မုန့်ဟင်းခါးသည် မြန်မာလူမျိုးတို့ အနှစ်သက်ဆုံး ရိုးရာအစားအစာဖြစ်
2022-10-13 17:52|
မြန်မာလူမျိုးတို့ အနှစ်သက်ဆုံး ရိုးရာအစားအစာကို ပြောရဆိုလျှင် မုန့်ဟင်းခါးကို ညွှန်းဆိုရပေမည်။ အမှန်စင်စစ်တွင်လည်း မြန်မာလူမျိုး ၁၀ ယောက်တွင် ၈ ယောက်ကတော့ မုန့်ဟင်းခါးလို့ ပြောမည်သာ။ ထို့ကြောင့် မြန်မာလူမျိုးတို့၏ နှလုံးသားထဲတွင် မုန့်ဟင်းခါး၏ အရေးပါမှုကို ပြသနိုင်ပါသည်။ မနက်မိုးလင်း အပြင်သွားသည်နှင့် ဟိုလမ်းဒီလမ်းများမှ မုန့်ဟင်းခါးနံ့သင်းသင်းက လူတိုင်းကို ဆွဲဆောင်နေတတ်သည်။ မြန်မာလူမျိုးများအနေဖြင့် မုန့်ဟင်းခါးကို မနက်စာအဖြစ် အဓိကစားတတ်ကြသော်လည်း ခုချိန်ခါမှာတော့ နေ့ခင်းပိုင်း သရေစာအဖြစ်လည်းကောင်း၊ ညဉ့်နက်ပိုင်းတွင် စားချင်သူများအတွက် ၂၄ နာရီရောင်းသည့် မုန့်ဟင်းခါးဆိုင်များအား လည်းကောင်း ခေတ်နှင့်အညီ အမျိုးမျိုးတွေ့ရပေသည်။
မုန့်ဟင်းခါးအရည်တွင် ငါး၊ ငှက်ပျောအူ၊ ကြက်သွန်နီ၊ စပါးလင်စသဖြင့် မပါမဖြစ် ထည့်ရသည်။ မုန့်ဖတ်ထည့်ထားသော ပန်းကန်လုံးထဲတွင် ပဲကြော်၊ ငါးဖယ်ကြော်၊ ကြက်သွန်ကြော်၊ ဘူးသီးကြော် စသဖြင့် မိမိနှစ်သက်ရာ အကြော်များကို ညှပ်၍ ဟင်းရည်စမ်းပြီး အပေါ်က နံနံပင်လေး ဖြူး၊ သံပုရာသီး ညှစ်လိုက်ခြင်းဖြင့် ကိုယ့်စိတ်ကြိုက်ပြင်ထားသော မုန့်ဟင်းခါးတစ်ပွဲ ဖြစ်လာသည်။ မုန့်ဟင်းခါးချက်နည်းကို အဓိကအားဖြင့် မြို့ချက်နှင့် တောချက်ဟူ၍ နှစ်မျိုးခွဲခြားနိုင်ပေသည်။ များသောအားဖြင့် ဒေသအသီးသီးတွင် တွေ့ရသော မုန့်ဟင်းခါးချက်နည်းများမှာ တောချက်ကို မှီငြမ်းထားခြင်းမျိုး ဖြစ်ပါသည်။
မြို့ချက် (ခေါ်) ရန်ကုန်မုန့်ဟင်းခါးဟုဆိုလျှင် ငရုတ်ဆီနီရောင်ချက်ထားသော ငါးပြုတ်ရည် ရဲရဲလေးကို ပျစ်လာအောင် ပြုတ်ထားသော ကုလားပဲခြမ်းကို ခြေထားတဲ့အနှစ်၊ ပဲမှုန့်နည်းနည်း၊ မြေပဲမှုန့်နည်းနည်းလေး ထည့်။ ပြီးမှ ပြုတ်ထားသော ငှက်ပျောအူနုနုလေးများ၊ လှီးထားသော ဘဲဥပြုတ်များ၊ ငါးဖယ်တုံးလေးများ ထည့်ပြီး ချက်ထားသည် ကို ခေါ်ခြင်းဖြစ်ပါသည်။ အခြားဒေသများတွင် သိပ်မတွေ့ရပါ။ ခုနောက်ပိုင်းတွင်တော့ အဆိုပါမြို့ချက်ပုံစံမျိုးကို ရန်ကုန်မှာပင် တွေ့ရခဲလှသည်။
