ဝေရှီးခရိုင်ရှိ ကျေးလက်များ၏ ရှုခင်းများသည် အလွန်လှပ
2022-10-20 17:38|
(ရောင်စုံတိမ်တံတား၊ မျိုးသူဇာကြော့) ဆောင်းချဉ်းရာသီတွင် စပါးများသည် ရင့်မှည့်သောအချိန်ကာလသို့ ဝင်ရောက်ပြီး ဝေရှီးခရိုင်ရှိ ကျေးလက်များ၏ စပါးစိုက်ခင်းများသည် ပန်းချီကဲ့သို့ လှပသည်။ တာချန်မြို့နယ်၌ ရွှေဝါရောင် ဖြစ်သော စပါးစိုက်ခင်းများသည် ပတ်လည်နားမှ တောတောင်ရေမြေများ၊ ကျေးရွာများနှင့် သဘာဝကျ ရောနှောပေါင်းစပ်ပြီး လှပသော ရှုခင်းများကို ဖြစ်ပေါ်လာ၍ ခရီးသည်များကို လည်ပတ်ကြည့်ရှုရန် များများ ဆွဲဆောင်လာပါသည်။ အခုနှစ်များတွင် ဝေရှီးခရိုင် ထာချန်မြို့နယ်သည် ကျေးလက်အခြေအနေများ၊ ဓလေ့ထုံးစံယဉ်ကျေးမှုများ စသည့် ထူးခြားချက်ရှိသော အရင်းအမြစ်များကို မှီခို၍ ကျေးလက်ခရီးသွားလုပ်ငန်းများကို ဒေသအလိုက် သင့်တော်သည့် နည်းလမ်းဖြင့် လုပ်ဆောင်ပြီး ပြည်သူလူထုများကို ဝင်ငွေတိုးစေပြီး ကုံလုံကြွယ်ဝစေခဲ့ပါသည်။
ဝေရှီးရှိ ကျေးလက်များ၌ လမ်းလျှောက်လျှင် ရွှေဝါရောင်ဖြစ်သော စပါးစိုက်ခင်းများနှင့် ကျေးရွာများ ရောပြွမ်းသော မြင်ကွင်းများကို နေရာအနှံ့ တွေ့မြင်နိုင်၍ လှပသော ဆောင်းကူးရာသီ သီးထွက်ကောင်းသော ပန်းချီကားလိပ် တစ်ချပ်ကို ဖွဲ့စည်းဖြစ်လာပါသည်။
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကော်ဖီသည် ကူမင်းမြို့မှ ကမ္ဘာသို့ ကမ်းလှမ်းပေးသည့် နာမည်ကတ်ပြား နောက်တစ်စောင် ဖြစ်လာ
- ယူနန်ပြည်နယ်သည် မြန်မာနိုင်ငံမှ မက္ကဒေးမီးယားသီးနှံများကို ပထမဆုံးအကြိမ် တင်သွင်းခဲ့
- တရုတ်-လာအို ပထမဆုံး နယ်စပ်ဖြတ်ကျော် ဘတ်စ်ကားကို ၁၁ လပိုင်း ၃ ရက်နေ့ ဖွင့်လှစ်၍ နေ့တိုင်း ၅ ကြိမ် သွားလာနိုင်
- တရုတ်-လာအို ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကြံကြိတ်ရာသီအတွက် ကြံများကို နယ်စပ်ဖြတ်ကျော် သယ်ယူပို့ဆောင်ရေး စတင်ခဲ့






