格在20—100元/公斤。随后,记者走访了盒马鲜生(顺城店),草莓就放在商店正门口。一名工作人员说,近期草莓才开始上市,所以店里品种并不多,下个月会逐渐增加。

1236065_2048x2048

在位于官渡区的金马正昌水果批发市场,运输果品的车辆来来往往,好不热闹。商户周女士表示,近期冬草莓的产地主要是玉溪和楚雄,根据大小、品质,批发价格在8—25元/公斤,和去年同期相比,批发价比较低。“往年这时候批发价在20—30元/公斤,今年受天气影响,草莓品质不太好,产量也不高。”

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်