တောချက်ကတော့ မြို့ချက်ကဲ့သို့ အနီရဲရဲ ငရုတ်ဆီရောင်မျိုး မဟုတ်ဘဲ နနွင်းကိုသာ အဓိကသုံးထားသဖြင့် မညိုမဝါ ဟင်းရည်ရောင်လေးကို တွေ့ရမှာ ဖြစ်ပါသည်။ ငါးပြုတ်ရည်ထဲတွင် ငှက်ပျောအူ၊ ဆန်မှုန့် ထည့်၊ ပြီးနောက် ဟင်းရည်ကျက်ခါနီးမှာတော့ ကြက်သွန်နီနှင့် ဘဲဥပြုတ်ကို အလုံးလိုက်ထည့်လိုက်ရုံပင်၊ ဤမျှ အလွန်လွယ်ကူလှပေသည်။ ကရင်နှင့် မွန်ချက်နည်းများတွင်တော့ ဟင်းရည်တွင် ငါးပိလေး ထည့်ပြုတ်ထားသဖြင့် အနံ့လေးမှာ လူတို့ကို ဆွဲဆောင်မှု ရှိလှသည်။ ပင်လယ်နှင့် နီးသော ထားဝယ်မှာတော့ အခြားဒေသများနှင့် မတူဘဲ ပင်လယ်ငါးကိုသာ သုံးလေ့ရှိသည်။
ယခုအခါမှာတော့ မုန့်ဟင်းခါးကို သစ်ဆန်းသော နည်းများနှင့် အမျိုးမျိုး ချက်ကြသေးသည်။ ပို၍ ချိုသော အရသာရအောင် ငါး ၃ မျိုး၊ ၄ မျိုးချက် မုန့်ဟင်းခါး၊ အငန် အချိုပေါ့ပေါ့လေး ချက်ထားသော အိမ်ချက်မုန့်ဟင်းခါး၊ အိမ်တွင် အလွယ်တကူ စားနိုင်အောင် ထုတ်ထားသော မုန့်ဟင်းခါးခြောက် စသဖြင့် ခေတ်နှင့်အညီ ပြန်လည်ဆန်းသစ်တတ်ကြသည်။ မည်သို့ပင်ဆိုစေ မြန်မာလူမျိုးများ၏ အသည်းစွဲ မုန့်ဟင်းခါးကတော့ လူတိုင်း၏ နှလုံးသားထဲတွင် ပုံစံအမျိုးမျိုးဖြင့် ကိန်းအောင်းနေမည် မလွဲပေ။
当谈论起缅甸人最喜爱的传统美食时,十人中便会有八人提到鱼汤米线,可见鱼汤米线在缅甸人心中的重要地位。清晨,迎着朝阳出门,走过大街小巷,空气中弥漫的鱼汤米线香味吸引着每位路人。一直以来,鱼汤米线都是缅甸人早餐的不二选择。随着时代的发展,如今,人们不仅将它当作午间小食,甚至还出现了24小时鱼汤米线店,以照顾那些喜食夜宵的人群。
鱼汤米线的汤中必有以下几种配料:鱼肉、芭蕉树茎、洋葱、香茅草等。食客们可以把自己喜欢的炸豆子、炸鱼片、炸干蒜、炸葫芦等配料放入米线碗中,倒入汤汁,再撒上香菜,挤些柠檬汁,一碗令人满意的鱼汤米线就制作而成。鱼汤米线的制作方法可以分为城市版和乡村版2种。一般来说,我们在各地看到的鱼汤米线大多是乡村版。
仰光鱼汤米线的制作方法就是城市版做法。鱼汤被辣椒油染得红彤彤的,放入豆酱、豆粉、花生粉等将汤汁熬煮至浓稠,随即再放入煮好的嫩芭蕉树茎、切好的鸭蛋和鱼块等,一碗仰光鱼汤米线就做好了,在其他地区很是少见。然而如今,这种鱼汤米线连在仰光也变得少见。
乡村版鱼汤米线不像城市版鱼汤米线那般有着红彤彤的汤汁,因为放了姜黄粉的缘故,其汤汁的颜色呈黄褐色。我觉得乡村版鱼汤米线在现如今更受缅甸民众欢迎。只要将芭蕉树茎、面粉放入鱼汤中熬煮,待汤快煮好后,再放入一整个洋葱和鸭蛋即可,做法十分简单。在克伦邦和孟邦,当地人喜欢往汤里加入鱼虾酱,味道很重,容易勾起人们的食欲。在靠近大海的土瓦市,当地人一般只用海鱼煮汤,鱼汤米线与众不同。
如今,鱼汤米线出现了各式各样的做法。有用3、4种鱼类一起熬煮出的味道鲜甜的鱼汤米线,有口味清淡的家常鱼汤米线,还有便于在家烹饪的方便速食鱼汤米线等等。然而,无论是哪一种,鱼汤米线都将永远存在于缅甸人心中。
အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