နီရှီးအနက်ရောင်မြေထည်ကို စားသုံးသူကြိုက်များ
2022-10-24 14:24|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) အခုနှစ်များတွင် ရှန်ဂရီလာမြို့ နီရှီးမြို့နယ်ရှိ အနက်ရောင်မြေထည် လက်မှုအနုပညာရှင်များသည် အနုပညာအချောကိုင်ခြင်း၊ သေသပ်သိမ်မွေ့ခြင်းနှင့် လက်တွေ့အသုံးချခြင်း စသည့်နယ်ပယ်များဖြင့် အနက်ရောင်မြေထည်များကို စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်အောင် ပြုလုပ်ပြီး မြှင့်တင်၍ ကော်ဖီခွက်များ၊ စုတ်တံဗူးများ၊ ဆေးလိပ်ပြာခွက်များ၊ ပန်းအိုးများ၊ အရက်ခွက်များ စသည့် ခေတ်သစ်နှင့် လိုက်လျောညီထွေနိုင်သည့် ခေတ်စားသော အနက်ရောင်မြေထည် လက်ရာများကို စဉ်ဆက်မပြတ် ထုတ်လုပ်၍ စားသုံးသူ ကြိုက်ခံများရခဲ့ကြပါသည်။
ရှန်ဂရီလာမြို့ နီရှီးမြို့နယ်ရှိ ဇာရှီးအိမ်ထောင်စု၏ သမိုင်း အနှစ်တစ်ရာကျော် ရှိသည့် ရှေးဟောင်းအိမ် လက်တွေ့လေ့လာခံစားမှုပြတိုက်၌ များပြားသော ခရီးသည်များသည် နာမည်ကြားရသောကြောင့် အနက်ရောင်မြေထည်များကို ပြုလုပ်ရန် လက်တွေ့လေ့လာခံစားလာ၍ သူတို့သည် ဇာရှီးကို လိုက်ပြီး နီရှီးအနက်ရောင်မြေထည်၏ သမိုင်းများကို သိရှိနားလည်းရင်း အနက်ရောင်မြေထည်လက်ရာ တစ်ခုကို ကိုယ်ပိုင်ပြုလုပ်၍ မမေ့နိုင်သော သတိရချက်များ ချန်ထားပါသည်။
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့





