လမုန့်ပွဲတော် ပိတ်ရက်ကာလတွင် ယူနန်ပြည်နယ်သို့ ခရီးသွားချင်သည့် လူများ မလျော့

2022-09-09 15:54|ရောင်စုံတိမ်တံတား

(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်လမုန့်ပွဲတော် ပိတ်ရက်ကာလသည် ကျရောက်တော့မည်။ အခုရက်များတွင် Trip.com Group သည် ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ လမုန့်ပွဲတော် ပိတ်ရက်ကာလသည် ယခုနှစ်အတွင်း ခရီးသွားစျေးကွက် ပြန်လည်ကောင်းမွန်လာရန် အကောင်းဆုံးသော ပိတ်ရက်ကာလ ဖြစ်လာနိုင်မည်ဟု မျှော်လင့်ပါသည်ဟု သိရပါသည်။

သြဂုတ်လ ၃၀ ရက်နေ့အထိ တစ်နိုင်ငံလုံးရှိ လမုန့်ပွဲတော် ပိတ်ရက်ကာလ၏ ခရီးသွားလာရေး အော်ဒါအမှာစာများသည် ကောက်ညင်းထုတ်ပွဲတော် ပိတ်ရက်ကာလထက် ၁၃၇ ရာခိုင်နှုန်း တိုးလာ၍ ၄င်းအနက် ယူနန်ပြည်နယ်မှ လမုန့်ပွဲတော် ပိတ်ရက်ကာလ၏ ခရီးသွားလာရေး အော်ဒါအမှာစာများသည် ၁၄၄ ရာခိုင်နှုန်း တိုးလာ၍ ခရီးဝေးခရီးသွားလာရေး ၉၀ ရာခိုင်နှုန်းနှင့် ခရီးတိုခရီးသွားလာရေး ၆ ရာခိုင်နှုန်း ရှိပါသည်ဟု Trip.com Group ၏ အချက်အလက်များအရ သိရပါသည်။

ရှန်ဟိုင်း၊ ယူနန်၊ ကွမ်တုံ၊ ပီကင်း၊ ကျန်းစူး၊ ကျဲ့ကျန်း၊ စီချွမ်၊ ဟူနန်၊ စန်းတုံး၊ ဟူပေတို့သည် ယူနန်ပြည်နယ်၏ ခရီးသည်အရင်းအမြစ် အများဆုံးသော ပြည်နယ် ၁၀ ခု ဖြစ်ပါသည်။ တရုတ်သိပ္ပံပညာတံခွန်အသင်း ဆစ်ဆောင်ပန်းနား အပူပိုင်းဒေသရုက္ခဥယျာဉ်၊ လစ်ကျန်းရှေးဟောင်းမြို့၊ ဆစ်ဆောင်ပန်းနား မန်ထျင်းဥယျာဉ်၊ ဆစ်ဆောင်ပန်းနား တောဆင်ချိုင့်ဝှမ်း၊ လစ်ကျန်း ယိလုံဆီးနှင်းတောင်၊ ဆစ်ဆောင်ပန်းနား တိုင်လူမျိုးနေ သဘာဝကျေးရွာအုပ်စု၊ လစ်ကျန်းလူကူးဟူရေကန်၊ စီလင်ချမ်ဟူရေကန်၊ ကူမင်း ဟင်လုံထန်ရေကန်ဥယျာဉ်၊ တာ့လီ ချောင်းစန်းတောင်တို့သည် ယူနန်ပြည်နယ်ရှိ လူကြိုက်များဆုံးသော ရှုခင်းသာရပ်ကွက် ၁၀ ခု ဖြစ်ပါသည်။

昆明信息港综合整理 中秋假期将至。携程日前发布的数据显示,中秋假期有望成为今年以来旅游市场复苏表现最好的小长假。

携程数据显示,截至8月30日,全国中秋假期旅游订单相比端午假期增长137%,其中云南中秋假期旅游订单相比端午假期增长144%,其中长途游占比达90%、周边游占比6%。

上海、云南、广东、北京、江苏、浙江、四川、湖南、山东、湖北居云南热门客源省份前十。中科院西双版纳热带植物园、丽江古城、西双版纳曼听公园、西双版纳野象谷、丽江玉龙雪山、西双版纳傣族园、丽江泸沽湖、石林长湖、昆明黑龙潭公园、大理苍山是云南十大热门景区。

အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း

1CNY=

214.73MMK

1 ယွမ်=214.73ကျပ်