ကူမင်းမြို့မှာ ခေါင်းနီစင်ရော်တွေ ကြည့်ရှုဖို့ နေရာသုံးလေးငါးခုလောက် ထောက်ခံအကြံပေးပါ
2022-11-11 15:29|
User အိုက်စိုး၏မေးခွန်း။ မင်္ဂလာပါ အယ်ဒီတာ၊ ခေါင်းနီစင်ရော်တွေက ကူမင်းမြို့ကို ရောက်ရှိနေကြလို့ ကြားခဲ့ပါတယ်၊ ခေါင်းနီစင်ရော်ကြည့်ရှုဖို့ နေရာသုံးလေးငါးခုလောက် ထောက်ခံအကြံပေး နိုင်ပါသလား။
အယ်ဒီတာ၏အဖြေ။ မင်္ဂလာပါ၊ ကူမင်းမြို့မှာ တစ်နှစ်တစ်ကြိမ် ရှိတဲ့ ခေါင်းနီစင်ရော်ကြည့်ရှုချိန်က စတင်ခဲ့ပါပြီ။ အောက်မှာ သင့်အတွက် လူကြိုက်များတဲ့ ခေါင်းနီစင်ရော် ကြည့်ရှုရာနေရာတွေကို ထောက်ခံအကြံပေးပါမယ်၊ သင်က ရွေးချယ်နိုင်ပါမယ်။
ဟိုင်ကေရေကာတာ
ဟိုင်ကေရေကာတာဟာ ၃ ကီလိုမီတာခန့် ရှည်ပြီး ဧရိယာ ကျယ်ဝန်းပြီး အမြင်လမ်း ကောင်းပါတယ်၊ ဒီနေရာမှာ ခေါင်းနီစင်ရော် အများကြီး ရှိပြီး လူတွေကို လုံးဝမကြောက်ဘူး၊ ဒါဆို ခေါင်းနီစင်ရော်ကြည့်ရှုဖို့ အရမ်းသင့်တော်တဲ့ နေရာ ဖြစ်ပါတယ်။
ကျင့်နင်ရပ်ကွက် ရေကန်ပတ်ကားလမ်း
ဒီလမ်းတစ်ခုလုံးဟာ ၁၀ ကီလိုမီတာ ရှည်ပါတယ်၊ ရှုခင်းပြလမ်းကို နှစ်ဖက်သွား ယာဉ်လမ်းကြောင်း ၄ ခု ဆိုတဲ့ စံချိန်စံညွှန်အတိုင်း ဒီဇိုင်းဆွဲပါတယ်၊ စက်ဘီစီးလမ်းနဲ့ လမ်းလျှောက်လမ်းတို့လဲ ရှိသဖြင့် ဘယ်နေရာမဆို ရပ်နားပြီး ခေါင်းနီစင်ရော်တွေကို ကြည့်ရှုနိုင်ပါတယ်။
တိန်ချီးကန်အပျော်စီးလှေ
ခေါင်းနီစင်ရော်တွေက ခုတ်မောင်းနေတဲ့ အပျော်စီးလှေတွေကို အမှီလိုက်ဖို့ နှစ်သက်ပါတယ်၊ တိန်ချီးကန်အပျော်စီးလှေမှာ စီးရင်း ရေကန်ရဲ့ရှုခင်းတွေ၊ တောတောင်ရဲ့ရှုခင်းတွေကို ကြည့်ရှုနိုင်တဲ့အပြင် ခေါင်းနီစင်ရော်တွေရဲ့ ပျံသန်းနေတဲ့ ဟန်အမူအရာတွေကိုလဲ ကြည့်ရှုနိုင်ပါတယ်။ ဟိုင်ကေအရှေ့ဆိပ်ကမ်း၊ ရှင်းစန့်ဆိပ်ကမ်း၊ ဇန်းမေကျေးရွာဆိပ်ကမ်း၊ ဘိုင်ညောင်ယွန်ဆိပ်ကမ်း၊ ရှီးယွန့်ဆိပ်ကမ်းနဲ့ တိန်ချီးကွမ်းကျင်ဆိပ်ကမ်း စတဲ့နေရာတွေမှာ အပျော်စီးလှေကို စီးနိုင်ပါတယ်။
