ယူနန်-ဗီယက်နမ် တစ်မီတာရထားလမ်း၏ ရထားလေးကို လူကြိုက်များ၍ စတင်ပြေးဆွဲသည့် ၄ နှစ်တွင် လူအယောက် ၂ သိန်း ပို့ဆောင်
2022-10-13 12:39|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) တရုတ်အမျိုးသားနေ့ ရုံးပိတ်ရက်အတွင်း ယူနန်ပြည်နယ် ဟာနီလူမျိုး ယီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ ခိုင်းယွန်မြို့၏ အတောင်အမြောက် ရထားလမ်းပန်းဆက်သွယ်မှု ကြည့်ရှုလည်ပတ်ရေး ရထားသည် ခရီးသည်များ များများကြိုက်ခံခဲ့ပါသည်၊ ၄င်းသည် အခု တစ်ခုတည်းသော ယူနန်-ဗီယက်နမ် တစ်မီတာရထားလမ်းပေါ်တွင် ခုတ်မောင်းပြေးဆွဲသည့် ခရီးသည်တင် တစ်မီတာရထားလမ်း (Metre-gauge railway)၏ ရထားဖြစ်၍ စတင်ပြေးဆွဲသည့် ၄ နှစ်တွင် လူအယောက် ၂ သိန်းကျော်ကို ပို့ဆောင်ပါပြီ။
၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့တွင် ရှည်လျားသော ဥသြသံနှင့်အတူ ခရီးသည်ပို့ဆောင်မှု ၁၅ နှစ်ကြာ ရပ်စဲခဲ့သည့် တစ်မီတာရထားလမ်း (Metre-gauge railway)၏ရထားလေးသည် ရထားလမ်းပန်းဆက်သွယ်ရေး ရထားအဖြစ် ခိုင်းယွန်ဘူတာရုံမှ ပြန်လည်ထွက်ခွာခဲ့ပါသည်။
အစိမ်းရောင်ဖြစ်သည့် ရထားအတွဲများ၊ သစ်သားကုလားထိုင်များ၊ ယိမ်းနွှဲ့လှုပ်ရှားသည့် ပန်ကာဟောင်းများ စသည်တို့ရှိ၍ တစ်မီတာရထားလမ်း လမ်းပန်းဆက်သွယ်ရေး ရထားများသည် စစ်မှန်သည့် ရှေးဟောင်းအရသာများကို ထိန်းသိမ်းထားပါသည်။
ဤရထားသည် အတွဲ ၄ တွဲကို စီစဉ်ပြီး စုစုပေါင်း ခရီးသည်တင်ပမာဏ ၂၀၆ ယောက် ဖြစ်ပါသည်၊ ခိုင်ယွနဘူတာရုံမှ တာ့ထန်ဘူတာရုံသို့ သွားလျင် ခရီးစဉ်တစ်ခုလုံး ၁၁.၆ ကီလိုမီတာရှိ၍ ရှန်ယူလမ်း၊ ဖန့်ဖုန်းစန်းတောက် ဂေဟဥယျာဉ်၊ ချီးခုံချောင် စသည့် ဘူတာရုံ ၇ ခုကို ဖြတ်သန်း၍ ခရီးတစ်လျှောက်တွင် ခိုင်းယွန်မြို့၏သာယာသော ရှုခင်းများကို ရှုစားနိုင်ပြီး ယူနန်-ဗီယက်နမ် ရထားလမ်း၏ အကွေ့အကောက်နှင့် မတ်စောက်ခြင်း၊ ရိုးရာရှေးဟောင်းမှုတို့ကို ခံစားနိုင်ပါသည်။
ရထားလေး စီမံကိန်းသည် ခိုင်းယွန်မြို့၏ ခရီးသွားလာရေးလုပ်ငန်းများကို ပိုမိုကောင်းမွန်စေပြီး အဆင့်မြှင့်တင်စေရန် အားကောင်းစွာ တောက်ပံ့၍ ရှေးဟောင်းသော ယူနန်-ဗီယက်နမ် ရထားလမ်း ယဉ်ကျေးမှု အမှတ်တံဆိပ်ကို ထင်းရှားပေါ်လွင်စေပြီး ဒေသခံစီးပွားရေးလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်စေခဲ့ပါသည်။
国庆假期期间,云南省红河哈尼族彝族自治州开远市南北轨道交通观光列车受游客热捧,这是目前唯一一趟在滇越铁路上开行的客运米轨列车,运行4年里已接待乘客20万余人次。
2018年7月20日, 随着一声长长的汽笛声,曾经停止客运15年的米轨小火车以轨道交通列车的“身份”重新驶出开远站。
绿色的车皮、木质的座椅、摇摆的老风扇……米轨轨道交通列车保留了纯正的旧时味道。
列车共设4节车厢,总载客量206人,从开远站出发驶至大塔站,全程约11.6公里,途经祥云路站、凤凰山生态公园、七孔桥站等7个站点,沿途可欣赏开远风光美景,感受滇越铁路的蜿蜒陡峭和百年沧桑。
小火车项目有力助推开远旅游产业优化升级,擦亮百年滇越铁路文化名片,带动当地经济发展。新华社发(陶家淇 范伟俊 刘雅龙 赵东霖摄制)
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- "ကူမင်းမှ စာတစ်စောင်- နွေဦးမြို့တော်မှ ဖိတ်ခေါ်ခြင်း"၊ တရုတ်နွေဦးပွဲတော် ပါဝင်ဆင်နွှဲရန် ကူမင်းမြို့မှ ကမ္ဘာတစ်ဝှမ်း ဖိတ်ခေါ်
- ရေလက်ကြားနှစ်ဖက်ဒေသ ကျောင်းများအကြား အားကစားမဟာမိတ် ဘေ့စ်ဘောပြိုင်ပွဲကို ကူမင်းမြို့တွင် ကျင်းပခဲ့
- ၂၀၂၆ ခုနှစ် တရုတ်-ဗီယက်နမ် နယ်စပ်ဖြတ်ကျော် နွေဦးပွဲတော် ညချမ်းပဒေသာဖျော်ဖြေပွဲနှင့် နယ်စပ်အရပ်သားဖျော်ဖြေပွဲ ကျင်းပ
- ၁၈ ကြိမ်မြောက် ကူမင်း နွေဦးပွဲတော် ကုန်စည်ပြပွဲကို တျန်းချီ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းနှင့် ပြပွဲ စင်တာတွင် ဖွင့်လှစ်ခဲ့၍ ၁၄ ရက်ကြာ ကျင်းပမည်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကူမင်းမြို့ရှိ နှစ်သစ်ကူးအကြိုပန်းစျေးကွက်တွင် ထောက်ပံ့မှုနှင့် ဝယ်လိုအား နှစ်မျိုးလုံး တိုးတက်နေ
- ယူနန်ပြည်နယ်က နိုင်ငံခြားဆိုင်ရာ ဥပဒေဝန်ဆောင်မှုလှုပ်ရှားမှုစီးရီးများကို စတင်
- တရုတ်-လာအို ရထားလမ်းတွင် ဗဟိုအာရှ နိုင်ငံတကာ ကုန်စည်သယ်ယူပို့ဆောင်ရေးရထား ၄ ကြိမ် ထပ်တိုးပြေးဆွဲ
- တရုတ်-လာအို ရထားလမ်း၏ ပထမဆုံး ယူနန့်ကော်ဖီစေ့ပို့ဆောင်ရေး အထူးရထားသည် လည်ပတ်ပြေးဆွဲ





