တရုတ်-တောင်အာရှ ကုန်စည်ပြပွဲဖြင့် ပူးပေါင်းဆောင်ရွက်ရေး ပလက်ဖောင်းကို တည်ဆောက်သည်ဟု နိုင်ငံခြားသတင်းထောက်များသည် ယူဆ

2022-11-23 16:45|ရောင်စုံတိမ်တံတား

1234479

(ရောင်စုံတိမ်တံတား မျိုးသူဇာကြော့နိုဝင်ဘာလတွင် မိုးရိပ်မိုးသားများ ကင်းစင်းပြီး ကြည်လင်သာယာ၍ လေများ အေးအေးညှင်းညှင်း လန်းလန်းဆန်းဆန်းရှိကာ တောင်အာရှ အရှေ့တောင်အာရှသည် ယူနန်ပြည်နယ်ကို အာရုံစိုက်ကြပါသည်။ လာအို၊ ပါကစ္စတန်၊ ကမ္ဘောဒီးယား၊ ထိုင်း စသည့်နိုင်ငံများမှ သတင်းထောက်များသည် ၆ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲနှင့် ၂၆ ကြိမ်မြောက် တရုတ် ကူမင်း သွင်းကုန်ပို့ကုန် ကုန်စည်ပြပွဲ (အောက်တွင် "တရုတ်-တောင်အာရှကုန်စည်ပြပွဲ"ဟု အတိုကောက်ခေါ်ပါသည်)တွင် ပါဝင်ရန် ကူမင်းမြို့သို့ လာရောက်ခဲ့ကြပါသည်။

ပြခန်း နံပါတ်(၇)ရှိ လာအိုဧည့်သည်တော်နိုင်ငံပြခန်းတွင် လာအိုနိုင်ငံ၏ ဆန်၊ လက်ဖက်ခြောက်၊ ကော်ဖီ၊ လက်မှုအနုပညာပစ္စည်းများ စသည်တို့ကို ပြသထားပါသည်။ Lao People's Army News ၏ သတင်းထောက် Saiphet သည် "ဒါကလာအိုဘီယာ ဖြစ်တယ်၊ ကျွန်တော် အကြိုက်ဆုံးဘီယာ ဖြစ်တယ်"ဟု ဝမ်းသာအားရ မိတ်ဆက်ပေးခဲ့ပါသည်။ Saiphet သည် လာအိုနိုင်ငံ၏ မြို့တော်ဗီယင်ကျန်းမြို့မှ လာ၍ ၎င်းသည် ယူနန်သို့ ပထမဆုံး လာရောက်ခြင်း ဖြစ်ပါသည်။ မြို့ များစွာလည်ပတ်ကြည့်ရှုခဲ့ ပြီးနောက် သူသည် "ကျွန်တော်က ယူနန်နဲ့ ကူမင်းတို့ကို သဘောကျတယ်၊ ကူမင်းဟာ ခေတ်မီတဲ့မြို့တစ်မြို့ ဖြစ်တယ်"ဟု ပြောဆိုခဲ့ပါသည်။ Saiphet သည် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲဖြင့် နိုင်ငံအသီးသီးအတွက် ကြီးမားသော အခါအခွင့်များကို ပေးနိုင်သည်ဟု ယူဆကာ ပါဝင်ပြသသည့် ကုန်ပစ္စည်းများကို  အော်ဒါအမှာစာ များစွာ လက်ခံရရှိစေမည် ဖြစ်၍ ပိုများသော တရုတ်လူများကို ပြည်ပအထူးကုန်ပစ္စည်းများအား သိရှိနားလည်စေပြီး နှစ်သက်စေလာမည်ဖြစ်ကြောင်း ယုံကြည်ပါသည်။

ပါကစ္စတန်၏ သတင်းထောက် Rahul Basharat သည် နံနက်စောစောတွင် ပြခန်းအားလုံးကို လည်ပတ်ကြည့်ရှုခဲ့ပါသည်။ "အရမ်းဝမ်းသာပါတယ်၊ တောင်အာရှ အရှေ့တောင်အာရှ ကုန်သည်တွေက အဲဒီအခွင့်ကို အသုံးပြုပြီး သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ပြသနိုင်တယ်၊ ပိုကောင်းတဲ့ တရုတ်ဈေးကွက်ကို ရှာဖွေနိုင်တယ်။" ဤအကြိမ်သည် Rahul Basharat ကုန်စည်ပြပွဲ ပထမဦးဆုံး ပါဝင်ခြင်း ဖြစ်ပါသည်၊ သူမှာ တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသည် တောင်အာရှ အရှေ့တောင်အာရှနိုင်ငံများအတွက် ကြီးမားသည့် ပလက်ဖောင်းတစ်ခု ဖြစ်၍ နိုင်ငံခြားကုမ္ပဏီများသည် ပိုများသော ရင်းနှီးမြှုပ်နှံမှုအခါအခွင့်များကို ရှာဖွေရန် ပိုမိုလွယ်ကူစေ ရုံသာမက သူတို့အတွက် ပြသသော ဇာတ်ခုံကို ပေးနိုင်၍ သူတို့နှင့် တရုတ်နိုင်ငံ၏ သွင်းကုန်ပို့ကုန် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်သည်ဟု ယူဆပါသည်။

