ဆောင်းဦးရာသီတွင် ယူနန်ပြည်နယ် တာ့လီပြည်နယ်ခွဲ စာရှီရှေးဟောင်းမြို့နယ်၌ ရှုခင်းသာယာလှပ
2022-10-27 16:45|
(ရောင်စုံတိမ်တံတား၊ ခင်ခင်) စာရှီရှေးဟောင်းမြို့နယ် ရှုခင်းသာရပ်ကွက်သည် ယူနန်ပြည်နယ် တာ့လီပိုင်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ကျန့်ချွမ်ခရိုင်တွင် တည်ရှိနေ၍ အမျိုးသား AAAA အဆင့် ရှုခင်းသာရပ်ကွက် ဖြစ်သည်။ စက်တင်ဘာလထဲမှ စာရှီမြို့နယ်တွင် စွဲမက်ဖွယ်ကောင်းသော နေရောင်ခြည်၊ မြို့ပြ၏ဆူညံသံနှင့် ကွာဝေးသော အေးချမ်းမှု ရှိသည်။
စာရှီရှေးဟောင်းမြို့နယ်သည် တရုတ်နိုင်ငံရှိ နာမည်ထင်ရှားသော သမိုင်းဝင်ယဉ်ကျေးမှုမြို့နယ် ဖြစ်သည်။ ဤနေရာမှ အဆောက်အအုံများပေါ်တွင် ပြောက်ကျီးပြောက်ကျားသော သဲမြေနံရံများ ရှိပြီး သဲများနှင့် ကျောက်တုံးများဖြင့် ရှေးဟောင်းလမ်းများကို ခင်းထားသည်။ ဒေါင်လိုက် အလျားလိုက် ရောထွေးယှက်တင်သော လယ်ခင်းလမ်းငယ်များ၊ ရောယှက်နေသော မြစ်ချောင်းများ၊ စိမ်းလန်းစိုပြေသော တောင်တန်းများနှင့် ကြည်လင်သောရေများ ရှိသောကြောင့် ဆောင်းဦးရာသီထဲမှ စာရှီရှေးဟောင်းမြို့နယ်တွင် နေလျှင် အလွန်နှစ်သက်ကျေနပ်မိသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့











