လိကျန်းရှေးဟောင်းမြို့နှင့် ယွိလုံဆီးနှင်းတောင်တို့ကို ချိတ်ဆက်သော ရှုခင်းကြည့်ရထားသည် စမ်းသပ်ပြေးဆွဲ
2022-11-30 16:39|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) နိုဝင်ဘာလ ၂၈ ရက်နေ့တွင် လိကျန်းရှုခင်းကြည့်ရထား စီမံကိန်း၏ အဆင့် ၁ လုပ်ငန်းစဉ်သည် စမ်းသပ်ပြေးဆွဲသည့် အချိန်ကာလသို့ တရားဝင် ဝင်ရောက်ခဲ့သည်။ ထို့နောက် စီမံကိန်းကုမ္ပဏီသည် သက်ဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ အချိန် ၃ လ ကြာသော လူမတင် စမ်းသပ်ပြေးဆွဲမှုလုပ်ငန်းကို ဆောင်ရွက်မည်ဖြစ်၍ ကနဦးအနေဖြင့် ပြေးဆွဲခြင်း မတိုင်မီ၊ တရားဝင် ပြေးဆွဲခြင်း မတိုင်မီ လုံးခြုံရေးသုံးသပ်မှု လုပ်ငန်းများ စသည်တို့ကို စနစ်တကျ ဆောင်ရွက်ပြီးဆုံး ပြီးနောက် တရာဝင် စတင်ပြေးဆွဲပေးမည်။ ထိုအချိန်တွင် ခရီးသည်များသည် ရှုခင်းကြည့်ရထားစီး၍ ခန့်ညားတင့်တယ်လှပသော ဆီးနှင်းတောင်၊ ကျောက်စိမ်းကဲ့သို့ ကြည်လင်သော လန်ယွင်ဂူကန်ရည်နှင့် အံ့ဖွယ်ကောင်းပြီး သာယာလှပသော လျှိုမြောင်ရှုခင်းများကို ကြည့်ရှုနိုင်မည်။
လိကျန်းရှုခင်းကြည့်ရထား စီမံကိန်း၏ အဆင့် ၁ လုပ်ငန်းစဉ်သည် ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်တို့မှ ယူနန်ပြည်နယ်၏ "တစ်ရာ လေးရပ်" (ဆောက်လုပ်ပြီးမြောက်ပြီး စတင်ထုတ်လုပ်သည့် စီမံကိန်း အရပ် ၁၀၀၊ ဆောက်လုပ်ဆဲ စီမံကိန်း အရပ် ၁၀၀၊ နောက်ဆုံးစတင်ဆောက်လုပ်ရေး စီမံကိန်း အရပ် ၁၀၀၊ စောစောပိုင်း လုပ်ငန်းဆောင်ရွက်ရေး စီမံကိန်း အရပ် ၁၀၀) အရေးပါသော စီမံကိန်းများထဲမှ တစ်ရပ်ဖြစ်သည်၊ ဤစီမံကိန်း၏ရင်းနှီးငွေမှာ စုစုပေါင်း အယွမ် ၃.၀၇ ဘီလျံ ဖြစ်၍ လိကျန်း ခရီးသည်ပို့ဆောင်ရေးစင်တာမှ ယွိလုံဆီးနှင်းတောင် ကန်းဟိုင်ဇေအထိ ရောက်နိုင်သည်။ လမ်းတစ်လမ်းလုံးသည် ၂၀.၄၇ ကီလိုမီတာ ရှည်ပြီး တစ်နာရီလျှင် အမြင့်ဆုံး ကီလိုမီတာ ၇၀ မောင်းနိုင်၍ ခရီးသည် ဝန်ဆောင်ပေးမှုစင်တာ ဘူတာရုံ၊ ပိုင်ဆားရှေးဟောင်းမြို့နယ် ဘူတာရုံ၊ ယွိရွှေကျေးရွာ ဘူတာရုံ၊ တုံးပါးလျှိုမြောင် ဘူတာရုံနှင့် ယွိလုံဆီးနှင်းတောင် ဘူတာရုံနှင့် ရထားအခြေခံစခန်း တစ်ခုတို့ကို တည်ထောင်ထားကာ လိကန်းမြို့ရှိ ပထမဦးဆုံး မြို့ပြရထားလမ်း ဖြစ်ပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် ဖြစ်သော လိကျန်းရှေးဟောင်းမြို့နှင့် ယွိလုံဆီးနှင်းတောင် ၅A အဆင့် ရှုခင်းသာရပ်ကွက်တို့ကို ချိတ်ဆက်သော ခရီးသွားလာရေး ရှုခင်းကြည့် အထူးလမ်းကြောင်းလည်း ဖြစ်သည်။
