ကူမင်းဧရိယာအပိုင်း၏ ပြုပြင်ပြောင်းလဲရေး စမ်းသပ်လုပ်ငန်း ၁၄၁ ခုကို အပြည့်အဝ အကောင်အထည်ဖော်ခဲ့

2022-09-22 14:40|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်ယခုအထိ တရုတ်(ယူနန်ပြည်နယ်) လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း၏  ပြုပြင်ပြောင်းလဲရေး စမ်းသပ်လုပ်ငန်း ၁၄၁ ခုကို အပြည့်အဝ အကောင်အထည်ဖော်ခဲ့ပါသည်ဟု သတင်းထောက်သည် ကူမင်းစီးပွားရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဇုန်နယ် (လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန် ကူမင်းဧရိယာအပိုင်း) စနစ်အဆန်းထွင်မှုဌာနမှ သိရှိရခဲ့ပါသည်။

ကူမင်းဧရိယာအပိုင်းသည် ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့တွင် စတင်ဆိုင်းဘုတ်တပ်ပြီးနောက် စနစ်အဆန်းထွင်မှုဖြင့် ဗဟိုချက်မအဖြစ်၊ ပုံကူပုံပွားပြုလုပ်နိုင်ခြင်းနှင့် ပြန့်ပွားအောင်လုပ်နိုင်ခြင်းတို့ဖြင့် အခြေခံလိုအပ်ချက်အဖြစ်၊ အစိုးရ၏ အလုပ်တာဝန်များ ပြောင်းလဲခြင်း၊ ရင်းနှီးမြှုပ်နှံမှု လွယ်ကူစေခြင်း၊ ကုန်သွယ်မှု လွတ်လပ်စေခြင်း၊ နယ်စပ်တစ်လျှောက် ငွေရေးကြေးရေး ဆန်းသစ်တီထွင်မှု၊ နယ်စပ်တစ်လျှောက် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု ပုံစံသစ်များကို ရှာဖွေခြင်း၊ တောင်အာရှအရှေ့တောင်အာရှသို့ မျက်နှာမူဖြာထွက်သည့် စင်တာကို တည်ဆောက်ခြင်း စသည့်နယ်ပယ်တို့တွင် ရှေ့ပြေးစမ်းသပ်ရန် အလေးထား၍ အာရုံစိုက်ပါသည်။ စမ်းသပ်လုပ်ငန်း ၁၄၁ ခုကို အပြည့်အဝ အကောင်အထည်ဖော်၍ အတွေ့အကြုံအမှုပုံစံ စုစုပေါင်း ၁၁၄ ခုကို တင်ပြ၍ အထူးသတင်းစာရှင်းလင်းပွဲများ မှတစ်ဆင့် ဆန်းသစ်တီထွင်သည့် အမှုပေါင်း ၅၀ ကို အများပြည်သူသို့ ထုတ်ပြန်ခဲ့ပြီး ကုန်သွယ်ရေး အတည်ပြုခြင်း၊ စစ်မဆင်းခင် ဆောက်လုပ်ခြင်း၊ နယ်စပ်ဖြတ် လျှပ်စစ်ဓာတ်အား ဝယ်ယူခြင်း၊ ညစ်ညမ်းမဲ့ အစိမ်းရောင် လျှပ်စစ်ဓာတ်အား လက်မှတ်၊ ဘဏ်ကောင့်တစ်ခုလျှင် ငွေကြေးအမျိုး စာရင်းချုပ်ရန် တစ်ရာကျော်သုံးနိုင်ခြင်း၊ နယ်စပ်ဖြတ်ကျော် သက်မွေးဝမ်းကျောင်းပညာရေး၊ သဘာဝမီးရထားနှင့် အစိုးရပိုင်လုပ်ငန်းများ ပြည်ပထွက်ခြင်း စသည်တို့ နှင့်ပတ်သက်သည့် အတွေ့အကြုံသစ်နှင့် လုပ်ပုံလုပ်နည်းသစ်များ ပါဝင်ပါသည်။ တရုတ်-လာအို မိုဟန်-မိုတင် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် နှင့်အကြားမှ ချိတ်ဆက်မှုကို အားကောင်းစေ၍ တရုတ်-လာအို ကံကြမ္မာအကျိုးတူအသိုက်အဝန်း ပူးပေါင်းဆောင်ရွက်ရေး ကယ်ရီယာဝတ္ထုကို တည်ဆောက်ပါသည်။ စီရင်အုပ်ချုပ်သောဒေသမှ အရှေ့တောင်အာရှ နယ်စပ်ဖြတ်ကျော် လူတော်လူကောင်းများအတွက် ဝန်ဆောင်ပေးမှု ပလက်ဖောင်းပုံစံကို ပြည်နယ်ပြင်ပသို့ ပုံကူပုံပွားပြုလုပ်ပြီး ပြန့်ပွားအောင်လုပ်၍ နယ်စပ်တစ်လျှောက် နယ်စပ်ဖြတ်ကျော် အထူးစနစ်များ ဆန်းသစ်တီထွင်မှု၏ "ပြင်ပသို့ထွက်ခြင်း" ဟူသော အကျိုးသက်ရောက်မှုသည် တစ်နေ့ထက်တစ်နေ့ ပိုမိုထင်ရှားလာပါသည်။ ကူမင်းဧရိယာအပိုင်းသည် စနစ်အဆန်းထွင်မှုများ မှတစ်ဆင့် တံခါးဖွင့်ခြင်း၏ အားသာချက်များကို ဆောက်လုပ်ရေး အောင်မြင်မှုများသို့ တဖြည်းဖြည်း ပြောင်းလဲစေလျက်ရှိသည်။