ဟိုင်ကေဥယျာဉ်
ဟိုင်ကေဥယျာဉ်ဟာ တိန်ချီးရေကန်ဘေးမှာ တည်ရှိပြီး ကူမင်းမြို့ရှိ ခေါင်းနီစင်ရော်တွေရဲ့ အရေးပါတဲ့ စုစည်းရာနေရာတစ်ခု ဖြစ်ပါတယ်။
ကန်တော်စိမ်းဥယျာဉ်
နှစ်စဉ်နှစ်တိုင်း များပြားတဲ့ ခေါင်းနီစင်ရော်တွေက ကန်တော်စိမ်းဥယျာဉ်ထဲမှာ ရောက်လေ့ရှိကြလို့ ဒီဥယျာဉ်ဟာ ကူမင်းမြို့သူမြို့သားတွေက ခေါင်းနီစင်ရော်ကြည့်ရှုဖို့ လွယ်ကူတဲ့နေရာ ဖြစ်ပါတယ်၊ အဲဒီထဲမှာ ကန်တော်စိမ်းဥယျာဉ်ရှိ အနောက်တောင်ကျွန်းက ခေါင်းနီစင်ရော်တွေ အများဆုံးနေရာ ဖြစ်ပါတယ်။
တာ့ကွမ်းဥယျာဉ်
တာ့ကွမ်းဥယျာဉ်ဟာ ကူမင်းမြို့တွင်းရှိ ဆောင်းရာသီမှာ ခေါင်းနီစင်ရော်တွေကြည့်ရှုဖို့ အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ်၊ စန်းထန်ရင့်ယွန့်၊ တွေယွက်လျောင်တံတားရှည်တို့ပေါ်မှာ သန့်ရှင်းဖြူစင်တဲ့ ခေါင်းနီစင်ရော်တွေက ရပ်နားပြီး သူတို့က ဥယျာဉ်ထဲမှာ လွတ်လပ်စွာ ပျံသန်းနိုင်ပါတယ်။
ဟွမ်ရှီးတံတား
ဟန်ရှီးတံတားက ကူမင်းမြို့ရဲ့ ဗဟိုဒေသမှာ တည်ရှိနေပါတယ်။ ဟန်ရှီးတံတားရှိ တာ့ကွမ်းမြစ်ပေါ်မှာ အစုလိုက် အအုပ်လိုက်တဲ့ ခေါင်းနီစင်ရော်တွေက တစ်ခါတစ်လေ ရေနဲ့ လက်ရန်းတို့ပေါ်မှာ ရပ်နားပြီး တစ်ခါတစ်လေ ပျံသန်းကြပါတယ်။ ဒါ့အပြင်၊ ဗျိုင်းဖြူတွေနဲ့ ခေါင်းနီစင်ရော်တွေက အတူတူရှိနေတဲ့ ရှုခင်းကိုလဲ ကြည့်နိုင်ပါတယ်။
ဇွန့်ထန်ဥယျာဉ်
ဒီဥယျာဉ်ဟာ ကြီးမားတာ မဟုတ်ပေမဲ့ တာ့ကွမ်းမြစ်နဲ့ နီးကပ်လို့ ပတ်ဝန်းကျင် ကောင်းမွန်တာကြောင့် နှစ်စဉ်နှစ်တိုင်း ဆောင်းရာသီမှာ များပြားတဲ့ ခေါင်းနီစင်ရော်တွေကို ဒီနေရာကို နားနေအစာရှာဖို့ ဆွဲဆောင်လေ့ရှိတယ်။
