ကူမင်းမြို့ ဟောင်ကောင် မကာအိုနှင့် ထိုင်ဝမ်ရှိ တရုတ်နိုင်ငံသားများ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခေါ်ဆောင်ခြင်း မိတ်ဆက်ပွဲ

2022-09-24 00:29|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) ၂၀၂၂ခုနှစ် စက်တင်ဘာလ၂၃ ရက်နေ့တွင် ကူမင်းမြို့ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်ရှိ တရုတ်နိုင်ငံသားများ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခေါ်ဆောင်ခြင်း မိတ်ဆက်ပွဲကို ကူမင်းမြို့ အဆင့်မြင့် နည်းပညာစက်မှုဖွံ့ဖြိုးရေးဇုန်၌ ကျင်းပပါသည်။ ဤအကြိမ်မိတ်ဆက်ပွဲ၏ ရည်ရွယ်ချက်မှာ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်သွေးချင်းများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၊ ပင်လယ်ရပ်ခြားရှိ တရုတ်နိုင်ငံသားများနှင့် အဖွဲ့အစည်းများ၊ ပင်လယ်ရပ်ခြားမှ ပြန်လာသည့် တရုတ်နိုင်ငံသားများနှင့် ၄င်းတို့၏ ဆွေမျိုးများ၊ နိုင်ငံတော်ကို ပြန်လာသည့် ပညာတော်သင်များ စသည့် ပင်လယ်ရပ်ခြားရှိ လူများ၏ ကူမင်းမြို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခေါ်ဆောင်ခြင်းလုပ်ငန်းများထဲမှ ကောင်းမွန်တက်ကြွသော အကျိုးသက်ရောက်မှုများကို အပြည့်အဝ ထုတ်ဖော်ခြင်း၊ ကူမင်းမြို့ နိုင်ငံတော် အဆင့်မြင့် နည်းပညာစက်မှုဖွံ့ဖြိုးတိုးတက်ရေးဇုန်ကို တစ်မြို့လုံး ဆန်းသစ်တီထွင်မှု စံပြဇုန်နှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး ရှေ့ပြေးဇုန်တို့အဖြစ် အစွမ်းကုန် တည်ဆောက်ရန် ရှေ့သို့တွန်းတင်ခြင်း၊ "တောင်အာရှနှင့် အရှေ့တောင်အာရှသို့ မျက်နှာမူသည့် ဒေသတွင်း ဆန်းသစ်တီထွင်သော အထူးဇုန်" အစွမ်းကုန်တည်ဆောက်ခြင်း၊ ကူမင်းမြို့ကို ရင်းနှီးမြှုပ်နှံရန် အင်အားကြီးသော လုပ်ငန်းများကို ဆွဲဆောင်လာခြင်းတို့ ဖြစ်ပါသည်။

ယူနန်ပြည်နယ်ရှိ သက်ဆိုင်ရာဌာနများမှ ခေါင်းဆောင်တို့သည် ဤမိတ်ဆက်ပွဲကို ပါဝင်တက်ရောက်ပါသည်၊ ယူနန်ပြည်နယ် ပင်လယ်ရပ်ခြားရှိ တရုတ်ကုည်သည်များအသင်း၊ တရုတ် ပင်လယ်ရပ်ခြားရှိ တရုတ်နိုင်ငံသားသမဂ္ဂ မျိုးဆက်သစ်ဆန်းသစ်တီထွင်မှုနှင့် လုပ်ငန်းစတင်တီထွင်မှု မဟာမိတ်အဖွဲ့၊ ကူမင်းမြို့ ပင်လယ်ရပ်ခြားရှိ တရုတ်ကုည်သည်များအသင်း၊ ကူမင်းမြို့ ထိုင်ဝမ်ကုန်သည်များအသင်း၊ ကူမင်းမြို့ ပညာတော်သင်များအဖွဲ့အစည်းနှင့် ကူမင်းမြို့ရှိ ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်နှင့် နိုင်ငံခြားကုမ္ပဏီများမှ ကိုယ်စားလှယ်များတစ်ချို့လည်း ဖိတ်ကြားလာ၍ ဂျပန်၊ မလေးရှား၊ မြန်မာ၊ ကနေဒါ၊ အမေရိကန်၊ လာအိုနှင့် အခြားနိုင်ငံများနှင့် ဟောင်ကောင်နှင့် မကာအိုဒေသများမှ ပင်လယ်ရပ်ခြားရှိ တရုတ်နိုင်ငံသားနှင့် အသင်းအဖွဲ့များသည် မိတ်ဆက်ပွဲကို အွန်လိုင်းတွင် ကြည့်ကြပါသည်။