ထို့နောက်၊ ကူမင်းဧရိယာအပိုင်းသည် တောင်ဘက်သို့ ဖွင့်လှစ်ရန် အာရုံစိုက်၍ တရုတ်-လာအို ရထားလမ်း နှစ်ဘက်သွားနိုင်ခြင်း၊ RCEP အကောင်အထည်ဖော်ခြင်း စသည့် အရေးကြီးသော အခွင့်အလမ်းများကို အခြေခံပြု၍ လွတ်လပ်သော ကုန်သွယ်ရေးစမ်းသပ်ဇုန်သည် "တိုင်းပြည်အတွက် စံနစ်ကို စမ်းသပ်ခြင်း၊ ဒေသအတွက် ဖွံ့ဖြိုးတိုးတက်ရေးကို ရှာဖွေခြင်း" ဟူသော သမိုင်းပေးတာဝန်များကို တက်ကြွစွာ ဆောင်ရွက်မည်။ တံခါးဖွင့်သည့် အဆင့်အတန်းကို အပြည့်အဝ တိုးမြှင့်ခြင်း၊ တံခါးဖွင့်သည့် စီးပွားရေးစနစ်ကို ပိုမိုလျင်မြန်စွာ တည်ဆောက်ခြင်း၊ RCEP ၏ အဆင့်မြင့် နိုင်ငံတကာ စီးပွားရေးနှင့် ကုန်သွယ်မှု စည်းကမ်းဥပမာများနှင့် နက်နက်ရှိုင်းရှိုင်း ချိတ်ဆက်ဆောင်ရွက်ခြင်း၊ နိုင်ငံတော်၏ တောင်ဘက်သို့ တံခါးဖွင့်ရေး မဟာဗျူဟာတွင် အပြည့်အဝ ဝန်ဆောင်ပေးပြီး ပေါင်းစည်းပါဝင်ခြင်း၊ တောင်အာရှ အရှေ့တောင်အာရှနိုင်ငံများနှင့် လမ်းများချိတ်ဆက်မှု၊ ကုန်သွယ်ရေး ပေါင်းစည်းမှု၊ ယဉ်ကျေးမှု အပြန်အလှန် နားလည်မှု၊ လူအချင်းချင်း နားလည်မှုတို့ကို အကောင်အထည်ဖော်၍ စနစ်အဆန်းထွင်မှု မှတစ်ဆင့် တောင်ဘက်သို့ ဖွင့်လှစ်ရန် ပေါက်ရောက်ရာလမ်းသစ် တည်ဆောက်မှုကို ကူညီပေးမည်။

记者从昆明经开区(自贸试验区昆明片区)制度创新部了解到,截至目前,中国(云南)自贸试验区昆明片区(以下简称“昆明片区”)141项改革试点任务全面实施。

昆明片区自2019年8月30日挂牌以来,以制度创新为核心,以可复制可推广为基本要求,重点在政府职能转变、投资便利化、贸易自由化、沿边金融创新、探索沿边经济社会发展新模式、建设面向南亚东南亚辐射中心等领域先行先试。141项改革试点任务全面实施,累计上报经验案例114条,并通过专题新闻发布会向公众发布创新案例50个,包括商事确认、先建后验、跨境淘电、绿电凭证、一户百币、跨境职教、生态铁路、国企出海等新经验、新做法。强化与中老磨憨—磨丁经济合作区联动,打造中老命运共同体合作新载体;辖区东南亚跨境人才服务平台模式向省外复制推广,沿边跨境特色制度创新“溢出”效应日渐凸显。昆明片区正在通过一系列制度创新,让开放优势逐步转换为建设硕果。

据介绍,接下来,昆明片区将以南向开放为核心抓手,围绕中老铁路双向通车、RCEP落地生效等重大机遇,积极践行自贸试验区“为国家试制度、为地方谋发展”的历史使命。全面提升要素型开放水平,加速构建开放型经济体系,深度对接RCEP高水平国际经贸规则,充分服务和融入国家南向开放战略,实现与南亚东南亚国家道路联通、贸易融通、文化互通、民心相通,以制度创新助力南向开放新通道建设。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်