Manager Daily ၏ သတင်းထောက် ကျိန်ချွမ်ဇေသည် "ကူမင်းရဲ့ရှုခင်းတွေ သိပ်လှတယ်၊ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ စားလို့သိပ်ကောင်းတယ်၊ ရာသီဥတုက တစ်နှစ်ပတ်လုံး နွေဦးရာသီနဲ့တူပဲ၊ လေကောင်းလေသန့် ရှူနိုင်တယ်၊ ခရီးသွားဖို့ သင့်တော်တယ်၊ အေးအေးချမ်းချမ်း နေထိုင်၊ ပျော်ပျော်ရွှင်ရွှင် အလုပ်လုပ်နိုင်တယ်"ဟု ကူမင်းမြို့နှင့်ပတ်သက်သည့် ချစ်ခင်မြတ်နိုးမှုများကို တရုတ်စကားဖြင့် ကျွမ်းကျွမ်းကျင်ကျင် ဖော်ပြခဲ့ပါသည်။ ကျိန်ချွမ်ဇေသည် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲသည် တောင်အာရှ အရှေ့တောင်အာရှနိုင်ငံများနှင့် အလွန်နီးကပ်သော ဆက်ဆံမှု ရှိ၍ ကူမင်း၊ ယူနန်နှင့်သက်ဆိုင်သော အကြောင်းအသီးသီးကို နိုင်ငံအများအပြားသို့ မိတ်ဆက်ပေးနိုင်သည်ဟု ယူဆပါသည်။ ကပ်ရောဂါ အဆုံးသတ်သွားပြီးနောက် ထိုင်းနိုင်ငံနှင့် တခြားအရှေ့တောင်အာရှနိုင်ငံမှ ခရီးသည်များသည် ကူမင်းမြို့သို့ လာရောက်လည်ပတ်ရန် ပိုများစွာရှိနိုင်မည်ဟု မျှော်လင့်ပါသည်။

ကမ္ဘောဒီးယားနိုင်ငံ၏ သတင်းထောက် Son Minea သည် "ကူမင်းမှာ ကျင်းပတဲ့ပြပွဲတွေက အကောင်းဆုံးပဲ"ဟု ပြောခဲ့ပါသည်။ Son Minea သည် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲတွင် ပါဝင်ရန်အတွက် ကူမင်းမြို့နှင့် တရုတ်နိုင်ငံသို့ ပထမဆုံး လာရောက်ပါသည်။ "ကျွန်တော် ကူမင်းကို ကြိုက်တယ်၊ ကူမင်းက အရမ်းကောင်းတယ်၊ လှပတဲ့ တောင်တန်းတွေ ရှိတယ်"ဟု သူသည် ချီးကျူးပြောဆိုခဲ့ပါသည်။

လာအိုသတင်းထောက် Sengthong သည် ပြခန်းနံပတ်(၇)၌ အမှတ်တရပြုရန် ဓာတ်ပုံရိုက်ပြီးနောက် "တောင်အာရှနဲ့ တရုတ်နိုင်ငံအတွက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲဟာ ကောင်းမွန်တဲ့အခွင့် ဖြစ်တယ်၊ ကျွန်တော်တို့က အပေါင်းအဖော်ဆက်စပ်မှုကို ထူထောင်နိုင်ပြီး ရင်းနှီးမြှုပ်နှံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးနိုင်ပြီး ပိုကောင်းတဲ့အနာဂတ်ကို အတူတူ ဖန်တီးနိုင်မှာပါ" ဟု ပြောကြားခဲ့ပါသည်။

1234479

十一月天朗气清,南亚东南亚将目光聚焦云南。来自老挝、巴基斯坦、柬埔寨、泰国等国家的记者来到昆明,参加第6届中国—南亚博览会暨第26届中国昆明进出口商品交易会(以下简称“南博会”)。

在7号馆老挝主宾国形象展区,陈列着来自老挝的大米、茶叶、咖啡、手工艺品等产品。老挝军队报的记者Saiphet高兴地介绍道:“这是老挝啤酒,是我最喜欢的啤酒。”Saiphet从老挝首都万象而来,这是他第一次来云南。在游览了众多城市后,他表示:“我喜欢云南,喜欢昆明,昆明是一个现代化的城市。”Saiphet认为,南博会为每一个国家提供了巨大机遇,相信参会产品都将收到许多订单,会有越来越多的中国人了解并爱上来自国外的特色产品。

来自巴基斯坦的记者Rahul Basharat一大早就把所有展馆逛了个遍。“很高兴,南亚东南亚国家可以利用这个机会展示他们的产品,寻找更好的中国市场。”这是Rahul Basharat第一次来参会,在他眼中,南博会对于南亚东南亚国家来说是一个很大的平台,不仅可以便于外国公司寻找更多投资机会,还可以为他们提供展示的舞台,促进他们与中国的进出口合作。

《泰国经理报》记者郑权之用熟练的中文表达了他对昆明的热爱:“昆明景色很美,蔬菜和水果都非常好吃,气候四季如春,空气很好,适合旅游,安居乐业。”在郑权之看来,南博会与南亚东南亚国家有非常紧密的关联,可以把昆明、云南的方方面面介绍给很多国家。他希望,疫情结束后,有更多来自泰国和东南亚国家的人来昆明旅游。

来自柬埔寨的记者Son Minea直言:“昆明的展会就是最棒的!”Son Minea表示,这是他第一次来昆明,第一次来中国,为的就是来参加南博会。“我喜欢昆明,昆明非常棒,有漂亮的山。”他毫不吝啬对昆明的喜爱。

老挝记者Sengthong在7号馆拍照留念后说道:“对于南亚、中国来说,南博会就是一个良好机会,我们可以建立伙伴关系,讨论投资与合作,共创一个更加美好的未来。”(昆明信息港 记者苏雯芊 潘雪婷)

အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်