အထက်ပါ ခေါင်းနီစင်ရော်တွေ ကြည့်ရှုနိုင်တဲ့ နေရာတွေအပြင် စွန်ဖန်မြစ်၊ ယူနန်မင်ဆူကျေးရွာ၊ စောင်ဟိုင်၊ ကွမ်းတုရှေးဟောင်းမြို့နယ်၊ ဖူဟိုင်၊ တာ့ကွမ်းမြစ် စသည့် ခေါင်းနီစင်ရော်တွေရဲ့ အစာရှာနေရာတို့မှာလဲ ခေါင်းနီစင်ရော်တွေကို ကြည့်ရှုနိုင်ပြီး အစာကျွေးနိုင်ပါတယ်။
သတိပေးချက်များ
၁။ ခေါင်းနီစင်ရော်တွေကို ယဉ်ယဉ်ကျေးကျေး ကြည့်ရှုပြီး ချစ်ခင်ယုယ ပြုစုစောင့်ရှောက်ပါ၊ ခေါင်းနီစင်ရော်တွေကို မဖမ်းနဲ့၊ နှိပ်စက်တာ မပြုနဲ့၊ ခေါင်းနီစင်ရော်တွေကို တိတ်တဆိတ် မွေးမြူဖို့ မပြုနဲ့။
၂။ သီးခြားတဲ့ အစာတွေနဲ့ ခေါင်းနီစင်ရော်တွေကို အစာကျွေးပါ၊ အစာ အလွန်မကျွေးနဲ့။
၃။ မိမိရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးကို သတိရပါ၊ ရေပြင်နယ်နိမိတ်ကို မချဉ်းကပ်နဲ့၊ ခေါင်းနီစင်ရော်ရဲ့ မစင်တွေကို မထိတွေ့နဲ့၊ အစာကျွေးဖို့ စုစည်းတာ မပြုနဲ့၊ မျက်နှာဖုံးကို ကောင်းကောင်း ဝတ်ထားပါ၊ အစာကျွေးပြီးတော့ လက်ဆေးပါ။
网友埃梭提问:小编,你好!听说红嘴鸥已经到昆明了,可以给我推荐几个观鸥点吗?
小编解答:您好!昆明一年一度的观鸥季已经开启。下面我将为你推荐几个热门观鸥点,供你参考选择。
海埂大坝
海埂大坝长约3公里,场地宽敞视线好,这里的红嘴鸥数量很多,一点也不怕人,是非常适宜的打卡点。
晋宁环湖公路
全长10余公里,景观路按双向4车道设计,还有骑行道和慢行步道,可以任意驻足观鸥。
滇池游船
红嘴鸥喜欢追逐航行的游船,坐在滇池游船上,在欣赏滇池湖光山色的同时,还可以欣赏红嘴鸥翱翔的曼妙身姿。可在海埂东码头、鑫灿码头、彰美村码头、百鸟园码头、西苑码头、滇池观景码头等地乘坐滇池游船。
海埂公园
海埂公园坐落于滇池湖畔,是红嘴鸥在昆明的重要聚集地之一。
翠湖公园
翠湖公园每年都会迎来一大批红嘴鸥,是昆明市民赏鸥比较方便的地方,其中,翠湖的西南岛是海鸥最密集的地方。
大观公园
大观公园是昆明市区冬季赏鸥最佳观测点之一,三潭映月、水月寮长桥停满了众多洁白的红嘴鸥,它们在公园内自由飞翔。
环西桥
位于昆明市中心。在环西桥的大观河上,成群结队的红嘴鸥,时而落在水面上、栏杆上,时而飞起来。此外,还能看到白鹭与红嘴鸥同处的美景。
篆塘公园
公园虽然不大,但因紧邻大观河,环境优美,每年冬天都会吸引不少红嘴鸥,在这里栖息觅食。
除上述观鸥打卡点外,在船房河、云南民族村、草海、官渡古镇、福海、大观河等红嘴鸥觅食点,也可以观鸥、喂鸥。
温馨提示
1.文明观鸥、爱鸥护鸥,不抓鸥、虐鸥,非法捕猎红嘴鸥,不私自饲养红嘴鸥;
2.喂鸥选择专用鸥粮,不过多投喂;
3.注意自身卫生和安全,尽量不靠近水域,不接触海鸥粪便,不聚集投喂,佩戴好口罩,投喂结束后洗手清洁。
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