တရုတ်-လာအို ရထားလမ်းသည် ယူနန်ပြည်နယ်အတွက် ပြည်ပတံခါးဖွင့် အင်ဂျင်စက်သစ်ဖြစ်လာ
2022-08-29 16:09|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) "ယူနန်ပြည်နယ့် ဤဆယ်စုနှစ်" နှင့်ပတ်သက်သော သတင်းရှင်းလင်းပွဲများမှ တောင်အာရှ အရှေ့တောင်အာရှ မျက်နှာမူဖြာထွက်သည့် စင်တာတည်ဆောက်ရေး သီးခြားသတင်းရှင်းလင်းပွဲကို သြဂုတ်လ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ပါသည်။ သတင်းရှင်းလင်းပွဲအရ တရုတ်-လာအို ရထားလမ်း၏ ခရီးသည်များနှင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရေးစလုံးသည် အလွန်များပြား၍ သြဂုတ်လ ၂ ရက်နေ့အထိ ခရီးသည် အယောက် ၅၅၄ သောင်း၊ ကုန်ပစ္စည်း တန်ချိန် ၆ သန်းကို စုစုပေါင်း သယ်ယူပို့ဆောင်ခဲ့ပါကြောင်း၊ ထိုင်း၊ မြန်မာ၊ လာအို၊ မလေးရှား၊ ကမ္ဘောဒီးယား စသည့် နိုင်ငံနှင့်ဒေသများကို ဖုံးလွှမ်းထား၍ ယူနန်ပြည်နယ်သည် တောင်အာရှ အရှေ့တောင်အာရှ မျက်နှာမူဖြာထွက်သည့် စင်တာကို တည်ဆောက်မှုများ၌ အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်ခဲ့ပါကြောင်း သိရှိရခဲ့ပါသည်။
တရုတ်-လာအို ရထားလမ်းမှာ တရုတ် လာအို နှစ်နိုင်ငံတို့ အကျိုးတူပူးပေါင်းဆောင်ရွက်မှု၏ အထင်ကရ စီမံကိန်းဖြစ်သလို "ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်"ကို အတူတူတည်ဆောက်ရေး၏ ပြယုဂ်စီမံကိန်းလည်း ဖြစ်ပါသည်။ တရုတ်-လာအို ရထားလမ်း ဖွင့်လှစ်ခြင်းသည် တရုတ်-အင်ဒိုချိုင်းနားကျွန်းဆွယ် စီးပွားရေးစင်္ကြံနှင့် အာရှဖြတ်ကျော်ရထားလမ်းအလယ် တည်ဆောက်ရေးလုပ်ငန်းထဲမှ အရေးကြီးသော အောင်မြင်မှုတစ်ခု ဖြစ်ပါသည်။ ၂၀၂၂ ခုနှစ်ဆန်းတွင် ထုတ်ပြန်ခဲ့သည့် တရုတ်-လာအိုရထားလမ်းနှင့် ပတ်သက်သည့် လုပ်ဆောင်မှုများ စီမံကိန်းအရ ယူနန်ပြည်နယ်မှာ ၃ နှစ်အတွင်း တရုတ်-လာအိုရထားလမ်းတစ်လျှောက် အထူးရထားလမ်းနှင့် ဘူတာရုံ၊ ဆိပ်ကမ်း အခြေခံအဆောက်အအုံများ၊ အကောက်ခွန်ရှင်းလင်းရန် စစ်ဆေးရေးအဆောက်အအုံများ စသည့် စီမံကိန်းများကို တည်ဆောက်၍ ခရီးသည်နှင့် ကုန်စည် သယ်ယူပို့ဆောင်ရေး စွမ်းရည်သည် သုံးလေးငါးဆ တိုးပွားစေမည်၊ ရထားလမ်းတစ်လျှောက် ကုန်စည်စီးဆင်းရေး အချက်အချာကို အပြည့်အစုံ တည်ဆောက်သွားမည် ဖြစ်၍ လမ်းတစ်လျှောက် နယ်စပ်ဖြတ်ကျော် စိုက်ပျိုးရေး၊ နယ်စပ်ဖြတ်ကျော် ကုန်စည်စီးဆင်းရေးနှင့် နယ်စပ်ဖြတ်ကျော် ခရီးသွားလုပ်ငန်းကို ပိုမိုလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်၍ ပွင့်ဖူးသည့် ပလက်ဖောင်းအမျိုးမျိုးသည် မြိုင်မြိုင်ဆိုင်ဆိုင် ဖွံ့ဖြိုးတိုးတက်စေမည်။
