RCEP ကုန်သွယ်ရေးသဘောတူစာချုပ်ဖြင့် ယူနန်ပြည်နယ်၏ ပထမဆုံး သွင်းယူလာသည့် လတ်ဆတ်သော ဒူးရင်းသီးများက ဟယ်ခုတ်ဆိပ်ကမ်းကို ဖြတ်သန်းခဲ့

2022-10-20 14:55|ရောင်စုံတိမ်တံတား

1199301

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်အောက်တိုဘာလ ၁၁ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်တွင် ဥသြသံတစ်ချက် အချိန်ရှည်စွာ မြည်သည်နှင့်အမျှ ဗီယက်နမ့် လတ်ဆတ်သော ဒူးရင်းသီး ၁၇.၂၈ တန်ကို တင်ဆောင်ထားသည့် အအေးဓာတ်ပေး ကုန်တင်ကားများသည် ဟယ်ခုတ်ကားလမ်းဆိပ်ကမ်း၌ အခွန်တော် စည်းကြပ်ရေးအစီအစဉ်များကို ဆောင်ရွက်ပြီးသွား၍ တရုတ်နိုင်ငံ၏ စျေးကွက်သို့ ဝင်ရောက်ခဲ့ပါသည်။ ၄င်းသည် ယူနန်ပြည်နယ်မှာ RCEP ကုန်သွယ်ရေးသဘောတူစာချုပ်ဖြင့် ပထမဆုံး ဗီယက်နမ်နိုင်ငံမှ သွင်းယူလာသည့် လတ်ဆတ်သော ဒူးရင်းသီးများ ဖြစ်ပါသည်။

အခုတလော၊ ဤဒူးရင်းသီးများသည် ဟယ်ခုတ်ဆိပ်ကမ်းရှိ သွင်းယူလာသည့် အအေးဖြင့် ထိန်းသိမ်းရသည့် စားသောက်ကုန်များ ကြီးကြပ်အုပ်ချုပ်ရေး ဂိုဒေါင်များသို့ ထည့်သွင်းပြီး နျူကလစ်အက်ဆစ် ဆေးစစ်မှုများ ပြုလုပ်ခဲ့ပါပြီ ဖြစ်၍ နျူကလစ်အက်ဆစ် ဆေးစစ်မှု၏ ရလဒ်ကို Negative ဖြစ်ပါက သွင်းယူလာသည့် အအေးဖြင့် ထိန်းသိမ်းရသည့် စားသောက်ကုန်တင်ရုံသို့ ထည့်သွင်းပြီး ပိုးကင်းစေခြင်း၊ ကူးပြောင်းပို့ဆောင်ခြင်းတို့ ဆောင်ရွက်ပြီးမှ ပြည်တွင်းစျေးကွက်သို့ ဝင်ရောက်နိုင်မည်။

1199302

ဗီယက်နမ့်ဒူးရင်းသီးသည် ကန်ရောင်၊ ရွှေခေါင်းအုံး၊ ညူနိုင်မောင်းစန်း စသည့် အမျိုးအစားများကို အဓိကပါဝင်၍ နှစ်တိုင်း ဧပြီလမှ ဇူလိုင်လကုန်အထိ ဆွတ်ခူး၍ အောက်တိုဘာလမှ လာမည့်နှစ် မတ်လအထိသည် ဒုတိယ ဆွတ်ခူးချိန်ဖြစ်၍ ဆွတ်ခူးချိန်သည် ရှည်လျားပြီး တစ်နှစ်ပတ်လုံး ထုတ်လုပ်မှုပမာဏသည် တန်ချိန် ၆ သိန်းကျော် ရှိနိုင်လျက်ရှိသည်။ ထိုနေ့ထိုရက်မှစ၍ တောင်းဆိုချက်များနှင့် တိုက်ညီသည့် ဗီယက်နမ်ရှိ လတ်ဆတ်သော ဒူးရင်းသီးများကို သွင်းယူလာရန် ခွင့်ပြုမည်ဖြစ်ကြောင်း RCEP ကုန်သွယ်ရေးသဘောတူစာချုပ် တရားဝင် အတည်ဖြစ်ပြီးနောက် တရုတ်နိုင်ငံ အကောက်ခွန်ရုံးချုပ်သည် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့တွင် ကြေညာချက်ကို ထုတ်ပြန်ခဲ့ပါသည်။ ၄င်းသည် ဗီယက်နမ်ကို ထိုင်းနိုင်ငံအပြင် တရုတ်နိုင်ငံသို့ လတ်ဆတ်သော ဒူးရင်းသီးများအား တင့်ပို့သည့် ဒုတိယအာဆီယံနိုင်ငံ ဖြစ်လာစေခဲ့ပါသည်။

1199303

ဤလတ်ဆတ်သော ဒူးရင်းသီးများသည် ဗီယက်နမ်နိုင်ငံ တယ်လယ်ပြည်နယ်မှ ထွက်လာပြီး တန်းဖိုး အယွမ် ၅၃.၅၆၈ သောင်းရှိ၍ ကုန်ထွက်ရာဒေသ၌ ဆွတ်ခူးခြင်းမှ ဗီယက်နမ်နိုင်ငံ ကျင်ချမ်ဆိပ်ကမ်းသို့ ပို့ဆောင်ရောက်သည်အထိ အချိန် ၂ ရက်မှ ၃ရက်အထိခန့် လိုပါသည်။ ဟယ်ခုတ်ဆိပ်ကမ်းမှ အကောက်ခွန်ရှင်းတမ်ပြီးနောက် ကူမင်းမြို့ကို လမ်းခုလတ် အလွှဲအပြောင်းစင်တာအဖြစ် ဇယ်ကျန်းပြည်နယ် ကျားရှင်းမြို့၊ ကွန်ကျူးမြို့နှင့် ရှန်ဟိုင်းမြို့ စသည့်နေရာများသို့ ရောင်းချသွားမည်။

1199301

昆明信息港综合整理 10月11日下午6时40分,随着一声汽笛长鸣,载着17.28吨越南新鲜榴莲的冷链货车在河口公路口岸顺利办结通关手续,进入我国市场。这是云南省运用RCEP贸易规则,首票从越南进口的新鲜榴莲。

目前,这批榴莲已进入河口口岸进口冷链食品监管仓进行核酸检测,待核酸检测结果呈阴性后,再进入进口冷链食品货场进行消杀、驳货,方可流入国内市场。

1199302

越南榴莲以干尧、金枕、牛奶猫山等品种为主,每年4月至7月底采收,10月至次年3月为副产期,采收期长,年产量60余万吨。RCEP正式生效后,中华人民共和国海关总署于2022年7月27日发布公告,从即日起允许符合要求的越南鲜食榴莲进口。这使得越南成为继泰国之后,第二个向我国出口鲜食榴莲的东盟国家。

1199303

据介绍,这批新鲜榴莲产自越南得乐省,货值约53.568万元,从产地采摘到运输至越南金城口岸,大约需要2-3天时间。在河口口岸通关后将以昆明为中转中心,销往浙江嘉兴、广州、上海等地。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်