ကူမင်းမြို့ အဆင့်မြင့် နည်းပညာစက်မှုဖွံ့ဖြိုးတိုးတက်ရေးဇုန်သည် "အဆင့်မြင့်နည်းပညာများ ဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုထွန်းကားရေးကို အကောင်အထည်ဖော်ခြင်း" ဟူသော မူလရည်မှန်းချက်အတိုင်း "မြင့်မားခြင်း"နှင့် "သစ်လွင်ခြင်း"တို့ကို အာရုံစိုက်၍ မဟာဗျူဟာကို ဝန်ဆောင်ပေးပြီး ဆန်းသစ်တီထွင်မှုစနစ်ကို စီစဉ်ပြီး စက်မှုလုပ်ငန်းစနစ်ကို ပြင်ဆင်၍ ဇုန်၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးသည် ကောင်းမွန်သော အခြေအနေ ဖြစ်ပေါ်နေသည် ဖြစ်ကြောင်း။ မူဝါဒအဆန်းထွင်မှု၊ လုပ်ငန်းများ ပြုစုပျိုးထောင်ခြင်း၊ အချက်အာမခံချက် ထိန်းသိမ်းခြင်း စသည့် လုပ်ငန်းအသီးသီးကို အစွမ်းကုန် ရှေ့သို့တွန်းတင်နေသည် ဖြစ်ကြောင်း။ ကူမင်းမြို့ အဆင့်မြင့် နည်းပညာစက်မှုဖွံ့ဖြိုးတိုးတက်ရေးဇုန်သည် ရင်းနှီးမြှပ်နှံပြီး လုပ်ငန်းစတင်သည့် မြေသြဇာကောင်းတဲ့ နေရာတစ်ခုဖြစ်၍ လုပ်ငန်းရှင်များသည် အခက်အခဲများကို တောက်လျှောက်ကျော်လွှားပြီး ဖိအားများနှင့်အမျှ ရှေ့သို့သွားနေ၍ အဆင့်မြင့် နည်းပညာစက်မှုဖွံ့ဖြိုးတိုးတက်ရေးဇုန်သည် အခိုင်မာဆုံးသော ကျောထောက်နောက်ခံနှင့် အကောင်းဆုံးသော လုပ်ဖော်ကိုင်ဖက်တို့အဖြစ် ကောင်းမွန်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကူမင်းမြို့ အဆင့်မြင့် နည်းပညာစက်မှုဖွံ့ဖြိုးတိုးတက်ရေးဇုန် တရုတ်ကွန်မြူနစ်ပါတီ လုပ်ငန်းကော်မတီ အတွင်းရေးမှူး ရွှိယီချင်းက ပြောကြားခဲ့ပါသည်။

ကူမင်းမြို့၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်တွင် ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်သွေးချင်းများ၊ ပင်လယ်ရပ်ခြားမှ ပြန်လာသည့် တရုတ်နိုင်ငံသားများနှင့် ၄င်းတို့၏ဆွေမျိုးများ၊ ပင်လယ်ရပ်ခြားရှိ တရုတ်နိုင်ငံသားများ၊ နိုင်ငံတော်ကို ပြန်လာသည့် ပညာတော်သင်များသည် မွေးရပ်မြေကို ချစ်မြတ်နိုးခြင်း၊ ပံ့ပိုးကူညီခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ခြင်းတို့ဖြစ်၍ ကူမင်းမြို့၏ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ကြီးမားသော ပံ့ပိုးကူညီမှုများ ပြုလုပ်ပေးခဲ့၍ ကူမင်းအတွက် ဒေသတွင်း အပြည်ပြည်ဆိုင်ရာ အချက်အချာကျသော မြို့တော်အဖြစ် တည်ဆောက်ရန် အရေးကြီးသော စွမ်းအားတစ်ခုလည်း ဖြစ်ကြောင်း ကူမင်းမြို့၏ အရာရှိက ပြောကြားခဲ့ပါသည်။

