တောင်အာရှ အရှေ့တောင်အာရှ ပညာတော်သင်များ အလုပ်အကိုင်ဖန်တီးမှု အခြေခံစခန်းကို ကွမ်းတုဒေသ၌ ဖွင့်လှစ်ခဲ့

2022-10-20 15:25|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်အောက်တိုဘာလ ၁၄ ရက်နေ့တွင် ကွမ်းတုဒေသရှိ တောင်အာရှ အရှေ့တောင်အာရှ ပညာတော်သင်များ ဆန်းသစ်တီထွင်မှုနှင့် အလုပ်အကိုင်ဖန်တီးမှု အခြေခံစခန်းနှင့် ယူနန်မင်ဇူတက္ကသိုလ် ပညာသင်ကြားပို့ချရေး ကွင်းဆင်းလေ့လာမှုနှင့် လေ့ကျင့်ပျိုးထောင်းပေးမှု အခြေခံစခန်းတို့ကို တရုတ်(ယူနန်) လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန် နိုင်ငံတကာ ကုန်သွယ်ရေးလုပ်ငန်းများ စုစည်းမှုဇုန်နယ်ဖြစ်သည့် အော်စ်ဒီဇုန်နယ်၌ တရားဝင် ဖွင့်လှစ်ခဲ့ပါသည်။ ဤအခြေခံစခန်းသည် လွတ်လပ်သော ကုန်သွယ်ရေး စမ်းသပ်ဇုန်သို့ လုပ်ငန်းအခွင့်အလမ်းရရှိရေးနှင့် အလုပ်အကိုင်ဖန်တီးရေးတို့ကို ဆောင်ရွက်စေရန် ပိုများသော ပညာတော်သင်များကို ဆွဲဆောင်လာ၍ အပြည်ပြည်ဆိုင်ရာ ငယ်ရွယ်သော လူတော်လူကောင်းများကို စုစည်းပြီး ကူမင်းမြို့ရှိ သိပ္ပံနှင့် အင်ဂျင်နီယာတက္ကသိုလ် ကောလိပ်များမှ ပညာတော်သင် အရင်းအမြစ်များကို ကောင်းမွန်စွာ အသုံးပြု နိုင်သည့်အတွက်၊ လုပ်ငန်းအခွင့်အလမ်းရရှိရေးနှင့် အလုပ်အကိုင်ဖန်တီးရေး နှစ်ခုလုံး အားပေးရန် အကောင်အထည်ဖော် နိုင်သည့်အတွက် အပြုသဘောဖြင့် စွမ်းဆောင်နိုင်မည်။

ဤဇုန်နယ်သည် ကွမ်းတုဒေသ ယီလျူရပ်ကွက် စန်းဘော်လမ်း ၄ နံပါတ်၌ တည်ရှိနေ၍ ၄င်း၏ ပထမဆုံး စီမံကိန်းချသည့် တည်ဆောက်ရေး အကျယ်အဝန်း ၄၀.၃၉ မို ရှိပြီး ဤနှစ် သြဂုတ်လတွင် တည်ဆောက်ပြီးသားပြီး စတင်အသုံးပြုခဲ့ပါသည်။ အခုတလော၊ ဇုန်နယ်သည် အပြင်မှစေလွှတ်ခြင်း၊ အလုပ်ပွဲစား (ခေါင်းဆောင်ရှာဖွေရေး အဖွဲ့အစည်းများ) ဝန်ဆောင်မှု၊ ပြုစုပျိုးထောင်ခြင်း၊ လူတော်လူကောင်းများ ထောက်ပံ့ပေးခြင်း စသည့် လူ့စွမ်းအားအရင်းအမြစ်လုပ်ငန်းကုမ္ပဏီ ၃၉ ခုကို သွင်းယူလာ၍ ပြည်နယ်အဆင့် လူ့စွမ်းအားလုပ်ငန်းဇုန်နယ် နှင့်သက်ဆိုင်သည့် စာတမ်းတင်ပြ ပြီးမြောက်ခဲ့ပါပြီ။ ထို့ပြင်၊ ပြည်ပကုန်သွယ်ရေးလုပ်ငန်းကုမ္ပဏီ ၉ ခုနှင့် နယ်စပ်ဖြတ်ကျော် E-Commerce လုပ်ငန်းကုမ္ပဏီ ၈ ခုကိုလည်း သွင်းယူလာခဲ့ပါပြီ။

昆明信息港讯(昆明日报 记者邓磊)10月14日,官渡区“南亚东南亚留学生创新创业基地”和“云南民族大学教学实习实训基地”在中国(云南)自由贸易试验区国际贸易企业聚集园区——奥斯迪园区正式揭牌。基地将吸引更多留学生到自贸试验区内就业创业,聚集国际化青年人才,为利用好昆明高校留学生人才资源、实现就业创业双向激励发挥积极作用。

据介绍,园区位于官渡区矣六街道商博街4号,一期规划建设面积40.39亩,于今年8月建设完成并投入运营。目前,园区已引入派遣外包、猎头服务、孵化培训、人才支持等人力资源企业39家,并完成省级人力产业园的申报。同时,园区还引进外贸企业9家、跨境电商企业8家。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်