ကူမင်းအပြည်ပြည်ဆိုင်ရာ ရထားလမ်း အကောက်ခွန် ကြီးကြပ်မှုလုပ်ငန်းခွင်၏ အစမ်းလည်ပတ်မှု စတင်
2022-07-29 17:52|
(ရောင်စုံတိမ်တံတား၊ ကိုကိုမောင်) ကူမင်း အပြည်ပြည်ဆိုင်ရား ရထားလမ်း အကောက်ခွန် ကြီးကြပ်မှုလုပ်ငန်းခွင်၏ အစမ်းလည်ပတ်မှုကို ဇွန်လ ၃၀ ရက်၌ စတင်လုပ်ကိုင်ခဲ့ပြီး ဇူလိုင် ၁၀ ရက်အထိ ၁၁ ရက်အတွင်း တင်ပို့သည့် ကုန်ပစ္စည်း ပမာဏသည် ယွမ် ၁၈၉ သန်း ရှိလာခဲ့သည်။
ကူမင်း အပြည်ပြည်ဆိုင်ရား ရထားလမ်း အကောက်ခွန် ကြီးကြပ်မှုလုပ်ငန်းခွင်သည် တရုတ်မီးရထား ယူနိုက်တက် နိုင်ငံတကာ ကွန်တိန်နာ ကုမ္ပဏီလီမိတက် ကူမင်းဗဟိုမှတ်တိုင်အတွင်း ရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ယွမ် ၂၀၆ သန်းဖြင့် တည်ဆောက်မှု အဆင့်နှစ်ဆင့် ပြီးစီး၍ သာမန်နိုင်ငံတကာ ကုန်စည်များအတွက် ဆိုက်ရောက်အကောက်ခွန် ကြေငြာခြင်းနှင့် ဆိုက်ရောက်အကောက်ခွန် ရှင်းလင်းခြင်းတို့ကို လက်ခံနိုင်သည်။ စမ်းသပ်လည်ပတ်ပြီးကတည်းက လုပ်ငန်းအမျိုးမျိုးကို ချောမွေ့စွာ ဆောင်ရွက်နိုင်ခဲ့ပါသည်။
စီမံကိန်းပထမအဆင့်ကို အကောက်ခွန် ဦးစီးဌာနသည် ယခုနှစ် ဇွန်လ ၂၈ ရက်နေ့တွင် စစ်ဆေးလက်ခံခဲ့ပြီး အစမ်းလည်ပတ်မှုအား ဇွန်လ ၃၀ ရက်နေ့တွင် စတင်ခဲ့ပြီး သာမန်နိုင်ငံတကာ ကုန်စည်များကို မူလနေရာတွင် အကောက်ရုံးထံသို့ သတင်းပို့ခြင်းနှင့် ဆိုက်ရောက်အကောက်ခွန် ရှင်းလင်းခြင်းကို အကောင်အထည်ဖော်ပြီး စီမံကိန်း၏ ပထမအဆင့်တစ်ခုလုံး၏ တည်ဆောက်ချိန်သည် ရက်ပေါင်း ၁၂၀ သာ ဖြစ်ပါသည်။ ဇူလိုင်လ ၁၀ ရက်နေ့အထိ ကုန်စည်စီးဆင်းမှု ကြီးကြပ်ရေး လုပ်ငန်းခွင်သို့ ရောက်ရှိပြီး ဆိုက်ရောက် အစီရင်ခံစာ ၆၂၂ စောင်နှင့် အကောက်ခွန် ကြေငြာချက် ပုံစံ ၆၂၂ ကို ပြင်ဆင်ထားပြီး တင်ပို့သည့် ကုန်ပစ္စည်းမှာ ၂၈၅၆ တန် ရှိ၍ ယွမ် ၁၈၉ သန်း ရှိပါသည်။
အယ်ဒီတာ: ခင်ခင် တာဝန်ခံအယ်ဒီတာ: Xu Ting
- တျန်းချီရေကန်ဘေးမှ ကော်ဖီရနံ့သည် ကမ္ဘာတစ်ဝှမ်းသို့ ပျံ့နှံ့ခြင်း၊ ယူနန်ကော်ဖီကို သိရှိခံစားရန် ကူမင်းမြို့သည် ကမ္ဘာအား ဖိတ်ခေါ်
- China Southern Airlines သည် တာ့လီ-ချန်ရှား-တာ့လျန် လေကြောင်းလိုင်းသစ်ကို ဖွင့်လှစ်ခဲ့
- မာလူထန် အထူးတံတားကြီး ချိတ်ဆက်လိုက်ပြီဖြစ်ရာ ထျန်းပေါင်-မာလီပို အမြန်လမ်းမကြီး၏ အဓိကလမ်းကြောင်း ပြီးစီး
- ကူမင်း ချန်ချုံတောင်တွင် ကြိုပို့ရန်တက္ကစီများ ရှိနေပြီ ဖြစ်၍ ၂၄ နာရီ စဉ်ဆက်မပြတ် ပြေးဆွဲ
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း
1CNY=
214.73MMK
1 ယွမ်=214.73ကျပ်
- တရုတ်-လာအိုရထားလမ်း နယ်စပ်ဖြတ်ကျော် ခရီးသည် ပို့ဆောင်မှု ယခင်နှစ်ကာလတူထက် ၅၀ ရာခိုင်နှုန်းကျော် တိုးလာ
- တရုတ်-လာအို ရထားလမ်း၏ ယခုနှစ် ပထမ ၇ လအတွင်း ပို့ကုန်သွင်းကုန် ကုန်စည်တန်ဖိုး ယွမ် ဘီလီယံ ၂၀ ကျော် ရှိလာ
- တရုတ်-လာအို ရထားလမ်းမှ ပို့ဆောင်သည့် ကုန်စည်အမျိုးအစား ၃,၉၀၀ ကျော်အထိရှိလာ
- ကူမင်း-ရန်ကုန် ကုန်တင်လေယာဉ်လမ်းကြောင်းကို တရားဝင် ပြန်လည်စတင်ပျံသန်း








