ယူနန်ပြည်နယ်သည် ၂၀၂၂ ခုနှစ် မြန်မာအသားစားနွား မွေးမြူရေးနည်းပညာသင်တန်းကို စတင်ဖွင့်လှစ်ခဲ့
2022-11-28 14:50|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) တရုတ်-မြန်မာ နှစ်နိုင်ငံတို့အကြား အသားစားနွားမွေးမြူရေးနယ်ပယ်တွင် အပြန်အလှန် ဖြည့်ဆည်းပေးခြင်း အားသာချက်များကို တစ်ဆင့်တိုးပြီး ထုတ်ဖော်ရန်၊ ပူးပေါင်းဆောင်ရွက်မှု၏ အနက်အဓိပ္ပါယ်ကို ပွားများကြွယ်ဝစေရန်၊ ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို နက်ရှိုင်းစေရန် ယူနန်ပြည်နယ် ပြည်သူ့ ပြည်ပချစ်ကြည်ရေးအသင်းနှင့် ယူနန်ပြည်နယ် အရပ်ဘက် နိုင်ငံတကာ ချစ်ကြည်ရင်းနှီးစွာ ကူးလူးဖလှယ်ရေး ဖောင်ဒေးရှင်းတို့သည် နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ ၂၀၂၂ ခုနှစ် မြန်မာအသားစားနွား မွေးမြူရေးနည်းပညာသင်တန်းကို ကြီးမှူးကျင်းပခဲ့သည်။ အဆိုပါသင်တန်းသို့ မြန်မာနိုင်ငံ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးစသည့် ဒေသန္တရအစိုးရ မွေးမြူရေးဌာနမှ အရာရှိများ၊ မွေးမြူရေးနည်းပညာဝန်ထမ်းများနှင့် မွေးမြူရေးသမားများဖြင့် ဖွဲ့စည်းသည့် သင်တန်းသား သင်တန်းသူ စုစုပေါင်း အယောက် ၁၈၀ ခန့် တက်ရောက်ခဲ့ကြသည်။
ဤသင်တန်းကို တိုက်ရိုက်ထုတ်လွှင့်ခြင်းနှင့် မှတ်တမ်းတင်ထုတ်လွှင့်ခြင်းတို့ဖြင့် အွန်လိုင်းပေါ်တွင် လုပ်ဆောင်ခဲ့သည်။ သင်ခန်းစာများတွင် အသားစားနွားတွင် ကြုံတွေ့ရလေ့ရှိသည့်ရောဂါ ကာကွယ်ကုသရေး၊ အသားစားနွား ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ အသားစားနွား မွေးမြူရေး နည်းပညာ၊ အသားစားနွား မွေးမြူရေးပုံစံအား ဆွေးနွေးမှုနှင့် မွေးမြူရေးကုန်ကျစရိတ် ထိန်းချုပ်မှု စသည်တို့ ပါဝင်သည်။ နည်းပညာသင်တန်း မှတစ်ဆင့် မြန်မာနိုင်ငံရှိ နွားမွေးမြူသူများနှင့် သက်ဆိုင်ရာနယ်ပယ်မှ နည်းပညာဝန်ထမ်းများက ကမ္ဘာ့အသားစားနွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အခြေအနေ၊ မျိုးစိတ်ရွေးချယ်မှုကို နားလည်သိရှိရန် ကူညီပေးပြီး သင်တန်းသား သင်တန်းသူများက တိရစ္ဆာန်ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ အစာမြက်များ မျိုးစိတ်ရယူစမ်းသပ်သည့် သဘောတရားမှ လက်တွေ့စမ်းသပ်မှုအထိ နားလည်သိရှိမှုကို မြှင့်တင်မည်။
မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်စုသည် တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းသည် မြန်မာနိုင်ငံတွင် ကြီးထွားလာနေသည့် လုပ်ငန်းတစ်ခု ဖြစ်သော်လည်း လက်ရှိ မြန်မာနိုင်ငံတွင် အမျိုးအစားကာကွယ်ရေးနှင့် မြှင့်တင်ရေး၊ သားစပ်ခြင်း၊ အမျိုးအစား ကောင်းမွန်စေခြင်း၊ အစားအစာစိုက်ပျိုးရေးနှင့် တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး စသည့် ခေတ်မီစိုက်ပျိုးရေးစနစ်များနှင့် ပတ်သက်သည့် နည်းပညာမှာ အတော်လေး အားနည်းနေသေး၍ ဤသင်တန်းသည် မြန်မာအသားစားနွား မွေးမြူရေး ဖွံ့ဖြိုးတိုးတက်မှုဘက်တွင် အရေးပါသော အကျိုးသက်ရောက်မှု ရှိရမည်ဟု ယုံကြည်သည် ဖြစ်ကြောင်း အွန်လိုင်းမိန့်ခွန်းတွင် ပြောကြားခဲ့သည်။
ကူမင်းမြို့အခြေစိုက် မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးသော်တာအောင်သည် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်တို့အကြား မွေးမြူရေးလုပ်ငန်း စသည့် နယ်ပယ်အသီးသီးမှ ပူးပေါင်းဆောင်ရွက်မှုသည် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုကို ထိရောက်စွာ မြှင့်တင်နိုင်၍ အဆိုပါသင်တန်းသည် မြန်မာတိရစ္ဆာန်မွေးမြူရေးလုပ်ငန်း၏ အရည်အသွေးမြင့်မား တိုးတက်ရေး၊ မြန်မာအသားစားနွား မွေးမြူရေးလုပ်ငန်း၏ စျေးကွက်ယှဉ်ပြိုင်နိုင်စွမ်းကို ထိရောက်စွာ မြှင့်တင်ပြီး တရုတ်-မြန်မာအကြားမှ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်ကို ပိုမိုတိုးချဲ့နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
昆明信息港综合整理 为进一步发挥中缅肉牛领域的互补优势、丰富务实合作内涵、深化友好关系,云南省人民对外友好协会及云南民间国际友好交流基金会11月21日至11月25日主办了2022年缅甸肉牛养殖技术培训项目,缅甸内比都、仰光、曼德勒等地政府畜牧部门官员、畜牧技术人员及养殖户共约180名学员参加培训。
培训采取线上方式,通过直播与录播方式开展。课程设置涵盖肉牛常见病防治、肉牛传染性疫病防控、肉牛养殖技术、肉牛养殖模式探讨及饲养成本控制等。通过技术培训,将助力缅甸养牛农户和相关领域技术人员了解世界肉牛产业发展趋势、品种选择,增进学员从动物疫病防控、饲草引种试验的理论到实际操作层面的纵向了解。
缅甸农业、畜牧与灌溉部畜牧与兽医司副司长貌貌苏在线上致辞中说,畜牧业是缅甸的成长性行业,但目前缅甸在品种保护和推广、配种、品种改良、饲料种植、动物传染病防控等现代农业体系相关技术方面较薄弱,相信本次培训班将在缅甸肉牛养殖发展方面发挥重要作用。
缅甸驻昆明总领事吴多达昂表示,滇缅在养殖业等各方面合作将有效推动经济社会发展,本次培训班将有效推动缅甸畜牧业高质量发展,提升缅甸肉牛产业市场竞争力,并进一步扩大中缅双方合作空间。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