"မည်သည့်အချိန်မှ အဆုံးသတ်မည် မဟုတ်သည့်" တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ ကုန်စည်ထောက်ပံ့ပို့ဆောင်ဖြန့်ဖြူးရေးစင်တာကို ထူထောင်ခဲ့
2022-11-29 16:15|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) နိုဝင်ဘာလ ၂၁ ရက်နေ့ ညနေပိုင်းတွင် ၆ ကြိမ်မြောက် သွင်းကုန်ပို့ကုန် ဝယ်ယူရေး ချိတ်ဆက်ဆောင်ရွက်မှု စည်းဝေးပွဲနှင့် "မည်သည့်အချိန်မှ အဆုံးသတ်မည် မဟုတ်သည့်" တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ ကုန်စည်ထောက်ပံ့ပို့ဆောင်ဖြန့်ဖြူးရေးစင်တာ ထူထောင်ခြင်း အခမ်းအနားကို ကူမင်းတိန်ချီး နိုင်ငံတကာ ပြသရေးစင်တာ၌ ကျင်းပခဲ့သည်။ ကူမင်းမြို့ အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ စီးပွားရေးဆိုင်ရာ ကောင်စစ်ဝန် ဒေါက်တာဝေရီလင်း၊ တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း၊ ကူမင်းရှိ အာဆီယံ နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအသင်း၊ ကူမင်းတိန်ချီး အာရှဒေသဆိုင်ရာယဉ်ကျေးမှု သုတေသနအသင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ (ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ) စက်မှုနှင့် ကုန်သွယ်ရေးအသင်း စသည်တို့၏ ကိုယ်စားလှယ်များသည် အွန်လိုင်းနှင့် အော့ဖ်လိုင်းတွင် ပါဝင်ခဲ့ကြသည်။
ဤလှုပ်ရှားမှုကို ကူမင်းတိန်ချီး အာရှဒေသဆိုင်ရာယဉ်ကျေးမှု သုတေသနအသင်း၊ ယူနန် ဇီလီဖန် လုပ်ငန်းစီမံအုပ်ချုပ်ရေး ကုမ္ပဏီလီမိတက်နှင့် ကူမင်းရှိ အာဆီယံ နိုင်ငံတကာ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအသင်းတို့သည် အတူတကွ ဦးစီးကျင်းပခဲ့ကာ ၄င်း၏ ရည်ရွယ်ချက်သည် ၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင်နိုင်ငံများ အကြားရှိ တင်သွင်းခြင်းနှင့် တင်ပို့ခြင်း ကုန်သွယ်မှုများကို မြှင့်တင်၍ "မည်သည့်အချိန်မှ အဆုံးသတ်မည် မဟုတ်သည့်" တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို အခြေခံပြုသည့် တစ်ကမ္ဘာလုံးဆိုင်ရာ အကြီးစား အထူး ကုန်စည် ထောက်ပံ့ပို့ဆောင် ဖြန့်ဖြူးရေးစင်တာကို တည်ထောင်၍ ယူနန်ပြည်နယ်၏ နိုင်ငံခြားကုန်သွယ်ရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေပြီး ယူနန်ပြည်နယ်၏ ပြည်ပသို့ တင်ပို့ရောင်းချရေးအား အဓိကထားသော စီးပွားရေးကို လျင်မြန်စွာ ဆောင်ရွက်ရန် တွန်းအားပေးပြီး ပြည်ပသို့ တံခါးဖွင့်မှု၊ ယှဉ်ပြိုင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတို့ဆိုင်ရာ အားသာချက်အသစ်များကို ဖြစ်လာစေမည် ဖြစ်သည်။