ဤစီမံကိန်းကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလမှ စတင်တည်ဆောက်ခဲ့သည်၊ တည်ဆောက်ရာတွင် စီမံကိန်းအဖွဲ့သည် နည်းပညာ သုတေသနလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်ပြီး မကောင်းသော ဘူမိအခြေအနေများ၊ ပင်လယ်ရေမျက်နှာပြင် အထက် မြင့်မားသောဒေသ၌ ဆောက်လုပ်ရေး၊ဆီးနှင်းတောင်၏ ပျော့ညံ့သော ဂေဟပတ်ဝန်းကျင် ကာကွယ်ရေး စသည့် အခက်အခဲများကို ကိုင်တွယ်ဖြေရှင်းကာ လွတ်လပ်သော ဉာဏ်ပစ္စည်းမူပိုင်ခွင့် ရှိသော တောင်တန်းဒေသရှိ ခရီးသွားရထားလမ်း တည်ဆောက်ရေးနှင့် ခုတ်မောင်းပြေးဆွဲမှု နည်းလမ်းများကို ဖြစ်လာခဲ့သည်၊ ၂ နှစ်နှင့် ၂ လ ကြာသော ကြိုးပမ်းအားထုတ် ခြင်းအားဖြင့် အောင်မြင်စွာ စမ်းသပ်ပြေးဆွဲခဲ့သည်။
အဆင့် ၁ လုပ်ငန်းစဉ်တွင် မြင်ကွင်းကျယ် ရှုခင်းကြည့် တောင်တက်ခရီးသွားရထား ၁၆ စီးကို စီစဉ်အသုံးပြု၍ ပထမတန်း ထိုင်ခုံ၊ ဒုတိယတန်း ထိုင်ခုံ နှစ်မျိုးရှိပြီး ခရီးသည်များ၏ မတူသော လိုအပ်ချက်များနှင့် ကိုက်ညီနိုင်မည်။ ယခုအချိန်တွင် မြင်ကွင်းကျယ် ရှုခင်းကြည့် တောင်တက်ခရီးသွားရထား ၆ စီးကို လိကျန်းမြို့သို့ တင်ယူပို့ဆောက်ရောက်ခဲ့ပြီ။ ကြေးမှန်ဘက်မှာ လျှပ်စစ်ဓာတ်အားဖြင့် အလင်းရောင်ခြည် ထိန်းညှိသည့် အကြီးစား ရှုခင်းကြည့် ဘေးကြေးမှန်များကို သုံးပြု၍ နေရောင်ထိုးခြင်း၏ အားကောင်းအားပျော့ခြင်းအရ လင်းမှောင်ခြင်း ပြောင်းလဲစေနိုင်၍ နေရောင်ခြည်လည်း ကာကွယ်နိုင်ပြီး ရှုခင်းလည်း ကြည့်ရှုနိုင်သည်။ ထို့ပြင်၊ ခုတ်မောင်းမည့် လမ်းကြောင်းသည် ရှေးဟောင်းမြို့မှ ဆီးနှင်းတောင်သို့ ပင်လယ်ရေမျက်နှာပြင်ထက် ပိုမိုမြင့်လာခြင်းအား စဉ်းစားသောကြောင့် မော့ကြည့်မြင်ထောင့် ဒီဂရီ ၁၂၀ မှ ဒီဂရီ ၁၅၀ အထိ ရှိစေခဲ့သည်။