ထို့ပြင်၊ ယူနန်ပြည်နယ်မှာ တရုတ်-လာအို ရထားလမ်းမှ တောင်ပိုင်းတွင် ထိုင်းနိုင်ငံသို့အထိ ဆက်တိုက်ဖြစ်စေသည့် လမ်းထောက် တည်ဆောက်ရေးဖြစ်စဉ်ကို ပိုမိုလျင်မြန်စွာ ဆောင်ရွက်နိုင်ရန် နိုင်ငံတော်အဆင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်၊ ယူနန်-လာအို၊ ယူနန်-ထိုင်း၊ လန်ချာ-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု၊ GMS စသည့် နှစ်ဦးနှစ်ဖက် အချင်းချင်း ပူးပေါင်းဆောင်ရွက်မှုစနစ် ပလက်ဖောင်းများကို မှီခိုပြီး ပြည်တွင်းပြည်ပ ပေါင်းစပ်ညှိနှိုင်းရေးနှင့် အပြန်အလှန် ဖွင့်လှစ်ခြင်းတို့ကို လိုက်နာ၍ တရုတ်-လာအို ရထားလမ်းနှင့် ထိုင်းရထားလမ်းတို့ ချိတ်ဆက်ခြင်းကို အရေးကြီးသည့်အချက် အဖြစ် တရုတ်-ထိုင်း ရထားလမ်း တည်ဆောက်ရေးကို ရှေ့သို့တွန်းတင်ရန်အတွက် နိုင်ငံတော်နှင့် ပူးပေါင်းဆောင်ရွက်သွား၍ တရုတ်-လာအို-ထိုင်း အပြည်ပြည်ဆိုင်ရာ ရထားလမ်းကို အမြန်ဆုံး အဆင်ပြေ ချောမွေ့လွယ်ကူလာစေမည်။
ယူနန်ပြည်နယ်မှာ တရုတ်-လာအို ရထားလမ်းကို RCEP နက်ရှိုင်းစွာ ပါဝင်ရန် အရေးပါသော အထောက်အပံ့အဖြစ် တည်ဆောက်သွားမည်ဖြစ်၍ အရည်အချင်း ပိုမိုမြင့်မားသော တံခါးဖွင့် စီးပွားရေးစနစ်သစ်ကို ဖန်တီးရန် ကူညီ၍ ဒေသတွင်း အရင်းအမြစ်များနှင့် စျေးကွက်များကို တူးဖော်ခြင်းနှင့် အသုံးပြုခြင်းတို့ကို တိုးမြင့်၍ ကြီးမားသော ပေါက်ရောက်ရာလမ်းများကို ကြိုးပမ်း တည်ဆောက်ခြင်း၊ ကြီးမားသော ကုန်စည်စီးဆင်းမှုများကို ကြိုးပမ်း ပြုစုပျိုးထောင်ခြင်း၊ ကြီးမားသော ကုန်သွယ်ရေးများကို ကြိုးပမ်း တွန်းအားပေးခြင်း၊ ကြီးမားသော လုပ်ငန်းများကို ကြိုးပမ်း ဖွံ့ဖြိုးတိုးတက်စေ၍ အရပ်သူအရပ်သားများ အတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီး၍ ဒေသဆိုင်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အရွေ့စွမ်းအင်သစ် ထည့်သွင်းမည်။
昆明信息港综合整理 8月15日上午,“云南这十年”系列新闻发布会建设面向南亚东南亚辐射中心专场举行。据发布会介绍,中老铁路运营“客货两旺”,截至8月2日,累计发送旅客554万人次、发送货物600万吨,覆盖泰国、缅甸、老挝、马来西亚、柬埔寨等国家和地区,在云南省面向南亚东南亚辐射中心建设中发挥重要作用。
中老铁路是中老两国互利合作的旗舰项目和高质量共建“一带一路”的标志性工程。中老铁路的开通标志着中国—中南半岛经济走廊和泛亚铁路中线建设的重大突破。根据2022年初印发的相关行动计划,云南将用3年的时间,建成一批中老铁路沿线铁路专用线及场站、口岸基础设施、通关查验设施等项目,客货运输能力实现倍增;全面建成沿线物流枢纽,沿线跨境农业、跨境物流、跨境旅游等加快发展,各类开放平台蓬勃发展。
同时,云南省积极争取国家层面加快推进中老铁路南延泰国段建设进程,依托滇老、滇泰、澜湄合作、GMS等多双边合作机制平台,坚持内外统筹、双向开放,将中老铁路与泰国铁路接驳作为重点,配合国家有序推进中泰铁路建设,尽快畅通中老泰国际铁路通道。
云南省将把中老铁路打造为深度参与《区域全面经济伙伴关系协定》的重要支撑,助力打造更高水平的开放型经济新体制,促进区域间资源和市场的开发和利用,积极建设大通道、培育大物流、带动大贸易、发展大产业,为居民创造就业机会,为区域经济发展注入新动能。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ၁၇ ကြိမ်မြောက် တရုတ် ကူမင်း နှစ်သစ်ကူးကုန်စည်ပြပွဲကို ကျင်းပနေ
- ယူနန်ပြည်နယ် တာ့လီမြို့တွင် ပထမဆုံး နိုင်ငံတကာ တိုက်ရိုက်လေကြောင်းလိုင်းကို ဖွင့်လှစ်
- ယူနန်ပြည်နယ်မှ ပြည်သူများသည် ကျီးဇူစန်းတောင်သို့ အခမဲ့ လည်ပတ်ကြည့်ရှုနိုင်
- Lucky Air သည် ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကူမင်း-ဗီယင်ကျန်း နိုင်ငံတကာ လေကြောင်းလိုင်းသစ်ကို စတင်ဖွင့်လှစ်
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု
- တရုတ်-လာအို ရထားလမ်းကို မှီခိုပြီး မိုဟန်မြို့နယ်သည် ဖွံ့ဖြိုးတိုးတက်မှုရလဒ်များ ရရှိ