ဤနှစ် မူဆွေဟွာ တောမှိုရောင်းဝယ်ရေးစျေးကွက်၏ အရောင်းပမာဏသည် အယွမ် ၈ ဘီလီယံ ကျော်လွန်မည်ဟု ခန့်မှန်း
2022-08-22 14:59|
(ရောင်စုံတိမ်တံတား၊ လဲ့ရွှေရည်) ဤနှစ် တောမှို၏ အထွက်သည် လျော့ကျသော်လည်း အဖိုးသည် ယေဘုယျအားဖြင့် ပြီးခဲ့သည့်နှစ်ထက် ၄၀ ရာခိုင်နှုန်းခန့် မြင့်တက်၍ အရောင်းပမာဏသည် အယွမ် ၈ ဘီလီယံ ကျော်လွန်မည်ဟု ခန့်မှန်းသည်ဖြစ်ကြောင်း သတင်းထောက်သည် သြဂုတ်လ ၁၅ ရက်နေ့တွင် ယူနန်ပြည်နယ် မူဆွေဟွာ တောမှိုရောင်းဝယ်ရေးစင်တာမှ သိခဲ့ရပါသည်။
အခုနှစ်များတွင် တောမှိုသည် လူအများအပြား ဆွဲဆောင်၍ WeChat Moments၊ Douyin(TikTok ၏ တရုတ်ဗားရှင်း)တို့၏ အဓိကအကြောင်းအရာတစ်ခု ဖြစ်လာပါသည်။ နှစ်စဉ်နှစ်တိုင်း တောမှိုများကို စျေးတွင် ရောင်းချရာတွင် ဒေသခံမြို့သူမြို့သားများအပြင် အခြားဒေသမှ ခရီးသည်များသည် မူဆွေဟွာ တောမှိုရောင်းဝယ်ရေးစျေးကွက်၏ ထင်ရှားကျော်ကြားမှုကို အားကျမိသောကြောင့် တောမှိုဝယ်ယူပြီး လာရောက်လည်ပတ်၍ ဤနေရာသည် ဂုဏ်နှင့်ဒြပ်ကိုက်ညီသော ခရီးသွားများသည့်နေရာ ဖြစ်လာပါပြီ။
ဆောင်းကူးရာသီ ရောက်စပြီးနောက် မိုးရေ အပြည့်အဝရှိပြီး စျေးတွင်ရောင်းသည့် တောမှိုသည် များလာသောကြောင့် ဇူလိုင်လ တတိယဆယ်ရက်ပိုင်း နှင့်ယှဉ်ပြိုင်လျှင် စျေးနှုန်းသည် စတင်ကျဆင်းလာပါသည်။ အခု မူဆွေဟွာ တောမှိုရောင်းဝယ်ရေးစျေးကွက်၌ Boletus တစ်ကီလိုဂရမ်လျှင် ယွမ် ၁၀၀ မှ ယွမ် ၁၆၀၊ Russula virescens တစ်ကီလိုဂရမ်လျှင် ယွမ် ၈၀ မှ ယွမ် ၁၈၀၊ Boletus luridus တစ်ကီလိုဂရမ်လျှင် ယွမ် ၁၂၀ မှ ယွမ် ၂၆၀၊ Collybia albuminosa တစ်ကီလိုဂရမ်လျှင် ယွမ် ၂၀၀ မှ ယွမ် ၄၀၀၊ Thelephora ganbajun Zang တစ်ကီလိုဂရမ်လျှင် ယွမ် ၂၀၀ မှ ယွမ် ၅၀၀၊ Truffle တစ်ကီလိုဂရမ်လျှင် ယွမ် ၃၀၀ မှ ယွမ် ၅၀၀၊ Tricholoma matsutake (S. Ito & S. Imai) Singer တစ်ကီလိုဂရမ်လျှင် ယွမ် ၄၀၀ မှ ယွမ် ၁,၂၀၀ ဖြင့် ရောင်းနေပါသည်။ ဇူလိုင်လ တတိယဆယ်ရက်ပိုင်း နှင့်ယှဉ်ပြိုင်လျှင် တောမှို၏ စျေးနှုန်းသည် ၁၀ ရာခိုင်နှုန်းခန့် ကျဆင်းလာပါသည်။
မူဆွေဟွာ တောမှိုရောင်းဝယ်ရေးစျေးကွက်သည် တရုတ်ပြည်တွင်း အကြီးဆုံးသော တောမှိုရောင်းဝယ်ရေးစျေးကွက် ဖြစ်ပါသည်။ သြဂုတ်လသည် တောမှိုရောင်းဝယ်ရေး များပြားသော ရာသီချိန်ဖြစ်နေ၍ ဤစျေးကွက်သည် တစ်ရက် ၂၄ နာရီကြာ ဖွင့်လှစ်ပါသည်။ မူဆွေဟွာ တောမှိုရောင်းဝယ်ရေးစျေးကွက်မှာ ၂၀၀၅ ခုနှစ်မှ စတင်ဖွင့်လှစ်၍ ယူနန်ပြည်နယ် ပြည်နယ်ခွဲနှင့် မြို့အသီးသီးမှ ကုန်သည်များအပြင် ကွေ့ကျူး၊ ဟူနန်၊ ဟူပေ၊ စန်းရှီး၊ ဟင်လုံကျန် စသည့်နေရာများမှ တောမှိုကုန်သည်များကိုလည်း ဤနေရာသို့ အရောင်းအဝယ်ပြုရန် ဆွဲဆောင်လာပါသည်ဟု မူဆွေဟွာ တောမှိုရောင်းဝယ်ရေးစင်တာ၏ စျေးကွက်အဖွဲ့ တာဝန်ခံ ဇိုင်ဇန့်စီက မိတ်ဆက်ပြောဆိုခဲ့ပါသည်။
