တန်ဖိုး ယွမ်ငွေ ၁၀ ဘီလျံကျော်ရှိသည့် နယ်စပ်ဖြတ်ကျော် ကုန်ပစ္စည်းများကို တရုတ်-လာအို ရထားလမ်းဖြင့် သယ်ဆောင်သွား

2022-11-28 11:05|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား လဲ့ရွှေရည်တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်လည်ပတ်မှုသည် တစ်နှစ်ပြည့်တော့မည်၊ နိုဝင်ဘာလ ၂၀ ရက်နေ့အထိ၊ ယူနန်ပြည်နယ်နိုင်ငံတကာရထားကုမ္ပဏီသည် တာဝန်ဆောင်ခဲ့သည့် တရုတ်-လာအို ရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်ပစ္စည်းသယ်ဆောင်မှု ပမာဏမှာ တရုတ်-လာအို ရထားလမ်း နယ်စပ်ဖြတ်ကျော် ကုန်ပစ္စည်းသယ်ဆောင်မှု စုစုပေါင်းပမာဏ၏ ၈၆ ရာခိုင်နှုန်းရှိနေ၍ သွားလာသည့် နိုင်ငံတကာ ကုန်တင်ရထား အစီး ၁၅၀၀ ကျော်ရှိပြီး သယ်ဆောင်မှုပမာဏ အတန် ၁၄၀ သောင်း ကျော်လွန်ပြီး တန်ဖိုး ယွမ်ငွေ ၁၀ ဘီလျံကျော်အထိ ရောက်ရှိခဲ့သည်။

ယူနန်ပြည်နယ်နိုင်ငံတကာရထားကုမ္ပဏီ တစ်လ၏ သွားလာသည့် နယ်စပ်ဖြတ်ကျော် ကုန်ပစ္စည်းသယ်ဆောင်မှု ပမာဏသည် ၂၀၂၁ ခုနှစ် စတင်ဖွင့်လှစ်လည်ပတ်ချိန်တွင် အတန် ၃ သောင်းမပြည့်မှ ယခုတွင် အတန် ၂ သိန်းကျော်အထိ တိုးပွားလာခဲ့ပြီ။ အခုတလော၊ တစ်နိုင်ငံလုံး ပြည်နယ်(မြို့၊ ရပ်ကွက်) ၂၅ ခုတွင် တရုတ်-လာအို ရထားများကို ခုတ်မြောင်းပြေးဆွဲပြီ ဖြစ်၍ တရုတ်-လာအို ရထားလမ်းဖြင့် ပြည်ပသို့ တင်ပို့သည့် ကုန်ပစ္စည်းများ အမျိုး ၁.၂ ထောင်ကို ကျော်လွန်ပြီ ဖြစ်၍ သယ်ဆောင်သည့် အသိုင်းအဝန်းသည် လာအို၊ ထိုင်း၊ မြန်မာ၊ ဗီယက်နမ် စသည့် "ရပ်ဝန်းတစ်ခု လမ်းကြောင်းတစ်သွယ်" အတူတူတည်ဆောက်သည့် နိုင်ငံ ၁၀ ခုကျော်ကို ဖုံးလွှမ်းထားပြီ ဖြစ်သည်။

昆明信息港综合整理 中老铁路开通运营即将迎来一周年,截至11月20日,云南省国际班列公司承接的中老铁路跨境货物运输量占中老铁路跨境货物运输总量的86%,到发国际货运列车1500多列,货运量超过140万吨,货值达100.34亿元。

据了解,云南省国际班列公司单月到发跨境货物量从2021年运营之初的不足3万吨,增长到目前的20万吨以上。目前,全国已有25个省(市、区)开行中老班列,通过中老铁路出境的货物超过1200种,运输范围覆盖老挝、泰国、缅甸、越南等10多个共建“一带一路”国家。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်