မိတ်ဆက်ပွဲတွင် ဧည့်သည်တော်များသည် ကူမင်းမြို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ခေါ်ဆောင်ခြင်း ပြန်ကြားရေးဗီဒီယိုနှင့် မိတ်ဆက်ပွဲဗီဒီယိုတို့အား ကြည့်ရှု၍ကူမင်းမြို့ အဆင့်မြင့် နည်းပညာစက်မှုဖွံ့ဖြိုးတိုးတက်ရေးဇုန်၏ စက်မှုလုပ်ငန်းအစီအစဉ်နှင့် အဓိကစီမံကိန်းများ မိတ်ဆက်ခြင်းကို နားထောင်၍ အဆင့်မြင့် နည်းပညာစက်မှုဖွံ့ဖြိုးတိုးတက်ရေးဇုန်ရှိ လုပ်ငန်းထုတ်ကုန်ထုတ်လုပ်ရေး ဧရိယာနှင့် ဆဲလ်စက်မှုလုပ်ငန်းများ စုစည်းဆန်းသစ်တီထွင်မှုဇုန်တို့ကို ကြည့်ရှုခဲ့ပါသည်။ 

တစ်ကမ္ဘာလုံး နိုင်ငံနှင့်ဒေသ အခု ၃၀ ကျော်မှလာသည့် ပင်လယ်ရပ်ခြားရောက် တရုတ်နိုင်ငံသားများ၊ ဟောင်ကောင်၊ မကာအိုနှင့် ထိုင်ဝမ်သွေးချင်းများသည် "ကူမင်းဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ကျွန်တော်ပြောချင်တာ" ဟူသော ဗီဒီယိုခြင်းဖြင့် တို့နိုင်ငံတော်၊ တို့မွေးရပ်မြေအတွက် နက်ရှိုင်းသော ချစ်မြတ်နိုးကြောင်း ဖော်ပြခဲ့ပါသည်။

2022年9月23日,昆明市港澳台侨招商引资推介会在昆明高新区召开。此次推介会旨在切实发挥港澳台同胞及有关团体、海外华人华侨和侨团组织、归侨侨眷及归国留学人员等海外资源在昆明市招商引资工作中的积极作用,推动昆明国家高新区奋力打造全市创新驱动示范区和高质量发展先行区,全面建设“面向南亚东南亚的区域性创新型特色园区”的总体目标,吸引一批有实力的企业投资昆明。

省台办副主任崔冰成,台盟云南省委副主委李志强,省侨联副主席万妍娟,高新区党工委书记、省侨联兼职副主席徐毅清,省侨办,省港澳办等省级部门领导出席活动,推介会还邀请到了省侨商会、中国侨联新侨创新创业联盟、昆明侨商会、昆明台协会、昆明留学人员联谊会及部分在昆的港澳台、外资企业代表,同时,来自日本、马来西亚、缅甸、加拿大、美国、老挝等国家和港澳地区的华人华侨社团也通过线上的方式实时收看了推介会。

昆明高新区党工委书记、省侨联兼职副主席徐毅清表示,昆明高新区始终秉承“发展高科技、实现产业化”的初心使命,聚焦“高”和“新”,服务战略大局,谋划创新链,布局产业链,园区高质量发展呈现良好态势。创新政策、主体培育、载体整合、要素保障等各项工作全力推进中。昆明高新区是一方投资兴业的沃土,各位企业家一路披荆斩棘,承压负重前行,高新区必须给力,当好最强后盾、最佳拍档。真诚希望也热烈欢迎港澳台侨企业家到昆明高新区考察洽谈、投资兴业,共谱合作新篇章,同绘发展新蓝图。

市委统战部副部长、市台办主任王蓉在致辞中表示,在昆明高质量发展的进程中,广大港澳台同胞、归侨侨眷、海外侨胞及归国留学人员,情系家乡、支持家乡、发展家乡,为昆明的经济社会发展作出了巨大贡献,是昆明建设区域性国际中心城市的一支重要力量。真诚的希望大家能够持续的关注昆明发展、支持昆明发展,在昆明投资兴业、安家置业,同享绿水青山、共创金山银山!

推介会上,参会嘉宾观看了昆明市招商引资宣传片和推介会主题视频,听取了昆明高新区园区产业规划和重点项目推介,并参观了高新区企业产品产区和昆明高新区细胞产业集群创新园。

来自全球30多个国家和地区的华人华侨和港澳台同胞通过“昆明发展,我想说”的主题视频,表达了对祖国、对家乡浓浓的爱。

本次推介会是由省台办、省侨办、省港澳办、省侨联、省台联指导。

市台办、市侨办、昆明高新区主办。

市侨联、市台联承办。

市发改委、市民族宗教委、市商务局、市外办、市市场监管局、市投促局、市科协、市工商联等市级有关部门共同参与。


အယ်ဒီတာ: လဲ့ရွှေရည် တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်