မင်းသည် စားကြိုက်သည့် မြီးရှည်ကို မည်သို့ထုတ်လုပ်သနည်း မြန်မြန်ကြည့်လိုက်ပါ
2022-11-14 11:17|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ယူနန့်လူများအတွက် မြီးရှည်သည် နံနက်စာ၊ နေ့လယ်စာ၊ ညစာ ဤတွင်မက ညတွင်းအစားအသောက်အဖြစ် စားလျက်ရှိသည်။ အခုအချိန်တွင် မြီးရှည်ထုတ်လုပ်မှုသည် ယခင်က လက်မှုအလုပ်ရုံပုံစံဖြင့် ထုတ်လုပ်မှု၊ အတိုင်းအတာသေးငယ်သော ထုတ်လုပ်မှုများမှ စံကိုက်သော၊ စနစ်တကျသော၊ ပိုးမဲ့သော စံပြထုတ်လုပ်မှုသို့ ပြောင်းလဲခဲ့ပါပြီ။
ယူနန်ပြည်နယ် ကူမင်းမြို့ ဖုမင်ခရိုင် ယူနန် ရှင်းချောင် စားကုန်သောက်ကုန်ကုမ္ပဏီလီမိတက်၏ မြီးရှည်ထုတ်လုပ်မှု အခြေခံစခန်း၌ စတုရန်းမီတာ ၈ ထောင် ကျယ်ဝန်းသော စက်ရုံးသည် မတူသော စက်ရုံအလုပ်ဌာနများအဖြစ် ခွဲခြားစီစဉ်ခံ၍ အလုပ်သမားများသည် ထုတ်လုပ်လိုင်းတွင် စနစ်တကျ လုပ်ကိုင်ဆောင်ရွက်ကြပါသည်။ နေ့စဉ်နေ့တိုင်း မြီးရှည်ထုတ်လုပ်မှုကို ညနေမှစပြီး ဆောင်ရွက်ကာ ထုတ်လုပ်မှု စက်ရုံအလုပ်ဌာနသို့ မရောက်မီ အလုပ်သမားများသည် ကြိုတင်ပိုးသတ်၍ သန့်ရှင်းရေးကာကွယ်ရေးဝတ်စုံ ဝတ်ဆင်ထားပြီးမှ ဝင်ရောက်နိုင်ရမည်။ မြီးရှည်သည် ပေါင်းအိုးမှ ယူထွက်ပြီးနောက် ရေစီးကြောင်းပမာ တစ်ဆက်တည်း လုပ်ကိုင်ရသော လုပ်ငန်းဆောင်ရွက်နည်းဖြင့် ဆောင်ရွက်ရမည်၊ ၄င်းအနက် ပြင်းပြသော အပူရှိန်ဖြင့် ချက်ပြုတ်ခြင်း၊ ပုံစံသတ်မှတ်ခြင်း၊ ခွဲဝေထည့်သွင်းထုပ်ပိုးခြင်း စသည့်လုပ်ငန်းများကို စက်ယန္တရားများဖြင့် လုပ်ကိုင်ဆောင်ရွက်ပါသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
- ၁၀ ကြိမ်မြောက် တရုတ်-တောင်အာရှ ကုန်စည်ပြပွဲကို တရုတ်နိုင်ငံ ကူမင်းမြို့၌ ဖွင့်လှစ်ကျင်းပ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း
- မြန်မာ့ကျောက်စိမ်းပြပွဲ တရုတ်-မြန်မာ နယ်စပ်ဒေသ ရွှေလီမြို့တွင် လေလံစတင်
- "ကျိန့်ဟော်"ရထား ဖွင့်လှစ်ခြင်း တစ်နှစ်ပြည့်၊ နယ်စပ်ဖြတ်ကျော် ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်း ချောမွေ့စွာ လည်ပတ်လျက်ရှိ