လိကျန်းရှုခင်းကြည့်ရထား စီမံကိန်း၏ အဆင့် ၁ လုပ်ငန်းစဉ် ဆောင်ရွက်ခြင်းသည် ယွိလုံဆီးနှင်းတောင် ရှုခင်းသာရပ်ကွက်ရှိ လမ်းပန်းဆက်သွယ်ရေးစနစ် မပြည့်စုံသော၊ ခရီးသည်များ ကိုယ်ပိုင်မောင်းသော ကား၏ ကာဗွန်ဓာတ်ငွေ့ ထုတ်လွှတ်ခြင်းကြောင့် ဂေဟပတ်ဝန်းကျင် ထိခိုက်သည့် ပြဿနာများကို ထိရောက်စွာ ဖြေရှင်းနိုင်၍ ယွိလုံဆီးနှင်းတောင် ရှုခင်းသာရပ်ကွက်သို့ ခရီးသွားလာရေး အရည်အသွေးနှင့် ခရီးသည်များ၏ ခံစားမှုများကို တိုးမြှင့်၍ ယွိလုံဆီးနှင်းတောင်၏ သဘာဝ ဂေဟအရင်းအမြစ်များကို အပြည့်အဝ ကောင်းကောင်း ထိန်းသိမ်းနိုင်မည်။ ရထား စတင်ပြေးဆွဲ ပြီးနောက် လိကျန်းမြို့တွင်းရပ်ကွက်မှ ယွိလုံဆီးနှင်းတောင်သို့ ခရီးသည်များ၏ ခရီးထွက်သည့် လွယ်ကူမှုကို ပိုမိုမြှင့်တင်၍ ယွိလုံဆီးနှင်းတောင် ရှုခင်းသာရပ်ကွက်ရှိ တွေ့ကြုံခံစားမှုဆိုင်ရာ အပန်းဖြေကုန်ပစ္စည်းများနှင့် လုပ်ငန်းတည်ဆောက်ရေးများကို ရှေ့သို့တွန်းတင်၍ ယွိလုံဆီးနှင်းတောင်-ပိုင်ဆာ နိုင်ငံတော်အဆင့် ခရီးသွားအပန်းဖြေဒေသကို ဖန်တီးတည်ဆောက်စေရန်အတွက် လိကန်းမြို့ကို ကမ္ဘာ့ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေး နာမည်ကျော်မြို့အဖြစ် ကူညီတည်ဆောက်သည့်အတွက် အရေးကြီးသော အကျိုးသက်ရောက်မှု ရှိသည်။
11月28日,丽江观光火车一期工程正式进入通车试运行阶段。接下来,项目公司将按相关规定开展为期3个月的空载试运行,在有序完成初期运营前、正式运营前等安全评估工作后投入正式运营。届时,游客可乘坐“观光火车”欣赏巍峨壮美的雪山、湛蓝如玉的蓝月谷湖水与旖旎奇绝的峡谷风光。
丽江观光火车一期工程是2020年、2021年云南省“四个一百”(100项竣工投产项目、100项在建项目、100项新开工项目、100项前期工作项目)重点工程之一,项目总投资30.7亿元,项目起点为丽江游客集散中心,终点为玉龙雪山甘海子,全线长20.47公里,设计时速70公里,设置游客中心站、白沙古镇站、玉水寨站、东巴谷站、玉龙雪山站共5个站和1座车辆基地,是丽江市第一条城市轨道交通线路,也是连接世界文化遗产丽江古城与玉龙雪山5A级景区的旅游观光专线。
工程于2020年9月开工建设,建设过程中,项目团队积极开展技术研究,克服了不良地质、高海拔施工、保护雪山脆弱的生态环境等重重难题,形成了具有自主知识产权的山岭区旅游有轨电车建设与运营方案,经过2年零2个月的努力,顺利实现通车空载试运行。
一期工程计划投入全景观光山地旅游列车16列,有一等座、二等座两种坐席,能够满足游客差异化、个性化乘坐需求。目前,全景观光山地旅游列车已到场6列。整车车窗均采用电动调光的大型观景侧窗,可根据日照强弱明暗变换,既能防晒又能观景。同时,考虑到行驶路线从古城到雪山海拔一路增高,沿途仰视视角实现了120度至150度的视野。
据介绍,实施丽江观光火车一期工程建设能有效解决玉龙雪山景区旅游交通系统不完善、游客自驾车尾气排放影响生态环境的问题,提升玉龙雪山景区旅游品质和游客体验感,全面保护好玉龙雪山的自然生态资源。通车后将大幅提升丽江城区到玉龙雪山旅客出行的便捷性,推进玉龙雪山景区体验型度假产品和业态建设,对推动玉龙雪山——白沙国家级旅游度假区创建、助推丽江建设世界文化旅游名城具有十分重要的意义。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