ထိုနေ့တွင် "မည်သည့်အချိန်မှ အဆုံးသတ်မည် မဟုတ်သည့်" တရုတ်-တောင်အာရှ ကုန်စည်ပြပွဲ ကုန်စည်ထောက်ပံ့ပို့ဆောင်ဖြန့်ဖြူးရေးစင်တာကို တရားဝင် စတင်ဖွင့်လှစ်ပြီးနောက် ကူမင်းတိန်ချီး အာရှဒေသဆိုင်ရာယဉ်ကျေးမှု သုတေသနအသင်း၏ ခေါင်းဆောင်လုံတုံးလင်နှင့် မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်တို့သည် လန်ချန်း-မဲခေါင်နိုင်ငံများ နယ်စပ်ဖြတ်ကျော် စက်မှုလုပ်ငန်းဇုန်များ ပူးပေါင်းဆောင်ရွက်မှု မဟာမိတ်မှ ဟုပန် ကုန်စည်ထောက်ပံ့ပို့ဆောင်ဖြန့်ဖြူးရေးစင်တာဆိုင်ရာ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု မူဘောင် သဘောတူညီချက်ကို ချုပ်ဆိုခဲ့သည်။
ကူမင်းမြို့ အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး၏ စီးပွားရေးဆိုင်ရာ ကောင်စစ်ဝန် ဒေါက်တာဝေရီလင်းက ယူနန်ပြည်နယ်သည် တရုတ်-မြန်မာကုန်သွယ်ရေး ဆောင်ရွက်ရာတွင် အရေးပါသော အကျိုးသက်ရောက်မှုရှိ၍ နှစ်ဦးနှစ်ဖက်သည် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်နိုင်ပြီး စက်မှုလုပ်ငန်းဇုန်များ ပူးပေါင်းဆောင်ရွက်မှု မဟာမိတ်ဆိုင်ရာ လုပ်ငန်းများကို မြေပေါ်ကျ ဆောင်ရွက်နိုင်မည်ဟု ပြောကြားခဲ့သည်။
ဤကုန်စည်ထောက်ပံ့ပို့ဆောင်ဖြန့်ဖြူးရေးစင်တာ၏ ထူထောင်ခြင်းသည် ယခုအချိန်တွင် ထုတ်ကုန်လုပ်ငန်းကွင်းဆက်၊ ထောက်ပို့လုပ်ငန်းကွင်းဆက်နှင့် ကုန်စည်စီးဆင်းမှုကွင်းဆက်တို့ကို အတားအဆီးနှင့်အပိတ်အဆို့ မရှိစေရန် အတူတူဆောင်ရွက်၍ ဒေသဆိုင်ရာစီးပွားရေး ဖွံ့ဖြိုးတိုးတက် စေသည့်အတွက် အထောက်အကူပြုနိုင်မည်။ အဖွဲ့ဝင်နိုင်ငံများအကြေား အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုကို ဖွံ့ဖြိုးတိုးတက်ရန်၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်ရန်၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အရေးကြီးသော အကျိုးသက်ရောက်မှုရှိသည့်အပြင် ကုန်စည်စီးဆင်းမှု၏ ကုန်ကျစရိတ်ကို ထိရောက်စွာ လျှော့ချရန်၊ ကုန်စည်စီးဆင်းမှု လည်ပတ်သည့် စွမ်းဆောင်ရည်ကို တိုးမြှင့်ရန်၊ ဒေသဆိုင်ရာစီးပွားရေးကို ကျန်းမာစွာ ဖွံ့ဖြိုးတိုးတက်စေရန် အရေးပါသော အကျိုးသက်ရောက်မှု ရှိသည်။
昆明信息港讯 记者文丽荣 马弘杨 11月21日下午,第六届进出口商品采购对接会暨“永不落幕”南博会物流集散中心成立仪式在昆明滇池国际会展中心举行。缅甸驻昆明总领事馆商务领事苇伊琳,中国(云南)自由贸易试验区昆明片区、昆明东盟国际贸易投资促进会、昆明滇池泛亚研究学会、缅甸缅北(果敢自治区)工商协会、缅甸大通贸易实业有限公司等代表,以线上和线下方式出席仪式。
本次活动由昆明滇池泛亚文化研究学会、云南智立坊企业管理有限公司、昆明东盟国际贸易投资促进会联合主办,旨在进一步促成2023年澜湄国家间进出口贸易,成立以“永不落幕”南博会为基础的面向全球的大型专业物流集散中心,促进云南省外贸产业发展,推动云南省外向型经济快速建设,形成对外开放竞争合作新优势。
现场,“永不落幕”南博会物流集散中心正式揭牌。随后,昆明滇池泛亚文化研究学会会长龙东林与缅方代表签署了澜湄国家跨国产业园区协作联盟户板物流集散中心战略合作框架协议。
缅甸驻昆明总领事馆商务领事苇伊琳博士表示,云南在中缅贸易中发挥着重要作用,希望双方能增进合作,落地发展有关产业联盟事宜。
集散中心的成立,将共同推动当下产业链、供应链、物流链的恢复畅通,为促进区域经济发展贡献力量。对各成员国之间发展国际贸易、促进国际投资、推动经济合作具有重要意义,同时在有效降低物流成本、提升物流运行效率、促进区域实体经济健康发展方面有着举足轻重的作用。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