နှစ်စဉ်နှစ်တိုင်း ဧပြီလမှ နိုဝင်ဘာလအထိ တောမှို အမျိုး ၂၆၀ ကျော်ကို မူဆွေဟွာ တောမှိုရောင်းဝယ်ရေးစျေးကွက်တွင် ရှေ့စဉ်နောက်ဆက် စတင်ရောင်းချ၍ နေ့စဉ် ပျမ်းမျှအရောင်းပမာဏ တန်ချိန် ၃၈၀ ကျော်ရှိပြီး အများဆုံးသော အချိန်တွင် တစ်ရက် တန် ၅၀၀ ကျော် ရောင်းနိုင်ပါသည်။ တောမှိုဆွတ်ခူးခြင်း၊ ဝယ်ယူခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ရောင်းချခြင်း စသည့်လုပ်ငန်းစဉ်တွင် ဤဈေးကွက်သည် တစ်နှစ်လျှင် လူအယောက် ၂၃ သောင်း အလုပ်ရရန် တိုက်ရိုက်စေ၍ လူအယောက် ၄ သန်း အလုပ်ရရန် သွယ်ဝိုက်စေနိုင်ပါသည်။
ထို့ပြင်၊ အစားအစာ လုံးခြုံရေး နှင့်ပတ်သက်၍ မူဆွေဟွာ တောမှိုရောင်းဝယ်ရေးစျေးကွက်မှာ စားသုံးသူများသည် တောမှိုများကို ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်စေရန်အတွက် နိုင်ငံအတွင်း လှည့်လည်စစ်ဆေးခြင်း စနစ်ကိုလည်း ဖန်တီးခဲ့ပါသည်။
昆明信息港综合整理 8月15日,记者从云南木水花野生菌交易中心获悉,虽然今年野生菌减产,但价格总体比去年高出40%左右,今年市场销售额预计达80亿元以上。
近年来,野生菌圈粉无数,成为微信朋友圈、抖音的主角之一。每年野生菌上市期间,除本地市民外,很多外地游客慕名到木水花野生菌交易市场购菌、打卡,这里成了名副其实的网红地。
立秋后,雨水充足,野生菌上市量有所增加,与7月下旬相比,野生菌价格开始回落。目前,在木水花野生菌交易市场,牛肝菌卖100元/千克至160元/千克,青头菌卖80元/千克至180元/千克,见手青卖120元/千克至260元/千克,鸡枞菌卖200元/千克至400元/千克,干巴菌卖200元/千克至500元/千克,松露卖300元/千克至500元/千克,松茸卖400元/千克至1200元/千克。与7月下旬相比,野生菌价格下降了10%左右。
木水花野生菌交易市场是国内最大的野生菌交易市场。8月正值野生菌交易的旺季,该市场24小时营业。云南木水花野生菌交易中心市场部主管翟占世介绍,木水花野生菌交易市场自2005年开始运行,除了云南各州市的商家,还吸引了贵州、湖南、湖北、山西、黑龙江等地的野生菌商家到此交易。
每年4月至11月,木水花野生菌交易市场陆续有260余种野生菌上市销售,日均销量380余吨,高峰时1天能卖500余吨。在野生菌采摘、收购、运输、销售等环节,该市场每年可直接带动23万人就业,间接带动约400万人就业。
据介绍,在食品安全环节,木水花野生菌交易市场还在全国首创了巡查机制,确保消费者放心购买野生菌。
အယ်ဒီတာ: မျိုးသူဇာကြော့ တာဝန်ခံအယ်ဒီတာ: Xu Ting
- ခေါင်းနီစင်ရော်များသည် နွေရာသီအမွေးကို ပြောင်းလဲဝတ်ဆင်ထား၍ စတင်ပြန်သွားနေကြ
- ကမ္ဘာ့ ပထမဆုံး မြင်ကွင်းကျယ် တောတောင် ရှုခင်းကြည့်ရထားသည် လိကျန်းမြို့တွင် စတင်ပြေးဆွဲ
- ကမ္ဘာ့"ရှန်ဂရီလာ"မှ ပန်းခရီးစဉ် နွေဦးပန်းပြပွဲကို ကျင်းပနေ
- ကူမင်းမြို့ ဘတ်စ်ကားကုမ္ပဏီသည် နွေဦးရာသီခရီးစဉ်အတွက် ဘတ်စ်ကားလိုင်း ၂၆ လိုင်းကို စတင်ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- ကူမင်းမြို့ ကျင့်နင်ရပ်ကွက်တွင် Truffle ကို စိုက်ပျိုးခြင်းဖြင့် ဝင်ငွေတိုးပွားစေ
- အရှေ့တောင်အာရှ ကုန်ပစ္စည်းကလေးများသည် ကူမင်းမြို့ရှိ "နှစ်သစ်ကူးကုန်စည်ပြပွဲ"တွင် ရေပန်းစားနေ
- "ရထားလမ်း ဖွင့်လှစ်တာနဲ့အမျှ အားလုံး အရှိန်တိုးလာနေတယ်" ဟု ဟွန်ကျွင့်ကျယ်က ပြောဆိုခဲ့
- တရုတ်-လာအို ရထားလမ်းနှင့် မိုဟန်ဆိပ်ကမ်းတို့သည် ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု